လွတ်လပ်ငြိမ်းချမ်းခွင့်
ပန်းချီပြပွဲ ကျင်းပ
မိုးမခ ဓာတ်ပုံသတင်း၊
ရန်ကုန်၊ မတ် ၉ ၊ ၂၀၁၂
ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရသူမျာ အကျဉ်းထောင် နံရံများအကြား ရေးဆွဲခဲ့ကြတဲ့
ပန်းချီအနုပညာများအား စုစည်း ပြသသည့် လွတ်လပ် ငြိမ်းချမ်းခွင့် အမည်ပေးထားသည့်
ပန်းချီပြပွဲကို ယနေ့ နံနက် ၉နာရီခွဲက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း စာပေလောက ၅
စာအုပ်ဆိုင် အပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့သည်။
ပန်းချီကားများတွင်
အကျဉ်းထောင် နံရံအတွင်း နေထိုင်စဉ် ခံစားရသည့် စိတ်ခံစားမှုများ၊ အတွေးများကို
ထင်ဟပ်နေသည်ကို ခံစားတွေ့မြင်ရသည်။ ပန်းချီကားများကို
ဝယ်ယူလိုပါက ရောင်းချပေးမည်ဟု လည်းသိရသည်။ ပြပွဲစီစဉ်သူများမှာ နိုင်ငံရေး
အကျဉ်းသားဟောင်းမျာဖြစ်ကြသည့် ကိုထွန်းဝင်းငြိမ်း၊ ကိုဘသက်အောင်၊ ကိုဇော်ရဲဝင်း၊
ကိုထွန်းကြည်၊ ကိုကျော်ကျော်ထွေး၊ ကိုဆန်နီစသည်တို့ ဖြစ်ကြသည်။
No comments:
Post a Comment