Monday, June 4, 2012

ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့




ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်မှ စ၍ နောက်ဆက်တွဲ ဖြစ်စဉ်များ..

ဇွန်လ (၂)ရက်နေ့ မဲဆောက်ခရီးစဉ်အတွက် နဂိုမူလ စီစဉ်ထားတဲ့ ခရီးစဉ်ကတော့ မဲဆောက်မြို့လေဆိပ်မှ ဒေါက်တာစင်သီယာမောင်မှ ကြိုဆိုပြီး ဒေါက်တာစင်သီယာမောင် ဆေးခန်းကို ဦးစွာသွားရောက်ဖို့ ဖြစ်ပါတယ်..။ ထိုမှ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး အပြန်မှာ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ ထပ်မံဝင်ရောက် လေ့လာပြီး တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ နေ့လည်စာ သုံးဆောင်ကာ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားခဲ့ပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအားလည်း မြန်မာအဖွဲ့အစည်းများနဲ့ မဲဆောက်မှ ထိုင်းလုံခြုံရေးများ ပူးတွဲ လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ..။

မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ အထက်ပါ သတိပေးအကြောင်းစာ ပေးပို့ပြီးချိန်မှ စ၍ မဲဆောက်ကို သွားရောက်မယ့် ဇွန်လ (၂)ရက်နေ့ မနက်(၆)နာရီမှာတော့ ထိုင်းအာဏာပိုင်များမှ မူလအစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးအား မယ်လဒုက္ခသည်စခန်းမှာပဲ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်..။ မဲဆောက် လေဆိပ်ရောက်ရှိ စဉ်မှာလည်း ထိုင်းအာဏာပိုင်များရဲ့ အစီအစဉ်နဲ့ မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပါတယ်..။ မယ်လဒုက္ခသည် စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်မှာလည်း အသံချဲ့စက် အသုံးပြုပြီးလူထုနဲ့ စကားပြောဆိုခွင့် မရခဲ့သလို မူလစီစဉ်ထားတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး..။ မယ်လဒုက္ခသည် စခန်းမှ မဲဆောက်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်မှာ သတင်းစာရှင်းလင်းပွဲသာ လုပ်ခွင့်ရခဲ့ပါတယ်..။



အထက်ပါ ဖြစ်ရပ်တွေဟာ ထိုင်းအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အစိုးရဧည့်သည်တော် တဦးပုံစံ ကြိုဆိုခဲ့ကြပြီး မြန်မာအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် ဖိအားပေးခဲ့တဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေပါ..။ မြန်မာအစိုးရရဲ့ ထိုင်းအစိုးရအပေါ် လုပ်ရိုးလုပ်စဉ် ဖိအားပေးမှုတွေရဲ့ နောက်ကွယ်မှာ ထိုင်းအစိုးရမှ အလျှော့ပေး ဆက်ဆံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာကတော့ ယခင် စစ်အစိုးရ သက်တမ်းတလျှောက်ပါပဲ..။ သို့ပေတည့် ထိုင်းအစိုးရမှ အိမ်ရှင် ပီသစွာ လုံခြုံရေးမှ အစ လစ်ဟင်းမှု မရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပေမယ့် မြန်မာအစိုးရရဲ့ ဆက်ဆံမှု ထိခိုက်မယ့် အရေးကိုတော့ မဲဆောက်ခရီးစဉ်မှာ ထိန်းချုပ်လုပ်ဆောင် ခဲ့ပါတယ်..။ ထိုင်းအစိုးရမှ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၉ရက်နေ့ ရောက်ရှိစဉ်မှ စပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံခဲ့မှုအထိ နိုင်ငံဧည့်သည်တော် တဦးအလား လေးစားသမှု ပြုခဲ့သလို World Economic Forumမှ လူထုခေါင်းဆောင်ရဲ့ အသံဟာလည်း ကမ္ဘာသို့ ပျံနှံခဲ့ပါပြီ။ 



ဒီဖြစ်ရပ်တွေအတွက် မြန်မာအစိုးရ အတွင်းမှ အပျော့ဂိုဏ်း အမာဂိုဏ်းတွေရဲ့ အခြေအနေတွေကို လှစ်ဟ ဖော်ထုတ် ပြသနေသလို မြင်တွေ့နေရပါတယ်..။ သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးဟာလည်း အထက်ပါ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေမလားပဲ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောဆိုခဲ့တဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေပေါ်မှာ အကောင်းမြင်လွန်း အားကြီးနေမှုကို သတိကြီးစွာနဲ့ ကျတော်တို့ လေ့လာသုံးသပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းအစိုးရမှ လေးစားသမှုနဲ့ ကြိုဆိုခဲ့မှု အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေး ကန့်ကွက်ခဲ့တဲ့ အမာဂိုဏ်းသား မြန်မာအာဏာပိုင်များ၏ လုပ်ရပ်အားလည်း အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်..။

 
 

ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်ဟုဆို..
 World Economic Forumမှ ဖိတ်ကြားချက်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံမှ ဖိတ်ကြားထားတဲ့ နိုင်ငံတော်အဆင့် အစိုးရ ဧည့်သည်တော် မဟုတ်တဲ့ အတွက် လိုတာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာအစိုးရမှ ထိုင်းနိုင်ငံရှိ... မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့ကြောင်း သိရှိရသည်...။ 
အဆိုပါ သတိပေး အကြောင်းကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ၃၁ရက်နေ့က မဟာချိုင်သို့ ဒုတိယအကြိမ် သွားရောက်အပြီး ယခုကဲ့သို့ ဖိအားပေး အကြောင်းကြား ခဲ့တာဖြစ်တယ်လို့ ဆိုပါသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်မှ သွားရောက် တွေ့ဆုံခဲ့ခြင်း၊ ထိုင်း ဒုတိယဝန်ကြီးချုပ်မှ လက်ခံတွေ့ဆုံခဲ့ခြင်း၊ မဟာချိုင်သို့ ဒုတိယနေ့ သွားရောက်စဉ် ထိုင်းအလုပ်သမားရေးဝန်ကြီးဋ္ဌာနမှ ဒုတိယဝန်ကြီး ကိုယ်တိုင် ကြိုဆိုနှုတ်ဆက်ခြင်း စသည်တို့၏ နောက်ဆက်တွဲအဖြစ် မြန်မာအစိုးရမှ မေလ(၃၁)ရက်နေ့က ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံသို့ သတိပေး အကြောင်းကြား ခဲ့သည်ဟု သိရှိရသည်..။ 
မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနအား နိုင်ငံတော်အဆင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် မဟုတ်သည့်အတွက် လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် သတိပေးခဲ့တယ်လို့ ဆိုပါတယ်..။ ကနဦး အစီအစဉ်များထဲ၌ ထိုင်းဝန်ကြီးချုပ် ယင်လတ်မှ ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် အစီအစဉ် ရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
 ယနေ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆောက် ခရီးစဉ်၌ မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်အပြင် ကနဦး စီစဉ်ထားသည့် မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်များ၊ နယ်စပ်ရှိ တိုင်းရင်းသား အဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များ ဖျက်သိမ်းခဲ့ရခြင်းမှာ အထက်ပါ အကြောင်းအရာများနဲ့ ဆက်စပ်နေမလားပဲ။ 
ယနေ့ မဲဆောက် ခရီးစဉ်ဟာ ကျတော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ချက် ဘောင်အတွင်းမှ လှုပ်ရှား သွားလာခဲ့ရသည့် အနေအထားမျိုး ဖြစ်နေကြောင်း သုံးသပ်မိသည်.. 
ဒီမိုဝေယံ

No comments: