|
"ပြည်ပရောက်
မြန်မာ့အရေး လှုပ်ရှားနေကြသူတွေအနေနဲ့ ပြည်ပတွင် အခမ်းအနားတွေ
ကျင်းပနေရုံနဲ့ မပြီးသေးဘဲနဲ့ ပြည်တွင်းက ပြောင်းလဲမှုတွေ အားကောင်းလာအောင်
ဘာလုပ်ပေးနိုင်မလဲဆိုတာကို လက်တွေ့ကျကျ ကြည့်ချင်ပါတယ်" ၂၃ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး နေ့ မင်းကိုနိုင်
မင်းကိုနိုင်
(ပေါ်ဦး)လဲ သိသွားပြီ ဒါလဲအထဲကလူတွေ သိသင့်သိထိုက်တဲ့အရာပါပဲ။ ပြည်ပရောက်
အခြားသောသူတို့တွေက အယ်ဒီလို ရာသီချိန် နိင်ငံရေး အခမ်းအနားတွေ
ကျင်းပနေရုံနဲ့ တာဝန်ပြီလို့ယူဆ ခံယူထားတဲ့သူတွေဟာ ပြည်ပမှာ ၉၉ %
ရှိနေတာပါ။
NLD
ပွဲဆို ကချင်ပုဆိုးနဲ ပင်နီတိုက်ပုံတွေဝတ် နိင်ငံရေးသမားပုံစံဖမ်းပြီ
သူပဲတိုင်းပြည်ကို ပြောင်းလဲနိင်သလို လေသံပေးလိုပေးသလိုလူမျိုး၊
ဒေါ်စုမွေးနေ့ကျတော့ ဒေါ်စုပုံပါတဲ့ ရင်တိုးကိုဝတ်
နိင်ငံရေးသမားပုံစံဖမ်းပြီ သူပဲတိုင်းပြည်ကို ပြောင်းလဲနိင်သလို
လေသံပေးလိုပေးသလိုလူမျိုး၊ တချို့ကျတော့
ပရောချက် (Projects) ရဖို့အတွက် သူပဲတိုင်းပြည်ကို ပြောင်းလဲနိင်သလို
လေသံပေးလိုပေးသလိုလူမျိုးများ၊ တချို့ကြတော့ နိင်ငံရေးခိုလုံခွင့်
ရဖို့အတွက် အခမ်းအနားတွေကို စုံစမ်းပြီ ငွေယူပြီ နိင်ငံရေးခိုလုံခွင့်
လုပ်ပေးသူများနှင့် ရောနှောကာ သူပဲတိုင်းပြည်ကို ပြောင်းလဲနိင်သလို
လေသံပေးလိုပေးသလိုလူမျိုး၊
ဥပမာ-
တနှစ်မှာ ၈လေးလုံးနှစ်ပတ်လည်ကို ဝါရှင်တန် ဒီစီမှာလုပ်တော့
ကျုပ်ကိုဦးဆောင်သူ တယောက်မှန်မသိပဲ ကျုပ်ကိုလာပြောတဲ့သူတယောက်ပြောတယ် သူက-
အကို နိင်ငံရေးခိုလုံခွင့်လျှောက်တာကြာပြီလား?
ဘယ်သူရှိ ဆီက ထောက်ခံစာတွေ ဝယ်ပြီးထားပြီလဲ?
တဆောင် ဘယ်လောက်ပေးရလဲ? ရ ရ မရရ သံရုံးကိုတော့ ပုံမှန်အခွံဆောင်ထားသင့်ကြောင်း
နောက်တယောက်က
မိုးသီးဇွန်ဆီက ထောက်ခံစာ လိုချင်ရင်သူက ကူညီနိုင်ကြောင်း US $ ၃၀၀ နဲ့
၅၀၀ ပေါက်ဈေးရှိကြောင်း၊ ယ္ခုလိုနေ့မှာ
ဓါတ်ပုံများများရိုက်ထားဖို့လိုကြောင်း၊ လူကြီးတယောက်နဲ့
ဓါတ်ပုံရိုက်ဖြစ်အောင် ရိုက်ဖို့လိုကြောင်း၊ ၈၈ ကလူတွေကို
ပိုက်ဆံယူတဲ့သူကို ပိုက်ဆံပေးပြီ အရက်ကြိုက်သူကို အရက်တိုက်ပြီး
ထောက်ခံစာယူခါ မိမိနိင်ငံရေးခိုလုံခွင့်ရပြီရင် ဆက်ဆံစရာ
မလိုအပ်တော့ကြောင်း။ (သင့်တော်သည်အချိန်မှာ နံမည်နှင့်တကွဖေါ်ပြသွားပါမည်)။
ကျုပ်တို့က
ယုံကြည်ချက်ကြောင့် တိုင်းပြည်အတွက့် ပါဝင်ဆောင်ရွက်မူ့တွေရယ်၊
ကျုပ်ကိုအားကိုယ်နေရတဲ့ ကျုပ်မိသားစုကို တိုင်းပြည်အတွက်
စွန့်လွတ်ပစ်ခဲ့ရတာရယ် ထိုသို့သော ကျုပ်လို့ဘဝတူ ၈၈တွေကို အသက်ရှင်ရက်နဲ့
အစော်ကားခံရတာလဲ နှစ် ၂၀ ကျော်ခဲ့ပြီလေ။
"ထို့အပြင်
ပြည်ပတွင် အခမ်းအနားတွေ ကျင်းပနေရုံနဲ့ မပြီးသေးဘဲနဲ့ ပြည်တွင်းက
ပြောင်းလဲမှုတွေ အားကောင်းလာအောင် ဘာလုပ်ပေးနိုင်မလဲဆိုတာကို လက်တွေ့ကျကျ
ကြည့်ချင်ကြောင်း၊"
၂၃ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး နေ့ မင်းကိုနိုင်
ထိုသူတွေကို မစောင့်ပါနဲ မအားကိုယ်ပါနဲ သူတို့မှာ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလွဲနိင်တဲ့ အရည်ချင်းမရှိဘူး လေတော့ရှိတယ်။ မယုံရင်ထိုသူတွေနဲ့အလုပ်လုပ်ကြည့်ပါ ပြည်တွင်းက ညီအကိုတွေ အလိမ်မခံရစေလိုပါ။
နံမည်ရှိသူတွေဆိုရင်
နောက်ကနေ တကောက်ကောက် လိုက်သူ၊ ရုပ်ရှင်မင်းသမီး/သား အဆိုကျော်တွေနဲ့
ဓါတ်ရိုက်ပြီး ကိုယ့်ကိုဘယ်ကောင်မှန် မသိသူတွေကိုပြသပြီး အပျော်လုပ်၍
ဝတ်ကျေတမ်းကျေ နိင်ငံရေးလုပ်သူများဟာ ၉၉ % ဖြစ်နေတော့ ပြည်တွင်းက
ပြောင်းလဲမှုတွေ အားကောင်းလာအောင် ထိုသူတွေကို သူငယ်ချင်း ယုံလွယ်ပြီ
ထိုသူတွေကို မဖိတ်ခေါ်မိပါစေနဲ့၊ သူငယ်ချင်း ယုံလွယ်ပြီ ထိုသူတွေကို
အားကိုးမူ့မပြုလုပ်ပါစေနဲ့၊ သူငယ်ချင်း ယုံလွယ်ပြီ ထိုသူတွေကို
ငွေကြေးမတောင်းခံမိပါစေနဲ့။
မင်းကိုနိင်- သူငယ်ချင်း မင်းကိုလွတ်ဖို့ တစာစာ အော်ဘူးတဲ့သူတယောက်ရှိတယ် သူ
မိသားဝင်တွေ အမျိုးတွေစုံ ယောက်ဖပါမကျန် ဒီစီကိုရောက်ပြီရော
မင်းကိုနိင်နံမည်လဲ သူမိသားရဲ့ နေစဉ် စားသောက်ကုန် စရင်းက
ပြောက်သွားပါလေရောဗျာ။ ဒါဟာအမှန်နော် (သင့်တော်သည်အချိန်မှာ
နံမည်နှင့်တကွဖေါ်ပြသွားပါမည်)။
မင်းကိုနိင်-
သူငယ်ချင်းကိုအကြံပြုချင်တာက အနှစ် ၂၀ ကျော်သွားပြီ ယ္ခုအချိန်မှာ
နောက်ထပ်တဆင့်တက်ဖို့အတွက် အနာဂါတ်မှ ဖြစ်ပေါ်လာမဲ့ နိုင်ငံရေး
ရေလှိုင်းထဖို့ သူငယ်ချင်းတွေဆထားရင် တို့လူစစ်ရအုံးမယ်
မှန်ကန်စွာဦးဆောင်မူပေးသူတွေ ဖေါ်ထုပ်ရမယ် သူတို့တွေရဲ့
အကြံကိုနားထောင်ရမယ်။ ဒီတခါမှာ
ပြည်တွင်းလုပ်ရှားမူ အသက်ဝင် အားကောင်းဖို့အတွက် ဆိုရင်တော-့ သူတို့တွေကိုရှေ့တမ်းကနေ တာဝန်ယူခွင့်ပေးရမယ်
ကိုယ့် သူငယ်ချင်းဖြစ်ခဲ့လို့ ကို့်ယ့်အသိဖြစ်နေလို့ ကိုယ်နဲ့ပါတ်သက်ခဲ့လို ဆိုပြီ လူရွှေးလုပ်ကိုင်တာထက် တော်တတ် နားလည်း ကျွမ်းကျင်တဲ့သူတွေ ရှိမှ သူငယ်ချင်း လုပ်ချင်တာကို လုပ်ဖြစ်လာလိမ့်မည်။ အယ်ဒီလိုမှမဟုတ်ရင် ရေပေါ်ဆီ အချောင်သမား လုပ်စားတွေပါလာရင်တော့ ဒီတခါ ဒေါ်စု အစား မင်းအရောင်းစားခံရလိမ်မယ်။
ရွှေထီး(၈၈၈၈)
|
No comments:
Post a Comment