Thursday, June 7, 2012

တစ်သောင်းတန်ငွေစက္ကူသစ်




မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်တစ်သောင်းတန် ငွေစက္ကူသစ်ကို လာမဲ့ ဇွန်လ (၁၅) ရက်နေ့ စတင်ထုတ်ဝေမဲ့အကြောင်း ဇွန်လ(၇) ရက် ညနေ(၆)နာရီ MRTV4 ရုပ်သံသတင်းနဲ့ အက်ဖ်အမ်ရေဒီယို သတင်းတွေမှာ ထုတ်လွှင့်ကြေငြာခဲ့ပါတယ်။ တစ်သောင်းတန်ငွေစက္ကူသစ်ရဲ့ အရွယ်အစားဟာ အလျား (၁၅) စင်တီမီတာ၊ အနံ (၇) စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေတဲ့ ကျပ်ငါးထောင်တန်နဲ့ အရွယ်အစားတူ ညီပါတယ်။ ပေါ်လွင်ထင်ရှားတဲ့အရောင်ဟာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာမှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော်မြေပုံ၊ သပြေခက်နှစ်ခက်၊ ဆင်ဖြူနှစ်စီးနဲ့ ကြာဖြူတစ်ပွင့် ပါဝင်ပါတယ်။ အဲဒီငွေစက္ကူသစ်ကို ဇွန်လ(၁၅)ရက် ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာန၊ အစိုးရဘဏ်တွေနဲ့ အစိုးရငွေတိုက်တွေမှာ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

No comments: