Saturday, June 9, 2012

ပြည်ပ ဗမာသတင်းဌာနတွေ- ဗမာအာဏာပိုင်များနှင့် ခေါင်းဆောင်ဆိုသူများ။


Date: 2012/6/8
Subject: ပြည်ပ ဗမာသတင်းဌာနတွေ- ဗမာအာဏာပိုင်များနှင့် ခေါင်းဆောင်ဆိုသူများ။



သို့။

ပြည်ပမြန်မာသတင်းဌာနများ၊ ဗမာအာဏာပိုင်များနှင့် ခေါင်းဆောင်ဆိုသူများ။
အထူးသဖြင့် အမေကျော်ဒွေးတော်လွမ်းကြသူများ။

တလျှောက်လုံးလိုလို- ဘင်္ဂါလီကို ရိုဟင်ဂျာဆိုပြီး အသက်သွင်းပေးနေတဲ့ လူပုဂ္ဂိုလ်တွေ ခင်ဗျားတို့တွေ- ခု ရခိုင်ပြည်မှာ ရခိုင်ဌာနေတိုင်းရင်းသားတွေ ခံနေရတာတွေ ခင်ဗျားတို့တွေ သိလောက်ရောပေါ့။

ရခိုင်အမျိုးသမီးကို ဘင်္ဂါလီမူဆလင်(ရိုဟင်ဂျာအမည်ခံ) (၃)ယောက်က အတင်းအဓမ္မကျင့် လည်လှီး ရက်ရက်စက်စက်သတ်ဖြတ်တာကိုကျတော့ ခင်ဗျားတို့ သိပ်သိမြင်ချင်ကြပုံ မပေါ်ဘူး။ ရခိုင်တွေဟာ ဘယ်လူမျိုးကိုမှ အဲလိုမျိုး ရက်စက်ရမ်းကားခဲ့ဖူးတာ မရှိခဲ့ဖူးဘူးဆိုရင် မမှားနိုင်ဘူး။ ရခိုင်တွေကိုပဲ ဘင်္ဂါလီမူဆလင်တွေက အဲလိုလုပ်တာခံလာခဲ့ရတာပဲရှိတာ။ မူဂျာဟစ်- ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေဟာ ခုလိုမျိုးဘဲ ရခိုင်တွေ ထောင်ပေါင်းများစွာကိုသတ်၊ ရခိုင်သ္မီးပျိုလေးတွေကို မိဘ၊မောင်ဖွားရှေ့မှာ ဓားထောက်အတင်းအဓမ္မစော်ကား- ရခိုင်ရွာတွေကို မီးရှုံးဖျက်ဆီးတာတွေကို ရခိုင်တွေ အများကြီးခံစားလာခဲ့ကြရတာ။ ဒါတွေကျတော့ ခင်ဗျားတို့ မသိမမြင်ချင်ယောင်ဆောင်နေတာဟာ ခင်ဗျားတို့ရဲ့ ရခိုင်လူမျိုးတွေအပေါ်မှာထားတဲ့ တိုင်းရင်းသား စိတ်ဓာတ်ဆိုတာများလား။

ခုလဲ ဘ၀အရေးအတွက် နွမ်းနွမ်းပါးပါး ရိုးသားစွာ လုပ်ကိုင်ရပ်တည်နေတဲ့ ရခိုင်အမျိုးသ္မီးလေးတယောက်ကို ဘင်္ဂါလီမူဆလင် (၃)ယောက်က အဓမ္မကျင့် ရက်ရက်စက်စက်သတ်ဖြတ်ပြီးမှသာ- အဲဖြစ်ရပ်နောက်ပိုင်းမှ ရခိုင်တွေကမခံနိုင်လို့ တုံ့ပြန်တာကိုကျတော့ ရခိုင်တွေကို ရမ်းကားသူတွေလဲဘာလဲ အပြစ်ပုံချင်ကြတယ်။ ကျနော်ပြောချင်တာ အကြမ်းဖက်တာကို လက်ခံအားပေးတဲ့သဘောမပါဘူး။ ဆိုလိုချင်တာက အဲလိုဖြစ်လာရတဲ့ ပြဿနာကို ဘက်လိုက်မှုကင်းကင်းနဲ့ ရှုမြင်ကာကွယ် တားဆီးဖို့လိုတာကို ထောက်ပြနေတာ။ ခင်ဗျားတို့တွေခုလိုမျိုး ဘင်္ဂါလီကို အားပေးအားမြှောက်လုပ်ပေးနေလို့- ရခိုင်တို့ရဲ့ အမျိုးသားရေး လက္ခဏာတွေ ပျောက်ကွယ်တော့မယ်။ ခင်ဗျားတို့တွေရဲ့ ဗမာအမျိုးသ္မီးကို ဘင်္ဂါလီတွေ အဲလိုပြုကျင့်ရင်- ခင်ဗျားတို့တွေ သည်းခံ သဘောထားကြီးနိုင်ပါ့မလား။

ဗမာတွေဟာ ရခိုင်တို့ရဲ့ရန်သူမဟုတ်သလို ဘင်္ဂါလီတွေရောပဲ။ ဒါပေမဲ့အမျိုးသားရေး လက္ခဏာကို ထိပါးလာနေတာကိုတော့ သမိုင်းပေးတာဝန် အမျိုးသားရေး တာဝန် သတိအသိအရ ကာကွယ်ရမှာဟာ လူတိုင်းရဲ့တာဝန်ပါဘဲ။

ရခိုင်လူမျိုးတွေဟာ၊ ဘင်္ဂါလီ(
ရိုဟင်ဂျာအမည်ခံ)တွေရဲ့ ရက်စက်ရမ်းကားမှုတွေကို- ခေတ်အဆက်ဆက် ခံလာရတာကို ဘယ်လူတွေက ဘာကာကွယ်ပေးခဲ့လို့လဲ။ တဖြေးဖြေးနဲ့ ရခိုင်တို့ရဲ့ အမျိုးသားရေး လက္ခဏာတွေသာ ၀ါးမြို ဖျက်ဆီးခံရလို့ အားလုံးနီးပါး ပျောက်ကွယ်ကုန်ပြီ။ ကျုပ်ပြောနေတာဟာ ဘယ်လူမျိုးကိုမှ မုန်းတီးတဲ့စိတ်မပါဘူး။ လူတိုင်းဟာ ကိုယ့်ရဲ့အမျိုးသားရေးလက္ခဏာကို ကာကွယ်ခွင့်ရှိတယ်။ ဒါဟာ လူ့အခွင့်အရေးမည်တယ်။ ဒီဘင်္ဂါလီတွေဟာ  တရားဝင်နေထိုခွင့်ရှိလို့- ဌာနေတိုင်းရင်းသားတွေကို ဒုက္ခမပေးဘဲ အေးအေးချမ်းချမ်းနဲ့ နေထိုင်ရင် ကျုပ်တို့က အတင်းမောင်းထုတ်ပြစ်ဖို့လဲမတောင်းဆိုဘူး။ ရခိုင်တွေဟာ ဗုဒ္ဓတရားဓမအဆုံးအမကိုသက်ဝင်ယုံကြည်ကြသူများနည်းတူ- အဲဒီဗုဒ္ဓတရားတော်တွေထဲမှာပါတဲ့အတိုင်းဘဲ တပါးလူတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာရမှာတို့၊ မေတ္တာထားသဘောထားကြီးရမှာတို့ဆိုတာကို လက်ခံယုံကြည်ကြသူများဖြစ်တယ်။ တဖက်မှာလဲ ကိုယ့်ရဲ့အခွင့်အရေး၊ အမျိုးသားရေးလက္ခဏာတွေကို ကာကွယ်ရမယ်ဆိုတာဟာ လူသားတိုင်းရဲ့ ဗီဇအသိတွေထဲကတခုပါဘဲ။ ကိုယ့်အမျိုးကိုကာကွယ်စောင့်ရှောက်ရမည်မှာ လူသားမှာပဲရှိတဲ့အသိပဲ။ ဘယ်လူမှလဲတိုက်တွန်းနေစရာမလိုပါဘူး။

တရားဥပဒေစိုးမိုးရေးကို လူတိုင်း လိုလားတယ်။ တရားဥပဒေစိုးမိုးမှသာ လူ့ဘောင်သာယာ ငြိမ်းချမ်းမယ်ဆိုတာယုံကြည်တယ်။ တဖက်မှာလဲ ပြဿနာ အကြောင်းအရာတခုအပေါ်မှာ ဘက်နှစ်ဘက်ကို မျှမျှတတရှုမြင်ဖို့- စပြီးတော့ ဖြစ်လာရတဲ့အကျိုးဆက်ကို မျှမျှတတကြည့်တတ်ဖို့ အရေးကြီးတယ်။ ဒါမျိုးကသာ စစ်မှန်တဲ့ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေရဲ့အလုပ်ဘဲ။ စစ်မှန်တဲ့ခေါင်းဆောင်ဆိုတာ ကိုယ်ပိုင် စိတ်ခံစားမှုကို ဦးစားမပေးဘဲ ပကတိအနေအထားကို ရှုမြင်တတ်မှ ခေါင်းဆောင်မည်တယ်။ ဒီတော့ ခင်ဗျားတို့တာဝန်ရှိတဲ့ ဗမာအာဏာပိုင်တွေက မကာကွယ်ပေး၊ တာဝန်မဲ့နေရင်တော့- ရခိုင်တွေဟာ သူတို့ရဲ့ အမျိုးသားရေးလက္ခဏာကို သူတို့ဟာသူတို့ ကာကွယ်တာဟာ တရားတယ်လို့မြင်တယ်။
ဒါဟာ ရခိုင်တွေအများစုရဲ့ ခံယူချက်နဲ့အမြင်ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။

ဒီတော့- ကျုပ်တို့ရဲ့ အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်နေတဲ့ ဒီဘင်္ဂလီမူဆလင်တွေ အဆမတန်ဝင်ရောက်အခြေချလာမှုအရေးကို အရေးတကြီးကိုင်တွယ်ဖြေရှင်းပေးဖို့သက်ဆိုင်ရာ ဗမာအာဏာပိုင်များကိုတောင်းဆိုတယ်။ ဒီအရေးဟာ ရခိုင်တမျိုးသားတည်းနဲ့သာ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ပဲ- အနာဂတ်မြန်မာတပြည်လုံးအတွက်ပါ အရေးတကြီးကိုင်တွယ်ရမဲ့ကိစ္စဖြစ်တယ်။ ဒီလိုသာ ပြဿနာအရင်းခံကို မကိုင်တွယ်မဖြေရှင်းဘဲ စောင့်ပြီး ဆက်ကြည့်နေမယ်ဆိုရင် မြန်မာတပြည်လုံးအတွက် အနာဂတ်အန္တရယ် ဖြစ်လာမှာ မလွဲဧကန်ဖြစ်တယ်။ ဒီတော့ ဒီ ရိုဟင်ဂျာအမည်ခံတဲ့ ဘင်္ဂါလီမူဆလင်အရေးကို သက်ဆိုင်ရာ အာဏာပိုင်တွေ အမြော်အမြင်ကြီးကြီးနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ အထူးလိုအပ်နေကြောင်း အလေးအနက်တိုက်တွန်းလိုတယ်။

ထိုနည်းတူ အထူးသဖြင့် ပြည်ပ ဗမာသတင်းဌာနတွေမှာ တာဝန်ယူလုပ်ကိုင်နေကြသူတွေရော- တခြားတခြားသော လူပုဂ္ဂိုလ်တွေ၊ သိပါလျှက်နဲ့ မိမိတို့ရဲ့ ရပ်တည်ရေးအဆင်ပြေဖို့အတွက် အမျိုးသားရေး လက္ခဏာကို မှေးမှိန်အောင် လုပ်နေကြသူတွေပါမကျန် - မမြဲတဲ့တရားသဘောကို နားလည်သဘောပေါက်ပြီးတော့ နိုင်ငံရေးမည်သော အမျိုးဘာသာ သသနာကို ကာကွယ်တဲ့ ရပ်တည်မှုမျိုးနဲ့သာ ပြောင်းလဲရပ်တည်သင့်ကြောင်း ထောက်ပြ အကြံပြုအပ်ပါတယ်။



အာရိယံနွယ်
၈။၆။၂၀၁၂
lhlinn@gmail.com

No comments: