Saturday, June 9, 2012

မသီတာထွေး သတ်ဖြတ်မှု ကျူးလွန်သူများ အများရှေ့မှောက် ဆက်လက် စစ်ဆေးမည်



ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသက မသီတာထွေး အမည်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့် သတ်ဖြတ်မှု နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှာ ထိန်းသိမ်းထားသူ သုံးဦး ထဲက ထက်ထက် (ခေါ်) ရော်ရှီး ဟာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းတွေ ထွက်ပေါ်ခ
ဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ကျောက်ဖြူ အကျဉ်းထောင်ကို အာအက်ဖ်အေက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရခိုင်အမျိုးသား တိုးတက်ရေး ပါတီက ဦးဘရှင် ကို ဆက်သွယ်မေးမြန်းရာမှာ -

"ဒီအချိန်အထိတော့ ဒီသတင်းတွေ မရပါဘူး။ အာဏာပိုင်တွေကလည်း သူတို့ရဲ့ လုံခြုံရေးကို ဂရုစိုက်ပြီး ထိန်းသိမ်းထားကြတာပဲ ကျွန်တော်သိရသလောက်။ ထောင်ပိုင်ကြီးတွေနဲ့တွေ့တဲ့အခါ သူတို့တွေ လုံလုံခြုံခြုံ ရှိဖို့ ကျွန်တော်တို့ စကားပြောဖြစ်ကြပါတယ်။ တနင်္လာနေ့ ၂ဘက်ရှေ့နေဆုံရင်တော့ သက်သေတွေ မှာထားတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူတို့ တရားစီရင်ရေးလမ်းကြောင်းအရ ဆိုရင်တော့ တရားလိုဘက်က အမှုလိုက်ပါမယ့် ခရိုင်ဥပဒေ အရာရှိကတော့ အဆင်သင့် ရှိနေပြီ။ တရားခံတွေဘက်က လိုက်ပါမယ့် ရှေ့နေရှေ့ရပ်တွေ အဆင်သင့်ရှိမှ စစ်လို့ ရမှာ၊ အခု ကျွန်တော်သိရသလောက် သူတို့တွေက ကိုယ်ပိုင်ရှေ့နေ မငှားနိုင်တဲ့အတွက် နိုင်ငံတော်ဘက်က သူတို့အတွက် ရှေ့နေ တယောက် စီစဉ်ပေးမယ်။"

သူတို့အမှုကို တနင်္လာနေ့မှာ ကျောက်ဖြူခရိုင် တရားရုံးက အများပြည်သူရှေ့မှောက် ဆက်လက် စစ်ဆေးမယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့မှာတော့ အခြေအနေတွေ တည်ငြိမ်နေတယ်လို့ ဦးဘရှင်က ပြောပါတယ်။

No comments: