Sunday, June 10, 2012

ဒေါက်တာအေးချမ်း၏ BBC Burmese ကျေးတမာနဲ့ ပေဖူးလွှာကဏ္ဍသို့  ပေးစာ


  • BBC Burmese ကျေးတမာနဲ့ ပေဖူးလွှာကဏ္ဍသို့  ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၏ ပေးစာ by Myat Thein Tun on Wednesday, November 23,
    by Kankan Khinnuuyee on Sunday, June 10, 2012 at 6:43pm ·
    ချစ်စွာသောဘီဘီစီ ( BBC ) သတင်းဌာန ခင်ဗျား, ခင်ဗျားတို့သတင်းဌာနက ၂၀၁၀ ခုနှုစ် စက်တင်ဘာလတစ်ရက်နေ့မနက်ပိုင်းအစီအစဉ်မှဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအဖွဲ့အစည်းဥက်ကထဦးထွန်းခင်နှုင့်အင်တာဗျူးအားနားသောတဆင် နားထောင်မိခဲ့ပါသည်။ ၎င်းကဏ္ဍတွင်အပိုင်းအားဖြင့်နှုစ်ပိုင်းရှိနေပါသည်။ကျွန်တော်တို့အနေဖြင့်လည်း ရခိုင်ပြည်မြောက်ပိုင်းတွင် ရှိနေသည့်ရိုဟင်ဂျာများအား မြန်မာ့တပ်မတော်က သတိကြီးစွာဖြင့်ကြပ်မတ်ကြီးကြပ်ခဲ့ခြင်းအား မငြင်းလိုပါ။သို့သော် ထိုရိုဟင်ဂျာဆိုသူများသည် မြန်မာ့တပ်မတော်၏ဖိနှိပ်အုပ်ချုပ်ခံ လူနည်းမျိုးစုတစုတည်းတော့မဟုတ်ပါ။ ကျွန်တော့်အနေဖြင့် မည်ကဲ့သို့သော အကြောင်းကြောင့် နာမည်ကြီးသတင်းဌာနများမှ ဤရိုဟင်ဂျာများအရေးကိစ္စအပေါ် အခြားလူမျိုးနည်းစုများထက်ဦးစားပေး မီးမောင်းထိုးပေးဖေါ်ပြနေခြင်းများအားလည်း အထူးအံ့သြရပါသည်။ ရိုဟင်ဂျာများအားမြန်မာနိုင်ငံ၏ အမျိုးသားတိုင်းရင်းသားမျိုးနွယ်စု တစ်စုအဖြစ် အသိအမှတ်ပြုပေးရန်မှာလည်းကွဲပြားခြားနားသည့် အကြောင်းအရာဖြစ်နေပါသည်။ ထိုရိုဟင်ဂျာဆိုသူများသည် ဗြိတိသျှကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့စဉ်အခါက၄င်းတို့မှာ ဘင်င်္ဂလီမျိုးနွယ်စုမှ ပေါက်ဖွားလာသူများဖြစ်ကြပြီး ရခိုင်မြေယာလုပ်ငန်းများတွင် အငှားလုပ်ကိုင်စေရန်ဗြိတိသျှအစိုးရမှ ခေါ်ဆောင်ဝင်ရောက်လုပ်ကိုင်စေခဲ့ရာမှ ရခိုင်မြေတွင် အခြေချနေထိုင်လာခဲ့သူများသာ ဖြစ်ကြပါသည်။ ကျွန်တော့်ထံတွင်လည်းသမိုင်းကြောင်း အထောက်အထားခိုင်လုံစွာ ရှင်းပြနိုင်သည့်သက်သေအထောက်အထားများရှိပါသည်။ ခင်ဗျားတို့ဖတ်ရှုလေ့လာလိုပါကလည်း ကျွန်တော်ကိုယ်တိုင်သုတေသနပြုစုထားသည့် "SOSA Bulletin Of Burma Research 3-2 " အက်စ်အိုအက်စ်အေမြန်မာ့အစိုးရပြန်တမ်းသုတေသန ၃-၂ အားလည်းဖတ်ရှုနိုင်ပါသည်။ကျွန်တော်ကိုယ်တိုင်လည်း ဒီအကြောင်းနှုင့်ပါတ်သက်ပြီး သမိုင်းစာပေလေ့လာလိုက်စားသူ ပညာရှင်များက စကားပြောဆိုဆွေးနွေး / စကားရည်လုလိုပါလျှင် အဆင်သင့်ပါခင်ဗျား။ ဗြိတိသျှအုပ်ချုပ်စဉ်ကာလများမှာ ထိုရိုဟင်ဂျာများသည် လယ်ယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် အခြေချနေထိုင်ခဲ့ကြသူများသာဖြစ်သည်။ မူရင်းနေထိုင်ကြသူရခိုင်လူမျိုးများမှလည်း ကြိုဆိုနေရာပေးလုပ်ကိုင်စေခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၎င်းရိုဟင်ဂျာများမှာ လူဦးရေပိုမိုများပြားလာကာ ထိုမြေဒေသအား အရှေ့ပါကိစ္စတန် ယခုဘင်ဂလားဒေ့ရှ်နိုင်ငံနှုင့် မဆက်စပ်မပူးပေါင်းလိုပါဟု တောင်းဆိုကာခွဲထွက်နယ်မြေအဖြစ် မြန်မာ့လွတ်လပ်ရေးမရမှီကပင်လိုချင်ရမ္မက်ကြီးပိုလာခဲ့ကြပါသည်။ ပါကစ္စတန်ခေါင်းဆောင်များမှ သဘောမတူဖြစ်လာချိန်တွင်ထိုရိုဟင်ဂျာများသည် ( Jihad ) မူဂျာဟစ်ဟူပြီး မြန်မာ့မြေပေါ်တွင် ကြေငြာလာခဲ့ကြသည်။ ထို့နောက်တောတွင်းပုန်ကန်မှု စစ်ပွဲတွင် မြန်မာ့တပ်မတော်ထံရှုံးနိမ့်ကာ ၎င်းတို့ကိုယ်တိုင်ရိုဟင်ဂျာဟု ပြောင်းလဲအမည်တပ်ခေါ်
    တွင်လာကြကာ ၎င်းတို့နေထိုင်ရာမြေဒေသအား ရိုဟင်ဂျာပြည်နယ်ဟု ခေါ်တွင်စေရန် ကြိုးပမ်းလာခဲ့သည်။ ဗြိတိန်ကွန်ဂရက်အမတ် စမစ် ( Smith ) ပြောသည့် ပါကစ္စတန်၊အာရပ်နွယ်ဖွားနှုင့် အိန္ဒိယနွယ်ဖွားတို့သည် ၎င်းဒေသတွင်ပြောင်းရွှေ့အနေကြာလာပြီးနောက် ဗြိတိသျှနိုင်ငံသားဖြစ်ခွင့်ရခဲ့ကြခြင်းကို ကျွန်တော်သဘောတူပါသည်။ သို့သ်ာဗြိတိန်နိုင်ငံတွင်းတွင် နေထိုင်အခြေချသူများမှာ မည်သည့်အချိန်ခါကမှ အမျိုးသားရေးအတွက် နယ်ပယ်သီးခြားတောင်းဆိုခဲ့ကြခြင်း မရှိကြောင်းတွေ့ရပါသည်။ ၎င်းတို့သည်မည်သည့်ခါမျှ လူမျိုးနွယ်စုအဖြစ် သီးခြားရပိုင်လိုမှု တောင်းဆိုခဲ့ခြင်း မရှိပါ။ ဥပမာ..စကော့ ( Scottish ), အိုင်းရစ် (Irish) , သို့မဟုတ် ဝေးလ် (Wales) တို့ဖြစ်ကြပါသည်။ ၎င်းတို့သည် မြောက်ပိုင်းပင်လယ်ဖက်တွင်တောင်မှ မည်သည့်အချိန်ကမှ ကိုယ်ပိုင်နယ်မြေဧရိယာအား ကိုယ်ကျိုးအတွက်မတောင်းဆိုခဲ့ကြဖူးပါ။ သူတို့ကိုယ်တိုင်ကိုလည်း ဗြိတိန်နိုင်ငံသားဟုသာ ခေါ်ဆိုကြပါသည်။သို့သော်မြန်မာနိုင်ငံ ရခိုင်ဒေသမြေပေါ်တွင် လာရောက်အခြေချနေထိုင်လာခဲ့ကြသော စစ်တကောင်းဘင်္ဂလီများမှာမူ ၁၉၄၇ခုနှုစ်တွင် ရခိုင်ပြည်နယ်အား ပိုင်းခြားနယ်မြေရလိုကြောင်း တောင်းသည်အထိ လောဘဖြစ်လာခဲ့ကြသည်။ ၀င်ရောက်အခြေချနေထိုင်ခဲ့သူ ထိုလူမျိုးများက သီးခြားမြေခွဲပေးရန် တောင်းဆိုမှုပြုလာချိန်တွင် နယ်မြေပိုင်ရှင် ရခိုင်လူမျိုးများ မည်ကဲ့သို့ ခံစားရမည် ထင်ပါသနည်းဟု ဘီဘီစီ ( BBC ) နှုင့် ဦးထွန်းခင်တို့အားမေးချင်ပါသည်။


    အေးချမ်း
    သမိုင်းပါမောက္ခ
    နိုင်ငံတကာယဉ်ကျေးမှုဌာန

    Aye Chan
    Professor of History
    Department of International Cultures
    Kanda University of International Studies
    1-4-1 Wakaba, Mihamaku, Chiba 261-0014
    Japan
    Tel. (Office)
    http://wontharnu.com/index.php/2012-05-03-00-20-35/72-open-letter-of-draye-chan-to-bbc-burmese
    Dear BBC: I listened to your interview with U Tun Khin, the Chairman of the Rohingya Association of Britain on the morning Burmese program of September 1st, 2010. There are two dimensions in this case. We don't deny these Muslims have faced severe suppressions in the northern Arakan by the Burmese military. However, they are not only ethnic group under brutal oppression of the junta. We are wondering why the world's famous medias are more concerned with Rohingya than other ethnic minorities.
    To recognize "Rohingya" as a national indigenous people is a different issue. These people were descendents of the Bengali agricultural laborers in the British colonial period. I have historically proved that. You can read my article in "SOAS Bulletin of Burma Research 3-2." I am ready to debate with any scholar on this topic. They came to live in Arakan State in the colonial period. The Arakanese people welcomed. After the Second World War, they were the majority in that area and before the declaration of independence they demanded the area to be incorporated into East Pakistan that is now Bangladesh. When the Pakistani leaders discouraged their demand they declared Jihad on the Union of Burma. When they lost the jungle war, they created the term "Rohingya," calling for the "Rohingya State" for them. There has never been such an ethnic group in Burmese history.
    I agree what the Congressman Smith said that after living for generations these Pakistani, Arabs and Indians became British Citizens. But these immigrants in Britain are not demanding a national territory. They are not demanding a separate ethnic identity, like Scottish, Irish or Whales. They are not calling for a national area of themselves even in the North Sea. They call themselves British. In 1947 these Chittagonian Bengalis demanded the partition of Arakan into two states. How would the native Arakanese feel if their ancestral land is divided to give away a part to the immigrants? I want to ask BBC and U Tun Khin.
    Sincerely,

    Aye Chan
    Professor of History
    Department of International Cultures
    Kanda University of International Studies
    1-4-1 Wakaba, Mihamaku, Chiba 261-0014
    Japan

     
     

No comments: