ပြီးခဲ့တဲ့
ရက်ပိုင်းတွေက မြစ်ဆုံဆည်.. တန်ဖဲကျေးရွာကို ပြန်လည် ပြောင်းရွှေ့
ရောက်ရှိလာတဲ့ တန်ဖဲရွာသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး
ပြန်ပို့တယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်..။ အရင်းစစ်တော့ အမြစ်မြေကြီးမှာ
ဆိုသလို ဒီမိုဝေယံ ဝိုင်းတော်သားများ ရရှိထားတဲ့ သတင်းဓာတ်ပုံများအရ
မြစ်ဆုံဆည် စီမံကိန်းထဲမှာ တရုတ်ဝန်ထမ်းတွေနဲ့အတူ မြန်မာဝန်ထမ်းအချို့
ရှိနေပြီး ယခုနှစ် ၂လပိုင်း ၂၅ရက်နေ့က မြစ်ဆုံစီမံကိန်း ဝင်းထဲမှာ
တရုတ်နှစ်သစ်ကူးပါ ကျင်းပပြုလုပ်တဲ့ ဓာတ်ပုံများနဲ့ နောက်ဆုံးအနေနဲ့ ၂၀၁၂
မတ်လ.. လဆန်းပိုင်းက စီမံကိန်းဝင်းအတွင်းမှာ ရိုက်ကူးထားတဲ့
ဓာတ်ပုံများလည်း ရရှိထားပါတယ်..။ စီမံကိန်းကတော့ လှုပ်ရှားသက်ဝင်ခြင်း
မရှိပေမယ့် ဝန်ထမ်းတွေ ရှိနေပြီး ထပ်မံရောက်ရှိ လာနေတဲ့ အချက်ပါပဲ..။
စီမံကိန်း ရပ်ဆိုင်းတယ်ဆိုပြီး
ဘာကြောင့် ယခုထက်တိုင် ရှိနေသေးလဲ ဆိုတာနဲ့ ယခင်အခြေချ နေထိုင်သူ
တန်ဖဲရွာသားတွေကို ပြန်လည် နေထိုင်ခွင့် မပေးလဲ ဆိုတာ စဉ်းစား စရာပါ...
ဒီသတင်းမဟုတ်ဘူးလို့ ထပ်ငြင်းပါ အထောက်အထားတွေ ထပ်ပြပါမယ်...။
လောလောဆယ် ၂၀၁၁ခုနှစ်၎လပိုင်း
၁၄ရက်နေ့က မြစ်ဆုံ စီမံကိန်းအတွင်း တိုင်းမှူး၊ တပ်မမှူးတွေ တက်ရောက်
ပျှော်ရွှင်ခဲ့တဲ့ မြစ်ဆုံ သင်္ကြန်ပွဲသတင်းပုံကို တင်ပြလိုက်ရပါတယ်..။
ဒီပုံကတော့ ယခုလဆန်းပိုင်က မြစ်ဆုံစီမံကိန်း အုပ်ချုပ်ရေးဋ္ဌာနရှေ့က မြင်ကွင်းပါ..။ ဆက်လက် ဖော်ပြပေးပါမယ်..။
ဓာတ်ပုံ ဒီမိုဝေယံနဲ့ ဝိုင်းတော်သားများ။










No comments:
Post a Comment