Thursday, June 21, 2012

ဂုဏ်ယူကြပါ မြန်မာပြည်သူ/ သား အပေါင်းတို့..


 

ဗြိတိသျှ အထက်အောက် လွှတ်တော်ရဲ့ ကြီးကျယ်ခန်းနားလှတဲ့ Westminster Hallမှာ ဒီလို ဝိုင်းဝိုင်းလည် ဂုဏ်ပြုကြတာပါ..

ဗြိတိသျှ အထက်အောက် လွှတ်တော်ရဲ့ ကြီးကျယ်ခန်းနားလှတဲ့ Westminster Hallမှာ အရှေ့တောင် အာရှတိုင်းပြည် မြန်မာနိုင်ငံမှ မြန်မာပြည်သူများရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာကြတဲ့ နိုင်ငံခေါင်းဆောင်များထဲမှ ၅ဦးမြောက်အဖြစ် ဟောပြောခွင့် ရရှိခြင်းအား ဝမ်းမြောက်ဝမ်းသာ လေးစား ဂုဏ်ပြုအပ်ပါသည်...။








 ဗြိတိန်ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကြားမှ မြန်မာပြည်သူလူထုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
(ဝဲမှညာ) လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ဝဲအစွန်)၊ လေဘာပါတီ ခေါင်းဆောင် Ed Miliband (ဒုဝဲ) ယခင်ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ ဇနီး ရှေ့နေ Cherie Blair (အဖြူဝတ် အမျိုးသမီး)၊ ယခင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင်ဘရောင်း၊

 





 


ဒုတိယကမ္ဘာစစ် နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ United Kingdom အထက်အောက် ပါလီမာန်ရဲ့ Westminster Hallမှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့ နိုင်ငံရပ်ခြားမှ နိုင်ငံ့ခေါင်းဆောင်များ စာရင်း။

၅ဦးမြောက်ကတော့ အနာဂတ်မြန်မာနိုင်ငံရဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ..

7 April 1960 Charles de Gaulle President of France

11 July 1996 Nelson Mandela President of South Africa

17 September 2010 Benedict XVI Pope (state Visit)

25 May 2011 Barack Obama President of the United States

21 June 2012 Dr. Aung San Suu Kyi Union of Myanmar 




ဒေါင်းနင်းလမ်း အမှတ်(၁၀)မှအပြန်  
ခွပ်ဒေါင်းမိခင် နင်းလျှောက်ခဲ့တဲ့ အမှတ်(၁၀)ဒေါင်းနင်းလမ်းမှအပြန်...

မြန်မာပြည်လူထုခေါင်းဆောင် ၂နှစ်သမီးအရွယ် လောက်ကပေါ့ မြန်မာပြည် လွတ်လပ်ရေးအတွက် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဒီဒေါင်းနင်းလမ်း အမှတ် ၁၀ မှာပဲ အောင်ဆန်း အက်တလီ စာချုပ်ကို ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့
ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီတို့ လက်မှတ် ရေးထိုးခဲ့ကြတယ်။

ထိုမှ နှစ်ပေါင်း (၆၅)နှစ်အကြာမှာတော့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါ ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှ နေ့လည်စာနဲ့ တည်ခင်းခဲ့သလို ဗြိတိန်နိုင်ငံရဲ့ အထက်အောက် လွှတ်တော်မှာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း နိုင်ငံခေါင်းဆောင် အဆင့်တွေသာ ဂုဏ်ပြုတဲ့ အနေနဲ့ ပြောခွင့်ပြုတဲ့ ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ ယခု မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်မှ ၅ဦးမြောက်အနေနဲ့ ဟောပြောခွင့်ရခဲ့ပါတယ်..။ ရွှေမြန်မာတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် သတင်းတပုဒ်ပါ..။ ကျင်းပတော့မယ့် လန်ဒန်အိုလံပစ်က ရွှေတံဆိပ်ဆုထက် အဆပေါင်းများ စွာသာတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်တွေကို ကမ္ဘာ့အလယ်မှာ မော်ကြွားနိုင်အောင် အမေစု ဂုဏ်ဆောင်ပေးခဲ့ပါပြီ။

သမိုင်းလိုအပ်ချက်အတွက် နှစ်ပေါင်းများစွာမှ ပေါ်ပေါက်ပေးရတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခွပ်ဒေါင်းမိခင် ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ ကျေးဇူးတရားများကား အင်မတန်မှပင် ကြီးမားလှပါပေသည်...။

အမေစု ကျန်းကျန်းမာမာဖြင့် ဘေးဘယာ ကင်းရှင်းစွာဖြင့် တိုင်းကျိုးပြည်ကျိုးကို ဆက်လက်ထမ်းရွက်ပေးဖို့ အားမနာ၊ အလိုက်မသိစွာနဲ့ ဆက်လက်တောင်းဆိုပါတယ် အမေစု.။

ဒီမိုဝေယံ
 
 
Britain's Prime Minister David Cameron
နဲ့ ယနေ့နေ့လည်စာသုံးဆောင်ခဲ့ပြီးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်..။

 
Garden of Clarence House အတွင်း အမှတ်တရ သစ်ပင် စိုက်ပျိုးခဲ့ပါတယ်..။


ယနေ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် တော်ဝင် အိမ်ရှေ့မင်းသား ချားလ်နဲ့တွေ့ဆုံခဲ့ပြီး Clarence House ပန်းခြံအတွင်း တံတိုင်းမွှေးပန်းပင် စိုက်ပျိုးခဲ့ပါတယ်..။
 
 
Oxford Universityရဲ့ Honorary Doctors of Civil Law ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့အား လက်ခံရယူစဉ်..
  
Oxford Universityရဲ့ ဂုဏ်ထူးဆောင် Honorary Doctors of Civil Law ဒေါက်တာဘွဲ့ပိုင်ရှင်
ဒေါက်တာဒေါ်အောင်ဆန်းစုကြည်..
 
 
19ရက်နေ့က Oxford University Bodleian စာကြည့်တိုက်ကို လာရောက် လေ့လာခဲ့တဲ့ မြန်မာပြည်သူထုခေါင်းဆောင်နဲ့ (၆၇)နှစ်ပြည့် မွေးနေ့ရှင် အမေစု..

 
BBC World Service Studio မှာ အသံလွှင့်ထုတ်နေစဉ်...

အမှန်တရားတွေအတွက် အမေစု ဆွေးနွေးခဲ့မယ်လို့ ယုံကြည်ပါတယ်..။
 
၁၉ရက်နေ့က Oxfordတက္ကသိုလ်မှ အမေစု ပညာသင်ဖက် ငယ်သူငယ်ချင်းများနဲ့ အမှတ်တရ
 
၁၉ရက်နေ့က Oxfordတက္ကသိုလ်မှ ပညာသင်ဖက် ငယ်သူငယ်ချင်းများနဲ့ ပြန်လည်တွေ့ဆုံစဉ်.. ဝမ်းသာအားရ မြငတွေ့ရတဲ့ အမေစု..။

ထူးခြားတာကတော့ အမေစုက အများထက် ငယ်ရွယ်နုပျိုနေပါတယ်..။
ပြည်သူအပေါ်ထားတဲ့ မေတ္တာနဲ့ ပြည်သူ့မေတ္တာကြောင့်လို့ ထင်မြင်မိပါတယ်..။
 

 
အင်္ဂလန်နိုင်ငံတောင်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပညာသင်ခဲ့ရာ Oxfordတက္ကသိုလ်ရဲ့ Bodleian Library ကို ရောက်ရှိစဉ်မှာ ကြိုဆိုကြတဲ့ မြန်မာနဲ့ အင်္ဂလန် ပရိသတ်...
 
London School of Economics ဆွေးနွေးပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၄၇ခုနှစ် ဖခင်ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ရောက်စဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ LSE Baseball Club ဦးထုပ်တို့အား ပေးအပ်ခဲ့ပါတယ်..။

 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြားခဲ့ရာ Oxfordတက္ကသိုလ်သို့ ရောက်ရှိလာစဉ်..။

Oxfordတက္ကသိုလ်ရဲ့ အဓိပတိ Chris Patten မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုနေစဉ်...။ ယနေ့မှာတော့ Oxfordတက္ကသိုလ်မှ မိတ်ဟောင်း ဆွေဟောင်းများနဲ့ မွေးနေ့ အထိမ်းအမှတ် ပြုလုပ်မှာ ဖြစ်ပါတယ်..
 
