Sunday, March 11, 2012

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ ရောက်ရှိနေပြီး ယခုအချိန်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံလျက် ရှိနေသည်။ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌနှင့်လည်း ဆက်လက်တွေ့ဆုံမည်ဟု သိရပါသည်။
 
ဒေါ်အောင်ဆန်းစုကြည့်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့သည် ၄၅ မိနစ်ကြာ တွေ့ဆုံ စကားပြောမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုတွေ့ဆုံမှုနှင့် ပတ်သက်၍ မည်သည့် အကြောင်း အရာများ ပြောဆိုသည်ကို မသိရှိရသေးဘဲ နှစ်ဦးသီးသန့်အနေဖြင့်
တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုအချိန်၌ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံရန် ပြည်သူ့လွှတ်တော်သို့ သွားရောက်နေကြောင်း သိရပါသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် တွေ့ဆုံခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပနေခြင်းကို
မိနစ် ၃၀ ကြာ လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံရာ၌ နိုင်ငံနှင့် တိုင်းပြည် ကောင်းကျိုးအတွက် ဆွေးနွေးမှုများ
ပြုလုပ်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။

 
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ဟောပြောရန်အတွက် အသံသွင်း၊ ရိုက်ကူးရေး ပြုလုပ်ရန် နေပြည်တော်သို့ ရောက်ရှိချိန်၌ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။
 
 

No comments: