မသန်စွမ်းသူများအရေး
လွှတ်တော်အတွင်း တင်ပြ အဆိုပြု ဆွေးနွေးပေးရန်အတွက် ကိုယ်တိုင်
အကြားအာရုံချို့တဲ့ နေရတဲ့ အသက်(၂၈)နှစ် ရှိပြီဖြစ်ပြီး မြန်မာစာအထူးပြုနဲ့
ဘွဲ့ရကာ အလုပ်အကိုင် အခက်အခဲ ဖြစ်နေတဲ့ မောင်ဘိုဘိုကြိုင်(ခ) မောင်လူငယ်မှ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တင်ပြတောင်းဆို
ထားကြောင်းသိရှိရပါတယ်...။ နှစ်ပေါင်း (၅၀)အတွင်း မသန်စွမ်းသူများရဲ့
အရေးကို လျစ်လျှူရှူ ပစ်ပယ်ခံနေရတဲ့ အရေးအတွက် လွှတ်တော်အတွင်းမှာ
တင်ပြဆွေးနွေးပေးရန် အဖွဲ့ချုပ်သို့ တင်ပြတောင်းဆိုခြင်း ဖြစ်ကြောင်း
မသန်စွမ်းသူများရဲ့ နစ်နာနေရတဲ့ အဖြစ်၊ လျစ်လျူရှုခံနေရတဲ့ အဖြစ်ကိုလည်း
အများသိစေလိုကြောင်း မောင်ဘိုဘိုကြိုင်(ခ) မောင်လူငယ်မှဆိုပါတယ်...။
မောင်ဘိုဘိုကြိုင်(ခ)
မောင်လူငယ်ရဲ့ အဖိုးဖြစ်သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
စတင်ထူထောင်ရာမှာ ပါဝင်ခဲ့ပြီး ၁၉၉၁ ခုနှစ် ဇွန်လ(၁၁)ရက်နေ့မှာ နဝတ
အကျဉ်းထောင် အတွင်းမှာ ကျဆုံးသွားခဲ့ရတဲ့ စာရေးဆရာ မောင်သော်က (ခ)
ဗိုလ်မှူးဘသော်ဖြစ်ပါတယ်..။ စာရေးဆရာ မောင်သော်ကလို့ လူသိများတဲ့
ဗိုလ်မှူးဘသော်ဟာ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်အစိုးရထံမှ
လွှဲပြောင်းရယူခဲ့တဲ့ မေယုသဘောင်္ ဂုဏ်ပြုအလံတင်အဖွဲ့တွင် ခေါင်းဆောင်
တဦးအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၇ခုနှစ်ခန့်က ပေဖူးလွှာ မဂ္ဂဇင်းတွင်
ရေးသားခဲ့သည့် တိုက်ရေယာဉ်(၁၀၃) အခန်းဆက် ကိုယ်တွေ့ဖြစ်ရပ်များ ဝတ္ထုမှာ
အင်မတန် လူကြိုက်များခဲ့ပါတယ်...။ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကြီးတွင်
ရှေ့တန်းမှ ပါဝင်ခဲ့ပြီး စာနယ်ဇင်း သမဂ္ဂတွင် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါတယ်..။
တပ်မတော်(ရေ)တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်ခဲ့သည်..။
ပေါ်ပြူလာ ဂျာနယ်ပါ မောင်ဘိုဘိုကြိုင် (ခ) မောင်လူငယ် သတင်း....



No comments:
Post a Comment