မနေ့က အမေစု အိုင်ယာလန်နိုင်ငံ Dublin City ရဲ့ ဂုဏ်ထူးဆောင် လွတ်လပ်ရေးဆု လက်ခံရယူတဲ့ အခမ်းအနား ရုပ်သံ ဒီလင့်ခ်မှာ ပြန်ကြည့်လို့ရပါပြီ http://www.rte.ie/player/#!v=3321402

Amnesty International ရဲ့ ၂၀၀၉ခုနှစ်က ချီးမြှင့်တဲ့ (Ambassador of Conscience Award)ကို ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatreမှာ လက်ခံရယူခဲ့ပြီး အဆိုပါ ခန်းမ အပြင်ဘက်က ထောက်ခံဂုဏ်ပြုသူ ထောင်ချီတဲ့ လူထုရှေ့မှောက်မှာ Dublin City ရဲ့ ဂုဏ်ထူးဆောင်ဆု လွတ်လပ်ရေးဆုကို ထပ်မံ လက်ခံရယူခဲ့တာပါ။

ဂုဏ်ယူဝမ်းမြောက်မှု များစွာနဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့ခေါင်းဆောင် ယနေ့မွေးနေ့မှ စ၍ နှစ် ၁၀၀တိုင်ပါစေ..
 
သမ္မတမှ သမ္မတသို့..

အိုင်ယာလန် သမ္မတ Michael D. Higginsမှ မြန်မာ ပြည်သူလူထု ခေါင်းဆောင်အား သမ္မတရုံးမှာ တွေ့ဆုံစဉ်
 
 
Amnesty International ရဲ့ 2009ခုနှစ်က ချီးမြှင့်တဲ့ Ambassador of Conscience Awardဆုအား လက်ခံရယူပြီး အိုင်ယာလန်နိုင်ငံ Dublinမြို့က ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatre မှာ ပရိသတ်အား အမှာစကား ပြောကြားနေတဲ့ မြန်မာပြည်သူတွေရဲ့ အမေဒေါ်အောင်ဆန်းစုကြည်..
 
မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် Amnesty International ရဲ့ 2009ခုနှစ်က ချီးမြှင့်တဲ့ Ambassador of Conscience Awardအား လက်ခံရယူစဉ်..

 
ထူးထူးခြားခြား ယနေ့မွေးရက်နဲ့ မွေးနေ့ အဂါင်္နေ့ တိုက်ဆိုင်နေတဲ့ အမေစုရဲ့ (၆၇)နှစ်ပြည့် မွေးနေ့မှာ အားလုံးဝိုင်းဝန်း ဆုတောင်းပေးကြပါ..။
 
အမေစု အိုင်ယာလန်နိုင်ငံကို ရောက်ပြီ
ဒီကနေ့ အိုင်ယာလန်နိုင်ငံသို့ U2 အဖွဲ့ခေါင်းဆောင် Bono နဲ့အတူ ရောက်ရှိလာတဲ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အိုင်ယာလန် ဒုဝန်ကြီးချုပ် Eamon Gilmore မှ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်နေစဉ်...

 
Oslo Forum press conference သို့တက်ရောက်လာတဲ့
 မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..

 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် Norway နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stoereနဲ့ ကမ္ဘာကျော် U2 အဖွဲ့ Rock အဆိုတော် Bono တို့  Oslo peace forum တွေ့ဆုံကြစဉ်..

 
Oslo peace forum မှာတွေ့ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ U2 အဆိုတော် Bono

  
 နော်ဝေ ပရိသတ်ကို မိန့်ခွန်းပြောကြားနေတဲ့ လူထုခေါင်းဆောင်ရဲ့ ယုံကြည်မှု အပြည့်နဲ့ ခန့်ငြားတဲ့ ဟန်ပန်သွင်ပြင်..
 
မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို နားထောင်နေကြတဲ့ နော်ဝေ ပရိသတ်အင်အား...
၁၅ရက်နေ့က နော်ဝေနိုင်ငံ အော်စလို မြို့မှာ ကြိုဆိုကြတဲ့ မြန်မာနဲ့ နော်ဝေ ပရိသတ်များ
မြန်မာပြည်က အတိုင်းပါပဲဗျာ...
 
 နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နိုဘယ် ငြိမ်းချမ်းရေး ဆုလက်ခံရယူပြီး ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြောကြားခဲ့

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နော်ဝေမဲဆန္ဒနယ်
 
နော်ဝေနိုင်ငံ အော်စလို City Hallမှာ ပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟောပြောပွဲ အခမ်းအနား
  
ခန်းမထဲမှာ ထိုင်နေကြတဲ့ ရှေ့ဆုံးတန်းမှာတော့ ညာအစွန် ကွယ်လွန်သူ မိုက်ကယ် အဲရစ်ရဲ့ အမွှာညီအကို Anthony Aris၊ အမေစုရဲ့သား Kim Aris, ၁၉၉၁ အမေစု နိုဘယ်ဆုရတဲ့ နှစ်က ဆုချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌ Francis Sejerstedတို့ပါ..။ နောက်တန်းမှာတော့ ကိုဇေယျာသော်၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် ဦးထာဝရနဲ့ ဧည့်ပရိသတ် မြင်ကွင်းဓာတ်ပုံပါ..။
 
ခန်းမထဲမှာ ရှိတဲ့ ပရိသတ်အားလုံး သောင်းသောင်းဖြဖြ မတ်တပ်ရပ်ပြီး လက်ခုပ်တီး ကြိုဆိုကြပါတယ်..။ ဒီပုံထဲမှာ အောက်မှာ ရပ်ပြီး လက်ခုပ်တီး ချီးမြှင့်သူ တွေကတော့ ညာအစွန်မှ နော်ဝေ အိမ်ရှေ့မင်းသား Mr.Haakon, နော်ဝေဘုရင်မ Mrs. Sonja ဘုရင် Mr.Herald တို့ဖြစ်ပါတယ်...။  
 

နိုဘယ် ငြိမ်းချမ်းရေးဆု ရယူရန် ခန်းမအတွင်းသို့ ဝင်ရောက်လာတဲ့
 မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
  
၁၅ရက်နေ့က နော်ဝေဘုရင်နဲ့ နော်ဝေဝန်ကြီးချုပ်တို့ ဧည့်ခံတဲ့ ညစာစားပွဲသို့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်..
 
၁၅ရက်နေ့က နော်ဝေးဘုရင် Norway's King Harald (ညာဘက်ပုဂ္ဂိုလ်နဲ့) နော်ဝေးဝန်းကြီးချုပ် Jens Stoltenberg တို့ တည်ခင်းတဲ့ ညစာစားပွဲမှာ တွေ့ရတဲ့ ကျွန်တော်တို့ လူထုခေါင်းဆောင်..
 
 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေဝန်ကြီးချုပ်တို့ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံစဉ်..
 
နော်ဝေ အစိုးရ ဧည့်ဂေဟာမှာ ပြုလုပ်တဲ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နော်ဝေ ဝန်ကြီးချုပ်Jens Stoltenbergမှ တို့ရဲ့ သမိုင်းဝင် တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ..
  
နော်ဝေနိုင်ငံ အော်စလိုမြို့ကို ရောက်ရှိလာတဲ့ ၁၉၉၁ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မြန်မာပြည်သူလူထု
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်ငြိမ်ချမ်းရေး ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ Thorbjoern Jagland (ညာဘက် ပုဂ္ဂိုလ်)နဲ့ ဒေသဆိုင်ရာ ဖွံဖြိုးရေးအမျိုးသမီး ဝန်ကြီးတို့မှ အော်စလို လေဆိပ်မှာ လာရောက် ကြိုဆိုကြပါတယ်..။
 
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှ Bern မြို့သို့ သွားရောက်တဲ့ ရထားပေါ်မှာ ဆွစ်လူငယ်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အမှတ်တရ လက်ဆောင်အား လက်ခံရယူစဉ်...
 
 
 တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း
 
 ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း
ILO သတင်းစာရှင်းလင်းပွဲမှ အမေစု ပြောကြားချက် ...
 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ILO ခန်းမထဲရောက်ရှိလာစဉ်မှာ ခန်းမအတွင်း ဧည့်ပရိသတ် တထောင်ခန့်မှ မိနစ်အတော်ကြာ မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုကြပါတယ်..။ 
  

No comments: