လောင်းကစားတယ်ဆိုတာ
ကောင်းတဲ့အလုပ်မဟုတ်ပါဘူး။ ဘာသာရေး ပေတံနဲ့တိုင်းတိုင်း၊ လူမှုရေး
ပေတံနဲ့ပဲတိုင်းတိုင်း ဒါမှမဟုတ် စာရိတ္တပေတံနဲ့ပဲတိုင်းတိုင်း လောင်းက
စားမှုဟာ မကောင်းပါဘူး။
လောင်းကစားလို့ စီးပွားပျက်
သွားကြသူတွေ၊ ဘဝပျက်သွားကြသူတွေ ဒီလောကမှာ ဒုနဲ့ဒေးပါပဲ။ ဒါပေမယ့်
လောင်းကစား ဝါသနာပါသူတွေ၊ လောင်းကစားနဲ့ ပျော်မွေ့ကြသူတွေကလဲ
အများအပြားရှိနေကြပါတယ်။ လောင်းကစားတာဟာ တိုင်းသူပြည်သားတွေရဲ့ စာရိတ္တကို
ပျက်ပြားစေနိုင်တဲ့အတွက် နိုင်ငံတိုင်လိုလိုမှာ ဥပဒေတွေ ပြဋ္ဌာန်းပြီး
လောင်းကစားမှုကို တားမြစ်ပိတ်ပင် ထားကြတယ်။
ဒါပေမယ့်လောင်းကစား လိုကြ သူတွေ
အများအပြားရှိလေတော့ ပေါ် ပေါ်ထင်ထင် ကစားလို့မရရင် ပုန်း
လျှိုးကွယ်လျှိုးကစားကြတယ်။ လောင်းကစားတဲ့ပုံစံတွေကလဲ အမျိုး မျိုးရှိတယ်။
တကယ်တော့ လောင်း ကစားတဲ့ အလေ့အထဟာ အခု ခေတ်မှာမှ ဘွားခနဲ ပေါ်ထွက်လာ တာ
မဟုတ်ပါဘူး။ ရှေးပဝေသဏီ ကစပြီး ရှိနေခဲ့တာပါ။
မိမိတိုင်းပြည်ကို
လောင်းကြေးတင်တဲ့ ဘုရင်
ဟိန္ဒူဘာသာဝင်တွေ အထွတ်
အမြတ်ထားကြတဲ့ မဟာဘာရတ - Mahabharata ဇာတ်တော်ကြီးမှာ တိုင်းပြည်ကိုရော
မိမိကိုယ်ကိုပါ လောင်းကြေးတင်ရုံမက ညီတော် တွေနဲ့ မိဖုရားကိုပါ လောင်းကြေး
ထပ်ခဲ့တဲ့ ဘုရင်တစ်ပါးအကြောင်း ဖော်ပြထားတာတွေ့ရတယ်။
မဟာဘာရတ ဇာတ်တော်ကြီး ကို
လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝဝဝ လောက်က ရေးသားခဲ့တယ်လို့ ယူဆ ကြတယ်။ ဒီ မဟာဘာရတ
ကဗျာ လင်္ကာမှာ အပိုဒ်ပေါင်း ၁ဝဝ၂၁၇ ပါရှိပြီး ခေါမခေတ် ကဗျာဆရာကြီး ဟိုးမား
-Homer ရေးသားခဲ့တဲ့ ဣလိ ယက်နဲ့ သြဒက်ဆီ ကဗျာလင်္ကာနှစ်ခု
ပေါင်းထားတာထက်တောင်ရှည်လျား တယ်လို့ ပညာရှင်တွေက ဆိုကြ တယ်။
အဲဒီဇာတ်တော်မှာ ဖော်ပြ ထားတဲ့ ဇာတ်လမ်းရဲ့ အကျဉ်းချုပ် ကဒီလိုပါ။
ယုဓိတ္တိရ -Yudhishthira ဘုရင် က
ဣန္ဒြပြတ္တမြို့တော်မှာ ထီးနန်းစိုး စံတယ်။ အလောင်းအစား ဝါသနာ ကြီးတယ်။
ဒီတော့ ထီးနန်းကို အချောင်လိုချင်တဲ့ ဝမ်းကွဲညီအစ်ကို တော်သူ
မင်းသားဒုယျောဓနကြေ<ွက အန်ကစားဖို့ ဖိတ်ခေါ်တယ်။ ဘုရင် ဆိုတာက
သူတို့ခေတ်မှာ စိန်ခေါ် ရင် မငြင်းပယ်ရဘူး။ ဝါသနာလဲ ပါ တော့
အတော်ဖြစ်သွားတာပေါ့လေ။
ဒုယျောဓနမင်းသားက အစီ အစဉ်ကို
ဖခမည်းတော်ဘုရင်ကြီး ဓရိတရဋ္ဌထံမှာ လျှောက်တင်တယ်။ ဘုရင်ကြီးကသားတော်ကို
လောင်း ကစားတာ မကောင်းဘူး။ မလုပ်နဲ့လို့ တားတယ်။ သားတော်က နားမ ထောင်ဘူး။
လောင်းကစားပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ယုဓိတ္တိရ ဘုရင်ဟာ လောင်း ကစားပွဲအတွက် ဟတ္တိနာပူရ မြို့ တော် ရောက်လာခဲ့တယ်။
''ကစားပွဲက တရားမျှတမှု ရှိရ မယ်နော်။ ကလိမ်ကကျစ်တွေ မလုပ် ရဘူး'' လို့ ယုဓိတ္တိရ ဘုရင်က တောင်းဆိုတယ်။
''ကစားပွဲကို အန်စာတုံးက အဆုံးအဖြတ်ပေးတာပါ။ ကြောက် ရင်လဲ မကစားနဲ့ပေါ့''လို့ ဒုယျော ဓနကပြန်ပြောတယ်။
ဒါနဲ့ကစားပွဲက စပါလေရော။
ယုဓိတ္တရ ဘုရင်က သူကိုယ်
တိုင်ကစားပေမယ့် ဒုယျောဓနမင်း သားက သူ့ကိုယ်စား ဦးရီးတော် သကုနီကို
ကစားခိုင်းတယ်။ သကုနီ က မှော်သွင်းထားတဲ့ အန်စာတုံးတွေ နဲ့ကစားတယ်။ ဒီတော့
ပွဲတိုင်း နိုင်တယ်။
ပထမတော့ ထီးနန်းချင်း
လောင်းကြေးထပ်ကြတယ်။ ယုဓိတ္တ ရ ဘုရင်ရှုံးတယ်။ တစ်ဘက်က ညီ တော်လေးပါးနဲ့
လောင်းကြေးထပ် မလား။ နိုင်ရင် ထီးနန်းပြန်ပေးမယ် လို့ လောင်းကြေးခေါ်တယ်။
ဘုရင် က သဘောတူတယ်။ ကစားတော့ ဘုရင်ယုဓိတ္တရ ရှုံးပြန်တယ်။ နောက် တော့ တစ်ဘက်က
ဘုရင်ကိုယ်တိုင် ကို လောင်းကြေးတင်မလားမေး တယ်။ ရှုံးရင် ကျွန်ခံရမယ်။
နိုင်လို့ ရှိရင် ထီးနန်းကိုရော ညီတော်တွေ ကိုပါ ပြန်ပေးမယ်လို့ လောင်းတယ်။
လောင်းကစားမက်တဲ့ ဘုရင်ကတော့ တစ်ပြားသားမှ မလျှော့ဘူး။ စိန်လိုက် လေတဲ့။
ဒီတစ်ခါလဲ ဘုရင်က ရှုံးပြန် ရော။
သူကိုယ်တိုင်လဲ ကျွန်ဘဝ ရောက်နေပြီ။ ဒါပေမယ့် တစ်ဘက် က စိန်ခေါ်ပြန်သေးတယ်။
မိဖုရား ကို လောင်းကြေးတင်မလားလို့ မေး တယ်။ ရှုံးရင်မိဖုရားက သူတို့ဆီ မှာ
ကျွန်ခံရမယ်။ ဘုရင်က နိုင်ခဲ့ရင် ထီး နန်းရော ညီတော်တွေရော ဘုရင်
ကိုယ်တိုင်ပါ ပြန်ပေးမယ်။ ဘုရင်က ဆက်လက်ပြီးမိဖုရားကိုပါ လောင်း
ကြေးထပ်ပြန်ရော။ ဒီတော့ ဘုရင်က နိုင်သလား။ မနိုင်ဘူး။ ရှုံးပြန်တယ်။
အခုတော့ ဘုရင် ယုဓိတ္တရမှာ
နောက်ထပ်လောင်းကြေးတင်စရာ မကျန်တော့ဘူး။ ထီးနန်းလဲပြုတ်ပြီ။
သူကိုယ်တိုင်ရော မိဖုရားနဲ့ ညီတော် တွေပါ အားလုံးကျွန်ဘဝ ရောက်ကုန် တယ်။
ဒါနဲ့ ဒီတစ်ကြိမ်မှာ ယုဓိတ္တရ
တို့ကံကောင်းသွားတယ်။ ယုဓိတ္တရ ဘုရင်ဟာ သူ့ကိုယ်သူတောင် မပိုင် တဲ့
ကျွန်ဘဝရောက်နေပြီဆိုတော့ မိဖုရားကို လောင်းကြေးတင်ခွင့် မရှိ ဘူးလို့
ဘုရင်ကြီး ဓရိတရဋ္ဌက အဆုံး အဖြတ်ပေးတော်မူပြီး လွှတ်ပေး လိုက်တယ်။ ပြီးတော့
ယုဓိတ္တရ ရဲ့ မိဖုရားကို ဘုရင်ကြီးက ဆုကြီးသုံးခု တောင်းစေတယ်။ မိဖုရားက
ယုဓိတ္တရနဲ့ ညီတော်တွေကို ကျွန်ဘ ဝမှ လွတ်ငြိမ်းခွင့်ပေးဖို့နဲ့ ထီးနန်းကို
ပါ ပြန်ပေးဖို့ ဆုကြီးတောင်းတယ်။ တောင်းတဲ့အတိုင်း ဘုရင်ကြီးက
ခွင့်ပြုတယ်။
ဓရိတရဋ္ဌ ဘုရင်ကြီးက အခု လို
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက် တာကို သားတော်ဒုယျောဓနမင်း သားက
မကျေနပ်ဘူး။ ယုဓိတ္တရရဲ့ ထီးနန်းသူ့လက်ထဲရောက်ပြီးမှ လက်
လွတ်ဆုံးရှုံးသွားရတယ်လို့ မြင် တယ်။ ဒါနဲ့ ဒုယျောဓနမင်းသားက
နောက်ထပ်တစ်ကြိမ် ယုဓိတ္တရ ဘုရင် ကို လောင်းကစားဖို့ ဖိတ်ခေါ်ပြန် တယ်။
နောင်တမရတဲ့ ယုဓိတ္တရ ဘုရင် က
သဘောတူတယ်။ ဒါနဲ့ နောက် ထပ်တစ်ကြိမ် လောင်းကစားကြပြန် ရော။
ဒီတစ်ခါလောင်းကြေးက ရှုံး တဲ့သူက ထီးနန်းစွန့်ပြီး တိုင်းပြည် က ၁၃ နှစ်တိတိ
ထွက်ခွာသွားရ မယ်။ နောက်ဆုံးနှစ်အထိ လူသူမသိ အောင် နေထိုင်ကြရမယ်။ တကယ်
လို့ လူသိသွားရင် နောက်ထပ် ၁၃ နှစ်ဆက်လက်ပြီး နေကြရမယ်။ ဒီတစ်ကြိမ်
လောင်းကစားပွဲမှာလဲ ဘုရင် ယုဓိတ္တရခမျာ ခွက်ခွက်လန် အောင်ရှုံးပြီး
ကတိအတိုင်း ထီးနန်း ကိုစွန့်ခွာ၊ ညီတော်တွေနဲ့ မိဖုရားကိုပါ ခေါ်ပြီး
တောထွက်သွားရတယ်။
ကတိအတိုင်း ၁၃ နှစ်နေခဲ့ပြီး
နောက် ယုဓိတ္တရ က ထီးနန်းပြန် တောင်းတော့ ဒုယျောဓနမင်းသားက သူ
မောင်ပိုင်စီးထားတဲ့ ထီးနန်းကို ပြန်မပေးတော့ဘူး။ ''ထီးနန်း ပြန်လို
ချင်ရင် တိုက်ယူပါ''လို့ ပြန်ပြော တယ်။ ဒီတော့ ညီတော်နောင်တော် အချင်းချင်း
ကြားမှာ သွေးချောင်းစီး တဲ့ မဟာဘာရတ စစ်ပွဲကြီးဖြစ်လာ တော့တယ်။
ဒီစစ်ပွဲကြီး မစတင်မီ ကလေးမှာ ကရိသျှနဘုရားရှင်က ဘဂဝံဂီတ - Bhagavagita
လို့ ထင် ရှားကျော်ကြားတဲ့ လောက ဓမ္မ တရား တော်ကို ဟောကြားတော်မူခဲ့ ပါတယ်။
ဒီစစ်ပွဲကြီးမှာ ယုဓိတ္တရ အောင် ပွဲခံခဲ့ပြီး ထီးနန်းကို ပြန်လည်သိမ်း ပိုက်နိုင်ခဲ့တယ်။
အလောင်းအစားကို ခုံမင်တဲ့ ယု
ဓိတ္တရ ဘုရင်ကို တော်တော်မိုက်မဲတဲ့ ဘုရင်ပဲလို့ ဝေဖန် သုံးသပ်နိုင်ပေမယ့်
ယုဓိတ္တရဟာ အမှန်တရားကို မြတ် နိုးတယ်။ ကတိသစ္စာ တည်တယ်။ မင်းကျင့်တရားနဲ့
အညီ တိုင်းပြည် အုပ်ချုပ်တဲ့မင်းကောင်းမင်းမြတ် တစ် ပါးဖြစ်တယ်။ ဒါကြောင့်
ယုဓိတ္တရ ဘုရင်ကို ဓမ္မရာဇာ တရားတဲ့မင်းလို့ ခေါ်ကြတယ်။ မဟာဘာရတ ဇာတ်
တော်ကြီးမှာ ဖော်ပြထားတဲ့ အရှင် ထွက်ပုဂ္ဂိုလ် သုံး၊ လေးပါး အနက် တစ်ပါး
အပါအဝင် ဖြစ်ပါတယ်။
ယနေ့ခေတ်လောင်းကစား
ဒီကနေ့ခေတ်မှာက လောင်း
ကစားတာကို ဂိမ်းကစားတယ်။ Gaming လို့ခေါ်ကြတယ်။ နိုင်ငံတိုင်း လိုလိုမှာ
လောင်းကစားက တရား မဝင် တဲ့အတွက် ပုန်းလျှိုးကွယ်လျှိုး
နဲ့ကစားကြတာများတယ်။ တစ်နေ့ တစ်နေ့ နိုင်ငံအနှံ့အပြားက တိတ် တိတ်ပုန်း
ကစားဝိုင်းတွေမှာ လက် ပြောင်းလက်လွှဲလုပ်ကြတဲ့ ငွေပမာဏ ဟာ ကုဋေ ကုဋာ
နဲ့ချီပြီးရှိနိုင်တယ် လို့ ခန့်မှန်းကြတယ်။
ဘုရားတရားလုပ်ကြသူတွေ ဟာ
အစစအရာရာကို ဓမ္မနဲ့ ယှဉ်တွဲ ပြီး ရှုမြင်ကြသလို လောင်းကစား သမားတွေကလဲ
ဘယ်ဟာကိုပဲ ကြည့် ကြည့် လောင်းကစားစရာတွေ ပဲ လို့ပဲ မြင်တယ်။ ဖဲရိုက်တယ်။
မြင်းလောင်းတယ်။ လေးကောင်ဂျင် ထိုးတယ်။ ကျားကွက်ကစားတယ်။ စစ်တုရင်
ကစားတယ်။ ကက်ဆွဲ တယ်။ သုံးဆယ့်ခြောက်ကောင် ကစားတယ်။ ကြက်တိုက်တယ်။
ဘောပွဲလောင်းတယ်။ ချဲထိုးတယ်။ ဂဏန်း ၃၆ လုံး Roulette ကစား တယ်။
အောင်ဘာလေ ထီထိုးတယ် စသည် စသည်ဖြင့် စုံလို့ပါပဲ။
ဒီတော့ လောင်းကစားနည်း
တွေလဲမျိုးပေါင်းစုံပြီး လောင်းကစား လိုကြသူတွေလဲ အများအပြားရှိနေ လေတော့
အချို့နိုင်ငံတွေမှာ စီးပွား ရေးလုပ်ငန်းရှင်တွေဟာ အစိုးရတွေ နဲ့
ညှိနှိုင်းပြီး အကန့်အသတ်နဲ့ တရား ဝင် လောင်းကစားနိုင်တဲ့ နေရာတွေ
ဖန်တီးလာခဲ့ကြတယ်။
ကမ္ဘာ့အကြီးဆုံး ဒုစရိုက်မြို့တော်
ကမ္ဘာပေါ်မှာ ကာဆီနို-Casino
လို့ခေါ်ကြတဲ့ လောင်းကစားရုံတွေ အများဆုံးရှိတဲ့ နိုင်ငံက အမေရိကန်
နိုင်ငံဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်းအရ လောင်းကစားရုံပေါင်း ၁၄၉၆
ရုံရှိတယ်။ အဲဒီနှစ်က အမေ ရိကန်အစိုးရအနေနဲ့ လောင်းကစား ရုံတွေဆီက ရတဲ့
အခွန်အကောက် ဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃ဝ လောက်ရှိခဲ့တယ်။ ဒါတောင်
အမေရိကန် နိုင်ငံစီးပွားရေး ကျဆင်း နေတဲ့အတွက် လောင်းကစားပွဲရုံတွေ ဆီ
လာရောက်ကြသူ နည်းပါးပြီး ဝင်ငွေကျဆင်းသွားခဲ့တာလို့ ထောက် ပြကြတယ်။
အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်
နယ်မှာ တရားဝင်လောင်းကစား စီး ပွားရေး လုပ်ကိုင်နိုင်တဲ့နေရာ အတော်
များများရှိပါတယ်။ Lake Tahoe, Reno, Las Vegas, Laughlin, Eiko County
အပြင် အခြားမြို့တွေလဲ ရှိ တယ်။ ဒီအထဲမှာ အကျော်ကြားဆုံး ကတော့ Las Vegas
ဖြစ်ပါတယ်။ နီဗားဒါး သဲကန္တာရထဲမှာ တည် ဆောက်ထားတဲ့ မြို့ဖြစ်တယ်။ ဒုစ
ရိုက်မြို့တော်-Sin City လို့ ထင်ရှား တယ်။
လောင်းကစားလုပ်ငန်းတွေနဲ့ တွဲ
ဖက်ပြီး ဧရာမ ဇိမ်ခံ ဟိုတယ်ကြီး တွေ၊ ဇိမ်မယ်တွေ၊ ဘားတွေ၊ ပျော်
ပွဲစားရုံတွေ၊ ညကလပ်တွေ၊ ရှော့ပင်း မောလ်တွေ အမျိုးစုံ လုပ်ကိုင်ကြ တယ်။
ဒီနေရာကို လောင်းကစားဖို့ အမေရိကန်နိုင်ငံက သူဋ္ဌေးကြီးတွေ သာ လာရောက်ကြတာ
မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးက ကျိကျိတက် ချမ်းသာကြသူတွေလဲ လာရောက်ကြ တယ်။
ပြီးတော့ မမြင်ဖူးလို့ မြင်ဖူး အောင် လာကြည့်ကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကလဲ
အများအပြားပါ ပဲတဲ့။
လောင်းကစားဖို့ လာကြသူတွေ ဟာ
အများအားဖြင့်ဖဲရိုက်ကြတာ များတယ်။ လောင်းကစားရုံပိုင်ရှင် တွေအနေနဲ့
သူ့အတွက် အဓိကဝင် ငွေကို ဖဲဝိုင်းတွေက ရရှိကြတယ်။ ဘောလုံးကွင်း
တစ်ကွင်းစာလောက် ကျယ်တဲ့ လောင်းကစားရုံထဲမှာ ဖဲ ရိုက်နိုင်ဖို့အတွက်
ချထားတဲ့ စားပွဲ ခုံဝိုင်းတွေက တစ်ပုံတစ်ခေါင်းကြီးရှိ တယ်။
သူ့ဝိုင်းနဲ့သူ၊ သူ့အချိတ် အဆက်နဲ့သူ ကစားကြတယ်။ တစ် ဝိုင်းက လောင်းကြေးကို
အခြားဝိုင်း က လူတွေက မသိကြဘူး။ စိတ်လဲ မဝင်စားကြဘူး။
Las Vegas မှာ အကြီးဆုံး
လောင်းကစားရုံတွေ၊ ဟိုတယ်တွေ တည်ထောင်ထားကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက
MGM, Caesars နဲ့ Wynn တို့ဖြစ်တယ်။ Las Vegas မှာလာရောက်
စီးပွားရေးလုပ်ကိုင် ကြသူတွေအပေါ် ဝင်ငွေခွန်လဲ မကောက်ဘူး။ ကော်ပိုရိတ်
ခွန်လဲ မကောက်တဲ့အပြင် အဆောက်အအုံ ခွန်လဲ မကောက်ဘူး။ ဒါကတော့ Las Vegas မှာ
စီးပွားရေး လာ ရောက်လုပ်ကိုင်သူတွေ တိုးတက် များပြားလာအောင်လို့
မက်လုံးပေးတဲ့ စီမံချက်ပါ။
အမေရိကန်နိုင်ငံမှာက အခုလို
လောင်းကစားရုံတွေ ဖွင့်လှစ်ပြီး တရားဝင် လုပ်ကိုင်လာခဲ့ကြတာ ၁၉၄ဝ
ပြည့်လွန်နှစ်များလောက် စတင်ခဲ့တယ်။ လောလောဆယ် အမေရိကန်နိုင်ငံမှာ
စီးပွားရေး ကျ ဆင်းနေလို့ လုပ်ငန်းကိုင်ငန်း မကောင်းရတဲ့အထဲ တရုတ်နိုင်ငံက
မကာအို - Macao တို့၊ အိန္ဒိယက ဂိုအာ -Goa တို့ မှာလဲ လောင်းကစား ရုံတွေ
ပေါ်ထွက်လာတော့ အပြိုင် အဆိုင်တွေ ဖြစ်လာတယ်။ ဒီကြား ထဲ
အွန်လိုင်းလောင်းကစား - Online Gambling ဆိုတာကလဲ သမားရိုးကျ
လုပ်ငန်းတွေကို ခြိမ်းခြောက်လျက်ရှိ တယ်။
နာမည်ကြီးလာတဲ့ မကာအို
မကာအိုဆိုတာက တရုတ်ပြည် ရဲ့
ပုလဲမြစ် -Xi River အဝမှာရှိတဲ့ ကျွန်းဆွယ်လေးတစ်ခုနဲ့ ကျွန်းက
လေးနှစ်ကျွန်းပါ။ ပေါ်တူဂီတွေ သိမ်း ပိုက်ထားတဲ့ နယ်မြေတစ်ခုဖြစ်ပြီး ၁၉၉၉
ခုနှစ်၊ ဒီဇင်ဘာလမှာ ပေါ်တူ ဂီတွေက တရုတ်ပြည်ကို ပြန်လည်လွှဲ
ပြောင်းပေးခဲ့တယ်။
တရုတ်ပြည်မှာ လောင်းကစား ကို
တရားမဝင် ကြေညာထားပေမယ့် မကာအိုမှာတော့ ခွင့်ပြုထားတယ်။ အမေရိကန်နိုင်ငံက
Las Vegas Sands နဲ့ Wynn Resorts တို့က မကာအိုလောင်းကစားလုပ်ငန်းတွေမှာ
အကြီးအကျယ် ရင်းနှီးမြှုပ်နှံထား ကြတယ်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်း အရ
မကာအိုမှာ လောင်းကစားရုံ ၃၂ ရုံရှိတယ်။ အမေရိကန် နီဗားဒါး ပြည်နယ်မှာ
ရှိတဲ့လောင်းကစားရုံ စုစု ပေါင်းရဲ့ ဝင်ငွေထက် နှစ်ဆပိုပြီး ၂ဝ၁ဝ
ပြည့်နှစ်မှာ ဝင်ငွေကောင်းခဲ့ တယ်လို့ထောက်ပြခဲ့ကြတယ်။ နီဗား ဒါးပြည်နယ်
လောင်းကစား လုပ် ငန်းတွေကို Nevada Gaming Commission က အုပ်ချုပ်သလို၊
မကာအို မှာရှိတဲ့ လောင်းကစားစီးပွားရေး လုပ် ငန်းတွေကိုလဲ တရုတ်ပြည် Gaming
Inspection and Coordination Bureau က အုပ်ချုပ်တယ်။
အခုတော့ မကာအိုကို ကမ္ဘာ အရပ်ရပ်က သူဋ္ဌေးကြီးတွေလာ ရောက်ပြီး လောင်းကစားကြတဲ့ အတွက် Las Vegas ထက်တောင် နာမည်ကြီးလာတယ်။
အိန္ဒိယရဲ့ ဂိုအာ
ဂိုအာကလဲ အစောပိုင်းက ပေါ်
တူဂီတွေ သိမ်းပိုက်ထားခဲ့တဲ့အိန္ဒိယ အနောက်ပိုင်းကမ်းခြေက မြို့ကလေး
တစ်မြို့ပါ။ နောက်ပိုင်းမှာ အိန္ဒိယ က ပြန်လည်သိမ်းပိုက်ခဲ့တယ်။ ဥရော
ပတိုက်သားတွေ အလည်အပတ် လာရောက်တတ်တဲ့ ပင်လယ်ကမ်း ခြေက
မြို့ကလေးတစ်မြို့ဖြစ်တယ်။
လွန်ခဲ့တဲ့လေးနှစ်လောက်က Casino
Goa ဆိုတဲ့ လောင်းကစား လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ခဲ့တယ်။ ၂ဝဝ၇ ခုနှစ်မှာ
အစိုးရက လိုင်စင် တွေချပေးပြီး လောင်းကစား လုပ်ငန်း ကိုတိုးချဲ့ခဲ့တယ်။
အစိုးရက အစော ပိုင်းမှာ အီလက်ထရွန်းနစ် Slot Machines တွေနဲ့ပဲ ကမ်းပေါ်က
ဟို တယ်တွေမှကစားခွင့်ပြုပြီး ဖဲရိုက်ချင် ရင်တော့ ကမ်းလွန်က ရေပေါ်
အဆောက်အအုံတွေပေါ်မှာ ကစား ခွင့်ပြုတယ်။ အခုတော့ ကမ်းပေါ် မှာလဲ
ကစားခွင့်ပြုလာပါပြီ။ ဂိုအာ မှာ ကမ်းပေါ်လောင်းကစားရုံ ၂ဝ နဲ့
ကမ်းလွန်ရေပေါ် လောင်းကစား ရုံ ခြောက်ရုံရှိတယ်။ သုံးနှစ်ကာလ အတွင်းမှာ
ဝင်ငွေက ရူပီး ကုဋေ ၄ဝ ကနေပြီး ရူပီး ကုဋေ ၃ဝဝ အထိ တိုးတက်လာခဲ့တယ်။
အိန္ဒိယနိုင်ငံမှာတော့
မြင်းပွဲမှာ မြင်းလောင်းတာ တရားဝင်တယ်။ ဒါ ပေမယ့် ခရစ်ကက် Cricket ကစားပွဲ
တွေမှာ အလောင်းအစားလုပ်တာ တရားမဝင်ဘူး။ အိန္ဒိယနိုင်ငံမှာ
တရားဝင်မြင်းပွဲလောင်းဝင်ငွေက တစ် နှစ် ရူပီး ကုဋေ ၁ဝဝဝဝ လောက်ရှိ
နိုင်တယ်လို့ ခန့်မှန်းကြတယ်။ ကမ္ဘာ့ခရစ်ကက်ဖလားပွဲမှာ တရား မဝင်
လောင်းကြတဲ့ငွေပမာဏဟာ ရူပီး ကုဋေ ၂ဝဝဝဝ ကနေ ရူပီး ကုဋေ ၅ဝဝဝဝ အထိ
ရှိနိုင်တယ်လို့ ခန့်မှန်းကြတယ်။
ဂလိုဘယ် လောင်းကစား
လောင်းကစားရုံတွေ တရားဝင်
ဖွင့်လှစ်ပြီး စီးပွားရေးလုပ်ငန်း အကန့် အသတ်နဲ့ လုပ်ကိုင်နေကြတာ အမေ
ရိကန်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံများ အပြင် အခြားသော နိုင်ငံအချို့မှာလဲ
ရှိပါတယ်။ ယူနိုက်တက်ကင်းဒမ်း UK မှာ လောင်းကစားရုံ ၁၄၃ ရုံ ရှိ တယ်။
ကနေဒါမှာ လောင်းကစား ရုံ က ၁၁ဝ၊ အိုင်ယာလန်မှာ ၁၃၊ သြစတြေးလျမှာလဲ ၁၃ ရုံ၊
ပြီးတော့ ဂရိမှာက လောင်းကစားရုံ ကိုးခုရှိ တယ်။
စင်ကာပူနိုင်ငံမှာလဲ လောင်း
ကစားရုံ နှစ်ခုရှိတယ်။ လောင်းက စားစီးပွားရေးလုပ်ငန်း လုပ်ကိုင်ချင် ကြတဲ့
သူဋ္ဌေးကြီးအချို့ဟာ မကာအို မသွားခင် စင်ကာပူ ရောက်လာပြီး အစိုးရဆီမှာ
ကာဆီနို တည်ထောင် ခွင့်တောင်းခံခဲ့ကြတယ်။ စင်ကာပူက စင်ကာပူသားတွေ
စာရိတ္တပျက်မှာစိုး လို့ ငြင်းပယ်လိုက်တယ်။ နောက် တော့မှ
နောင်တကြီးစွာရခဲ့ကြပါ သတဲ့။ ဒါကြောင့် စင်ကာပူမှာပထမ ဆုံး ကာဆီနို ကို
၂ဝ၁ဝ ပြည့်နှစ် အစောပိုင်းကမှ ဖွင့်လှစ်ခဲ့ဖြစ်ခဲ့တယ်။ စင်ကာပူသားတွေ
ကာဆီနိုထဲဝင်မယ် ဆိုရင် စင်ကာပူဒေါ်လာ ၁ဝဝ ဝင် ကြေးပေးကြရတယ်။ ကမ္ဘာလှည့်
ခရီးသည် ဆိုရင် အလကား ဝင်နိုင် တယ်။ လောင်းကစားလုပ်ငန်း တွေက ရတဲ့ ဝင်ငွေဟာ
ဒီနှစ်ကုန် မှာ Las Vegas ရဲ့ ဝင်ငွေကို ကျော် တက်သွားနိုင်တယ်လို့
ခန့်မှန်းထား ကြတယ်။
Las Vegas ရဲ့ လမ်းမပေါ်မှာ
မလိမ်မိုး မလိမ်မာ အမျိုးသမီးလေး တွေက ဖောက်သည်ရှာနေကြသလို
သူတို့တစ်တွေကို ကယ်တင်ချင်ကြ တဲ့ ခရစ်ယာန် တရားဟော ဆရာ တွေကလဲ သမ္မာကျမ်း
စာအုပ်တကိုင် ကိုင်နဲ့ ခေါက်တုံ့ခေါက်ပြန် လမ်း သလားနေကြပါသတဲ့။
မင်းရွှေမောင်
Ref: :
1. The Economic Times , Oct 23, 2011.
2. Sri Yogananda " The Bhagvad Gita" (2005)
၃. ဦးသော်ဇင်
မဟာဘာရတနှင့်ဘဂဝါဂီတ (၁၉၆၇)။
|
Tuesday, March 13, 2012
လောင်းကစား စီးပွားလုပ်ငန်းများ
Labels:အတိတ်က မြိတ်သမိုင်း
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment