Thursday, March 8, 2012

ဂျပန်အမျိုးသမီး တဦး အမည်မည်းစာရင်းသွင်းခံရ




မိုးမခအထောက်တော် အမှတ် ၀၀၇
မတ် ၉၊ ၂၀၁၂

နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်သို့ သွားရောက်လည်ပတ်စဉ် နိုင်ငံရေးလှုပ်ရှားသူတို့နှင့် တွေ့ဆုံသော ဂျပန်အမျိုးသမီးတဦးအား အမည်မည်းစာရင်း သွင်းလိုက်ကြောင်း အင်တာနက်တွင် တွေ့ရသည့် ဖေဖော်ဝါရီ ၁၇ နေ့စွဲတပ် ဌာနတွင်းပေးစာတစောင်အရ သိရသည်။
ယခင်လဆန်းပိုင်းက Muraki Yuko အမည်ရှိ ခရီးသည် အမျိုးသမီးသည် ဦးဂမ္ဘီရအား သွားရောက် တွေ့ဆုံရန် ကြိုးပမ်းခဲ့သည်၊ မိတ္ထီလာ မဲဆန္ဒနယ် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးနှင့် တွေ့ဆုံခဲ့သည်ဟု ဌာနတွင်း ပေးစာတွင် ဖော်ပြထားသည်။

"ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်မည်းစာရင်း (Black List) ရေးသွင်းပါကြောင်း" ဟု ထိုစာတွင် ရေးထားသည်။

နောင်တွင် မည်သည့် ပြည်ဝင်ဗီဇာမှ ထုတ်ပေးခြင်း လုံးဝ မပြုရန် နိုင်ငံတကာ မြန်မာသံရုံးများသို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။

အဆိုပါပေးစာတွင် ခရီးသည် အမျိုးသမီး၏ ဓာတ်ပုံ ဖော်ပြထားခြင်း မရှိသော်လည်း နိုင်ငံကူးလက်မှတ်၊ ထုတ်ပေးခဲ့ဖူးသည့် ဗီဇာ တို့နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။

No comments: