Saturday, June 9, 2012

ရွှေသမင် ဘယ်ကထွက် သိန်းစိန်တာကထွက်။

 09 June 2012

ကျနော်တို့နိုင်ငံမှာ အင်မတန် ဆိုးဝါးတဲ့ လူမျိုးရေး ပဋိပက္ခတွေ အစပျိုးခဲ့ပြီ။ သွေးမြေခခဲ့ပြီ။ ဆိုးဆိုးဝါးဝါး သွေးမြေခခဲ့ပြီ။ ဒီ့ထက်ပိုဆိုးဦးမလား သွေးချောင်းစီးတော့မလား ဆိုပြီး ရင်တမမဖြစ်နေရတယ်။


ဒီကိစ္စတွေ ဘာကြောင့်ဖြစ်သလဲ။ ဘယ်သူတွေက သွေးထိုးလှုံ့ဆော်နေကြသလဲ။ ဘာ့ကြောင့် သွေးထိုးလှုံ့ဆော်နေသလဲ။ ဘာအကြံ အစည်ရှိသလဲ။ ဘယ်လိုရည်ရွယ်ချက်ရှိသလဲ။


ရွှေသမင်ဘယ်ကထွက်သလဲ။ သေသေချာချာ စစ်ကြည့်တော့ ….. မင်းကြီးတာက ထွက်နေပါသကော။


ဒီကိစ္စတွေကို လက်ရှိအုပ်ချုပ်နေတဲ့ ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေး အစိုးရ (သို့မဟုတ်) ဦးသန်းရွှေ ကြိုးကိုင်တဲ့ စစ်အာဏာရှင်တွေက ကြိုးကိုင်နေတယ်။ မဆိုးဆိုးအောင် သွေးထိုးလှုံ့ဆော်ပေးနေတယ်လို့ ကျနော်ဆိုချင်တယ်။


ဘာ့ကြောင့် ဒီလိုဆိုသလဲ။ ဘာအထောက်အထားရှိသလဲလို့ မေးကြလိမ့်မယ်။


အထောက်အထားနဲ့ ကွင်းဆက်များ။


သမ္မတရုံးညွန်မှူး


သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး ဆိုတာကို တော်တော်များများသိကြမယ်ထင်ပါရဲ

့။ ရေဒီယိုသတင်းဌာနတွေမှာ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ် အနေနဲ့ အင်တာဗျူးတွေ ပေးနေပါတယ်။ မကြာသေးခင်ကပဲ ဝိကလီး အလဲဗင်းမှာတောင် မှူးဇော်ဆိုတဲ့ ကလောင်နာမည်နဲ့ နေပြည်တော် အနာဂတ်သဘောတူညီချက် ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးလိုက်ပါသေးရော့လား။ အဲဒီ ဗိုလ်မှူးဇော်ဌေးဆိုတဲ့ ဒီအက်စ်အေ ဆင်း ပုဂ္ဂိုလ်ဟာ ဖေ့စ်ဘုတ် (ဖဘ) မှာ မှူးဇော်ဆိုတဲ့ နာမည်နဲ့ စာမျက်နှာဖွင့်ထားပါတယ်။ သူ့ရဲ့ လိပ်စာက ဟောဒီမှာပါ…

https://www.facebook.com/hmuu.zaw


သူ့ဖဘမှာ သမ္မတရုံးဝက်ဘ်ဆိုက်ပုံကို ကူးယူထားတဲ့ ဓါတ်ပုံနဲ့ သမ္မတရဲ့ပုံတွေ တင်ထားတာကိုလည်း တွေ့ကြပါလိမ့်မယ်။ အဲဒီ မှူးဇော်ဆိုတဲ့ သမ္မတရုံးညွှန်ကြားရေးမှူးဟာ လူမျိုးရေးမုန်းတီးမှုကို သွေးထိုးလှုံ့ဆော်ပြီး အဓိကရုဏ်းတွေ ကြီးကျယ်အောင် လုပ်နေပါတယ်။ မဟုတ်မမှန် ကောလဟလ တွေကိုလည်း ရဲရဲတင်းတင်း၊ ပြောင်ပြောင်တင်းတင်း ထုတ်လွှင့်နေပါလေရဲ့။ ဥပမာ တခု ကူးယူပြပါမယ်။ ဒီမှာကြည့်ပါ။


“(ပုဂ္ဂလိကအမြင် တင်ပြခြင်းသာ ဖြစ်ပါသည်)


ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ
့ဝင်များအမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော်လာကြောင်း သိရှိရပါသည်။
ပြည်ပမှ ရိုဟင်ဂျာများ ၀င်လာခြင်း ဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်သတင်း ရရှိထားပြီး ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်။

ဤအတွက်တော့ လူသားချင်းစာနာထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုပါ။ ရွှေပြည်အေးတရားတွေ၊ မေတ္တာရှင်ကြီးလိုလို လာပြီး ဆရာကြီး မလုပ်ကြစေလိုပါ။ အသံကောင်း မဟစ်ကြစေလိုပါ။


(ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တော ဒေသများကို သွားကြည့်ပါ။ ကျွန်တော်တို့တိုင်းရင်းသားတွေ ကျီးလန့်စာ စားနေရတဲ့အပြင် ကိုယ့်မြေ ကိုယ့်ရေမှာ လုံခြုံမှု မရှိတော့တဲ့ ဘ၀ရောက်နေကြရပြီ။ ဒီအတွက် ကျွန်တော် ရင်နာမိတယ်။ ဒါ ကျွန်တော်တို့ တိုင်းပြည်ကြီးလေ - ဒါ ကျွန်တော်တို့ မြေလေ။)


(အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေး ပါတီများ၊ လွှတ်တော်အမတ်များ၊ Civil Society များ၊ အမြဲတမ်း အတိုက်အခံလုပ်နေရမှ ကျေနပ်နိုင်သော၊ သမ္မတကြီးနှင့် အစိုးရအပေါ် မကောင်းပြောရမှ စာရင်းအိပ်ပျော်ကြသူများ အားလုံးကို တိုက်ရိုက်ရည်ညွှန်း ပြောကြားခြင်း ဖြစ်ပါသည်၊”


လူလည်ကြီးသားများ ထုံးစံအတိုင်း သူမဟုတ်တရုတ်သွေးထိုးလှုံ့ဆော်တာ
ကို ပုဂ္ဂလိက အမြင်လို့တော့ ကွင်းခတ်ထားလိုက်သေးသဗျ။ တော်တော် ကလိမ်ကကျစ်နိုင်မယ့်လူပါပဲ။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးက သမ္မတပုံကို ဖဘ စာမျက်နှာမှာ တင်ပြီး ဒီလို မဟုတ်မမှန် သတင်းတွေကို ဝါဒဖြန့်ချိလုပ်ကြံနေတာဟာ ဘာသဘောပါလဲ။ ရှင်းရှင်းလေးပါ။ အပြစ်မဲ့ သာမန်ပြည်သူတွေကြားမှာ အင်မတန်ဆိုးဝါး ရက်စက်တဲ့ သွေးချောင်းစီးမှုကြီးဖြစ်လာအောင် အစီအစဉ်တကျ အကွက်ချဖန်တီးနေတာပါပဲ။ မှူးဇော်ရဲ့ အဲဒီ ပို့စ်ကို ဇွန်လ ၈ ရက် ညပိုင်းအထိအချိန်အတွင်းမှာ လူပေါင်း ၃၅၁ ယောက်က ကူးယူဖြန့်ချိထားပြီး အဲဒီ ၃၅၁ ယောက်မှာ မပါသေးတဲ့ နောက်ထပ်လူပေါင်း ၆၁၀ ကဒီသတင်းကို ကြိုက်နှစ်သက်ပါကြောင်း like လုပ်ထားပါတယ်။ မှတ်ချက် ပေးတဲ့သူက ၁၆၄ ယောက်ရှိပါတယ်။ ဆိုတော့ လူပေါင်း ၁၀၀၀ လောက်ဟာ ဒီသတင်းကို ဖတ်ရှုကြပြီး ထပ်ဖြန့်တဲ့သူကလည်း ဖြန့်ပြီးနေပါပြီ။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးကိုယ်တိုင်က ရေးထားတာဆိုတော့ သူတို့လည်း ယုံမိကြမှာပါ။

မှူးဇော်ရဲ့ သဘောထားလေးတွေ သိရအောင်


နောက်ထပ်နည်းနည်းထပ်မျှဝေလိုက်
ပါရစေဦး။ ကြည့်ပါ။

“မိတ်ဆွေများ ခင်ဗျား-

ခင်ဗျားတို့တော့ မသိဘူး
ဒီမိုကရေစီဘက်တော်သားတွေ ဘယ်လို သဘော ရှိသလဲ နိုင်ငံရေးပါတီတွေ ဘယ်လို ခံယူမလဲ ဒါတွေ ကျွန်တော်မသိဘူး
အခုလို ပြောလာတာတွေကိုတော့ လုံးဝ လက်မခံဘူး။
အဲဒီ အပြင်က ရိုဟင်ဂျာတွေကို လုံးဝ လက်မခံနိုင်ဘူး။ လူသားချင်း မစာနာဘူး ဘာဘူး ပြောပါစေ လက်မခံဘူး။ လက်ခံနိုင်တယ်၊ သနားတယ် ပြောတဲ့သူတွေ ဒီမြေပေါ်မှာ မနေကြပါနဲ့။

အမေရိကားနဲ့ ဘန်ကီမွန်းတို့တိုင်းပြည်တွေကို ပို့ပေးမယ်။ သူတှို့ လက်ခံမလား။”


သနားတယ်ပြောတဲ့သူတွေ ဒီမြေပေါ်မှာ မနေကြပါနဲ့ တဲ့။ မှူးဇော်ပြောပေါက်က ဖနောင့်နဲ့ ထပေါက်ချင်စရာ။ ဒီမြေကို သူပိုင်တဲ့ မြေလို့ ထင်နေပုံပဲ။ သမ္မတရုံးညွှန်ကြားရေးမှူးကြီးဆို
တော့ ဒါဒို့ပြေ၊ ဒါဒို့မြေ ဆိုတဲ့ သီချင်းကို ဆိုရင်း ဒို့ဆိုတာ ဒို့စစ်အာဏာရှင်တွေကို ပြောတာ ပဲလို့များ ယူဆလေသလား မဆိုတတ်ဘူး။ ကျနော်တောင် ဒီစာတွေ ဖတ်ရှုစုဆောင်းရင်းနဲ့တောင် နောက်ကျောမလုံလို့ လှည့်လှည့်ကြည့်ရတာ အမော ပါပဲ။ အော်… သူတို့ပိုင်တဲ့ မြေဆိုသကိုး။ စစ်တပ်ကြီးတွေနဲ့ နောက်ကနေ ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။

ကဲ.. နောက်ထပ်တခုလောက် ထပ်ကြည့်ပါ။


“အရင်က ဘယ်လိုပဲ သဘောထား ရှိခဲ့ရှိခဲ့ အခုအချိန်မှာ အားလုံးစည်းလုံးကြဖို့ လိုနေပါပြီ၊ အခုကြုံတွေ့နေရတဲ့ ပြဿနာဟာ လူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ်တော့ပဲ တိုင်းတပါးကျူးကျော်မှု ပုံစံသက်ဝင်လာနေပါပြီ၊ ပုဒ်မ (၁၄၄) ထုတ်ပြန်ပြီး ပစ်မိန့်ပေးခဲ့တာဟာ အခုဖြစ်နေတဲ့ အခြေအနေရ ရခိုင်လူထုရဲ့ အသက်ကိုကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးကို ထိန်းထိန်းသိမ်းသိမ်း အစိုးရဘက်ကလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အကိုင်အတွယ်မတတ်ရင် မြန်မာအစိုးရဟာ လူမျိုးရေးသတ်ဖြစ်မှုတွေ လုပ်နေသယောင်ယောင် အပုတ်ချခံရမှာဖြစ်ပါတယ်။ (အခုအချိန်မှ သတိထားကြည့်မယ်ဆိုရင် နိုင်ငံတကာမီဒီယာက လုံးဝအသံတိတ်နေတာကို တွေ့ရပါလိမ့်မယ်၊ ရှားရှားပါပါးတက်လာတဲ့ CNA သတင်းတစ်ပုဒ်မှာလဲ လုံခြုံရေးအဖွဲ့တွေက ပစ်တာကိုပဲ ဇောင်းပေးရေးထားပြီ ဖြစ်ပေါ်လာရတဲ့ နောက်ခံအခြေနေကို ခပ်ဖေါ့ဖေါ့လေးပဲ ရေးတာကိုတွေ့ရပါလိမ့်မယ်။ နိုင်ငံတကာမှာ ချိတ်ဆက်ပြီး လုပ်ကြံမှုကြီး လုပ်နေကြသလားလို့တောင် ထင်မိပါတယ်။)


သဘောထားကွဲပြားမှုတွေ ခဏဘေးချိတ်ပြီး ဒီအချိန်မှာ မိတ်ဆွေများအားလုံး အတူအတကွ နိုင်ငံတော်အစိုးရနဲ့အတူရပ်ကြဖိ
ု့ တိုက်တွန်းလိုပါတယ်။ လူအခွင့်အရေး အကြောင်းပြချက်တွေ၊ ဘာသာရေးလူမျိုးရေး အကြောင်းပြချက်တွေနဲ့ တိုက်ခိုက်လာဖို့ ရှိပါလိမ့်မယ်။ နိုင်ငံတကာကို မြန်မာနိုင်ငံဟာ အခု CNA သတင်းထဲမှာ ပုံဖေါ်နေသလို ဘာသာရေး၊ လူမျိုးရေး အရှုပ်အထွေးဖန်တီးနေတာမဟုတ်ပဲ နိုင်ငံခြားကျူးကျော်မှုကို တွန်းလှန်နေရတာပါဆိုတာ သိအောင်အတူပြကြဖို့ လိုနေပါပြီ။”

ဒီရေးသားချက်တွေကို ကြည့်ရင် ဗိုလ်မှူးဇော်ဌေးကို နာဇီဇော်ဌေးလို့ ခေါ်ရုံမှတပါး တခြားသင့်တော်တဲ့ နာမည် မရှိတော့ပါဘူး။ သူ့ရဲ့ ဖဘ စာမျက်နှာမှာ လူမျိုးရေးမုန်းတီးမှုကို လှုံ့ဆော်သွေးထိုးတဲ့ စာတွေ အပြင် ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ကြ၊ သတ်ဖြတ်ကြတဲ့ သတင်း တွေရော စုစုပေါင်း ရခိုင် ပြဿနာနဲ့ ပတ်သက်တဲ့ ပို့စ် အစိတ်ကျော်ကျော် တင်ထားပါတယ်။ တချို့ပို့စ်တွေက သမ္မတရုံးဝက်ဘ်ဆိုက်ကို လည်း ညွှန်းထား (လင့်ပေးထား) ပါတယ်။ သမ္မတရုံးဝက်ဘ်ဆိုက်မှာလည်း သတ်ကြဖြတ်ကြတဲ့ သတင်း သေဆုံးတဲ့သူတွေရဲ့ နာမည်ကို အသေးစိတ်ရေးပြီးတင်ထားပါတယ်။


ဒီလို လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုမျ
ိုးကို တသွေးတသံတမိန့်ကျင့်သုံးတဲ့ စစ်တပ်ကလာသူ ဗိုလ်မှူးဇော်ဌေးဟာ သမ္မတကြီး မသိဘဲ၊ သို့မဟုတ် သမ္မတထက်ကြီးသူတယောက်ယောက် မသိဘဲ ကိုယ့်သဘောနဲ့ ကိုယ်ထင်တိုင်းကြဲရဲပါ့မလား။ စဉ်းစားစရာဖြစ်ပါတယ်။

အစိုးရ သတင်းဌာနများ။


နောက်တခါ မြန်မာ့ရုပ်မြင်သံကြားကနေ လူသတ်မှု သတင်းကြေညာပုံကလေးကို ပြန်ပြောချင်ပါသေးတယ်။


ထက်ထက် ခေါ် ယော်ရှီး အဘ ဦးကျော်သောင်း ဘင်္ဂါလီ အစ္စလာမ်၊ ရော်ဖီ အဘ ဆွေယွတ်တမောက် ဘင်္ဂါလီ အစ္စလာမ်၊ ဟိုကြည် အဘ အပ်ကွက်ကြေ ဘင်္ဂါလီ အစ္စလာမ် တို့ကနေ မသီတာထွေးကို တောစပ်ထဲသို့ ပွေ့ဖက် ခေါ်ဆောင်ကာ တယောက်တကြိမ် သားမယား ပြုကျင့်ကာ လည်ပင်းအား ဓါးနဲ့ လှီးဖြတ်ခဲ့ကြောင်းလို့ ကြေညာသွားပါတယ်။ နားထောင်ရတဲ့ပုံစံက အခင်းဖြစ်ပွားချိန်မှာ သတင်းကြေညာတဲ့သူကိုယ်တိုင် ဘေးကထိုင်ကြည့်နေသလား မှတ်ရတယ်။ မြန်မာ့ရုပ်မြင်သံကြားကနေ လူသတ်မှု သတင်းကြေညာတဲ့ အခါ ယော်ရှီး ဘင်္ဂါလီ အစ္စလာမ်လို့ ထည့်သွင်း ကြေညာဖို့လိုအပ်ပါသလား။ ဘာ့ကြောင့် ဘာသာကို ဇောင်းပေး ကြေညာတာလဲ။ ဒါဟာ ဘာသဘောလဲ။ နောက်တချက်က တရားရုံးကနေ စီရင်ချက်မချခင်မှာ ဒီလူတွေက မသီတာထွေးကို လည်ပင်းကို ဓါးနဲ့ လှီးဖြတ်ခဲ့ပါတယ်လို့ ကြေညာတာဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ဆီလျော်ပါရဲ့လား။ အသရေဖျက်ရာ မရောက်ပေဘူးလား။ တရားရုံးအပေါ် မတော် သြဇာလွှမ်းမိုးရာ မရောက်ပေဘူးလား။ နိုင်ငံတော် သတင်းဌာနကြီးတခုက ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီလောက်ပေါက်လွှတ်ပဲစားလုပ်ရဲ တာပါလိမ့်။ နောက်တခါ တောထဲကို သတင်းကြေညာသူကိုယ်တိုင် ကွက်ကွက်ကွင်းကွင်း ခေါ်သွားပြပုံတွေဟာ လူမျိုးရေး သွေးထိုး လှုံ့ဆော်ပေးရာ မရောက်ပေဘူးလား။ တကယ်လို့ တရားခံတွေက ဝန်ခံတယ်ဆိုရင်လည်း အနည်းဆုံးတရားခံများက ဝန်ခံထွက်ဆိုထားတယ်လို့ ထည့်ပြောရပါမယ်။ ဒါတောင်မှ ပုလိပ်ရှေ့က ထွက်ဆိုချက်ဟာ တရားရုံးမှာ တရားဝင်မဝင်ဆိုတာ ပြောစရာရှိပါသေးတယ်။ သူကိုယ်တိုင် မြင်သယောင်ယောင် အပိုင်ပြောဆိုပုံမျိုးကတော့ စာနယ်ဇင်းကျင့်ဝတ်နဲ့ ဘယ်လိုမှ မသင့်တော်ရုံသာမက သူတို့ အခေါ် မအပ်မရာ ကျင့်မိစ္ဆာဆိုတာမျိုးပါ။ စာနယ်ဇင်းကျင့်ဝတ်ကို ဒီလောက်ကလေးမှ နားမလည်လောက်အောင် သူတို့ သတင်းစာဆရာတွေလည်း တကယ်တော့ မတုံးမအပါဘူး။ အထက်ကလာတဲ့စာမို့သာ သူတို့ မပြင်ရဲကြတာပါ။


နောက်တခါ ရုပ်မြင်သံကြားကလည်း ကြေညာခဲ့သလို သတင်းစာထဲမှာလည်းထည့်သွင်းခဲ့တဲ
့ သတင်းတပုဒ်ကို ဆက်ပြောပါရစေ။ ဒီသတင်းကြောင့် အစ္စလာမ်ဘာသာဝင်တွေ ဆူးလေနားမှာ ဆန္ဒပြပွဲဖြစ်ခဲ့သေးတာကို မှတ်မိကြမှာပါ။ အဲဒီသတင်းမှာ ရေးသား ကြေညာပုံက ဒီလိုပါ။

“မသီတာထွေးအား “ရက်စက်စွာ” “စော်ကားခံရ” သော ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဓါတ်ပုံနှင့် မွတ်ဆလင် ကုလားများ၏ ရခိုင် အမျိုးသမီးအား “ရည်ရွယ်ချက်ရှိရှိဖြင့်” “ရက်စက်ယုတ်မာမှုများကို” တောင်ကုတ်မြို့ပေါ်နေ ပြည်သူများသိစေရန် အသိပေး နှိုးဆော်ခြင်း ခေါင်းစဉ်ဖြင့် ဝံသာနုရက္ခိတ အဖွဲ့ တောင်ကုတ်မြို့ အမည်ဖြင့် စာများ ဖြန့်ဝေခဲ့ကြောင်းသိရှိရသည်။”


အဲဒီနောက်မှာ ရိုးမသစ္စာကားပေါ်က လူဆယ်ဦးကို သတ်ဖြတ်တဲ့ အကြောင်း ဆက်ရေးပါတယ်။ အထက်ကသတင်းထဲမှာ မျက်တောင် အဖွင့်အပိတ်တွေကို ကျနော်ထည့်ထားတာဖြစ်ပါတယ်။ အဲဒီ မျက်တောင်အဖွင့်အပိတ်တွေထဲက စာသားတွေကို ကြည့်ပါ။ နိုင်ငံတော် သတင်းစာကြီးတွေ၊ နိုင်ငံတော်ရုပ်မြင်သံကြားဌာနြ
ကီးတွေ အနေနဲ့ ဘယ်လောက် ကျင့်ဝတ်သိက္ခာကင်းမဲ့စွာနဲ့ ရေးသားဖတ်ကြားသွား တယ်ဆိုတာ ထင်းထင်းကြီး မြင်နိုင်ပါတယ်။ ရက်စက်စွာ တို့ အစော်ကားခံရတို့ ဆိုတာဟာ အယ်ဒီတာကနေ ပရိသတ်အပေါ်မှာ လွှမ်းမိုးပြီး ကောက်ချက်ချပေးတဲ့ အရေးအသားမျိုးပါ။ မွတ်ဆလင်ကုလားတွေကနေ ရခိုင် အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိ ရက်စက် ယုတ်မာမှုများ ဆိုတာကတော့ မွတ်ဆလင်အားလုံးနဲ့ ရခိုင်လူမျိုးအားလုံးကို အတိအလင်း ရန်တိုက်ပေးတဲ့ အရေးအသားဆိုတာ သိပ်ထင်ရှားပါတယ်။ မွတ်ဆလင်တွေကနေ ရခိုင်တွေ အပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရက်စက်ယုတ်မာတယ်ဆိုတာကို အယ်ဒီတာမင်းများ ဘယ်လိုများသိလိုက်ပါသလဲ။ ဒီလိုအရေးအသားမျိုးကို နိုင်ငံတော်သတင်းစာတွေနဲ့ ရုပ်မြင်သံကြားတွေမှာ တပြိုင်တည်း တထပ်တည်း ကြေညာ ရေးသားတယ်ဆိုတာဟာ ဘယ်လိုနည်းနဲ့မှ မတော်တဆ မဟုတ်နိုင်ပါဘူး။ တကယ်လို့ အထက်ညွှန်ကြားချက်မဟုတ်ဘဲ မတော် တဆဆိုရင်လည်း ဒီလောက်ဖျင်းတဲ့ ဒီလောက်ယုတ်မာတဲ့ ပြန်ကြားရေး အရာရှိတွေ ပြန်ကြားရေးညွှန်ချုပ်တွေကို အလုပ်ဖြုတ်ရုံသာမ က ထောင်ချဖို့တောင် ကောင်းပါတယ်။

နောက်ထပ် ပြောစရာ တချက်က ဒီသတင်းမှာ မပြည့်မစုံဖြစ်နေတဲ့ အချက်ပါ။ ဝံသာနုရက္ခိတ အဖွဲ့ တောင်ကုတ်မြို့ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြ မထားပါဘူး။ ဝံသာနုရက္ခိတက ထုတ်တဲ့စာထဲမှာ ဘယ်လိုရေးထားတယ်ဆိုတာကိုလည်း ဖော်ပြ မထားပါဘူး။ ဝံသာနုရက္ခိတက ရေးတဲ့စာကြောင့် လူဆယ်ယောက်သတ်ဖြတ်မှု ဖြစ်သယောင်ယောင် ရေးထားပေမဲ့ အဲသလို ဟုတ်မဟုတ်ကို ရှင်းရှင်းလင်းလင်း ရေးမထားပါဘူး။ တကယ်တော့ ဝံသာနုရက္ခိတ ဆိုတာ တောင်ကုတ် NLD လူငယ် အဖွဲ့ပါ။ တောင်ကုတ် NLD နဲ့ သက်ဆိုင်တဲ့နာမည်နဲ့ ထွက်လာတဲ့စာဟာ တကယ်ပဲ တောင်ကုတ် NLD တွေက ရေးတာဟုတ်မဟုတ် စုံစမ်းရမှာ ဖြစ်သလို ဟုတ်မဟုတ် ပြည်သူကို အသိပေးရမှာလည်း ဖြစ်ပါတယ်။ တကယ်တန်း တောင်ကုတ် NLD ကရေးတဲ့စာဟာ လူမျိုးရေး အဓိကရုဏ်းကို လှုံ့ဆော်ရိုးမှန်ရင်လည်း ကျောသားရင်သား မခွဲခြားပဲ ဥပဒေနဲ့ အညီ အရေးယူမှ တရားမျှတရာရောက်ပါမယ်။ တကယ်လို့ တောင်ကုတ် NLD လူငယ်တွေ ရေးတာ ဟုတ်မှန်း မဟုတ်မှန်း သေသေချာချာ မသိရင်လည်း သေသေချာချာ မသိသေးကြောင်း ဆက်စုံစမ်းမယ့် အကြောင်းကို အနိမ့်ဆုံးအဆင့် ဖော်ပြရပါမယ်။ မသေချာဘဲနဲ့ သေချာသယောင်ရေးခဲ့ရင် နိုင်ငံတော် သတင်းစာကြီးဖြစ်ပေမဲ့ အသရေဖျက်မှု ကျူးလွန်မှုနဲ့ အရေးယူသင့်နေပါပြီ။ NLD အပေါ်မှာ နိုင်ငံရေးလုပ်ကြံတဲ့ အကွက်ပဲလားဆိုတာဟာလည်း အလွန်ပဲ သံသယရှိစရာဖြစ်ပါတယ်။ ဘိန်းပစ်ဖမ်း၊ ထဘီပစ်ဖမ်း၊ လူပစ်ဖမ်းတတ်တဲ့ သူတို့ စစ်အာဏာရှင်တွေဟာ ဒါမျိုးမလုပ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။


ဒီလောက်ဆိုရင် ဒီဖြစ်စဉ်နောက်ကွယ်မှာ ကစားနေတဲ့သူတွေ၊ ကြိုးကိုင်နေတဲ့သူတွေ၊ အကွက်ချကြံစည်မှုတွေရှိနေတယ်ဆို
တာ ပေါ်လွင်နေပါပြီ။

ဖေ့စ်ဘုတ်ပေါ်မှ သုံးသပ်ချက်။


နောက်တခါ မင်းခင် ဖဘ စာမျက်နှာမှာ ထောက်ပြ သုံးသပ်ထားတဲ့ အချက်တချို့ကို ပြန်လည် ဝေမျှချင်ပါတယ်။


“၁။ ကျောက်နီမော်ဒေသဟာ ရခိုင်ပြည်နယ်တခုလုံးမှာ ရခိုင်ရွာရော မွတ်ဆလင်ရွာတွေပါ ရှိပြီး အင်အားသိပ်မကွာတဲ့အပြင် မသင့်မြတ်ဆုံးဒေသတခုဖြစ်တယ်။

တဦးနဲ့ တဦး ဘယ်ဘက်ကမှ အသာစီးမရနိုင်တဲ့ အခြေအနေရှိတယ်။ ကျန်ဒေသတွေမှာ တဦးဦးက အင်အားများတယ်။ အင်အားမျှတဲ့ တချို့ဒေသတွေကတော့ ကျောက်နီမော်လောက် မဆိုးဘူး။ ကျောက်နီမော်အပြင်တော့ ဒုတိယက စစ်တွေဘဲရှိတယ်။ နှစ်နေရာစလုံးကတော့ ဘင်္ဂလားနဲ့ အဆက်အသွယ် များတယ်။

၂။ သေဆုံးသူ မသီတာထွေးရဲ့ဓါတ်ပုံ ဆိုပြီး မိန်းကလေးအလောင်းပုံ အင်တာနက်မှာ တက်လာတယ်။ ဟုတ်တယ်လို့ထင်ရပေမယ့် အတည်မပြုနိုင်ဘူး။ရင်းမြစ် မသိဘူး။ စိတ်ချရတဲ့ ဌာနကလာတာ မဟုတ်ဘူး။ ကဲ ..ပုံက မှန်တယ်ထားလိုက်။


၃။ ရမ်းဗြဲမြို့မှာ အင်တာနက်သုံးနိုင်သူ အရမ်းနဲတယ်။ သေဆုံးသူ မသီတာထွေးရဲ့ရွာ သပြေချောင်းနဲ့ ကျောက်နီမော်ရွာ (ကုလားနဲ့ ရခိုင် ရွာတခြမ်းစီ နေထိုင်ကြ) တွေမှာ ဓါတ်ပုံရိုက်ပြီး အင်တာနက်တင်နိုင်သူ မရှိဘူးလို့ဆိုလို့ရတယ်။ အလောင်းကိုစတွေ့တာက သမီးပျောက်လို့လိုက်ရှာတဲ့ သပြေချောင်းရွာသူ ရွာသားတွေဖြစ်တယ်။ မှတ်တမ်းဓါတ်ပုံ ရိုက်ယူမယ့်သူကတော့ ဆိုင်ရာရဲစခန်းဖြစ်ဘို့များတယ်။ အင်တာနက်မှာ ပထမဆုံးတက်လာတာက အလောင်းတကိုယ်လုံး မှောက်ရက်ပုံ ဖြစ်ပြီး အပေါ်ပိုင်းမှာ သွေးပေနေတာလောက်ဘဲမြင်ရပေမယ့် ဒုတိယတက်လာတဲ့ ပုံကတော့ ပက်လက်တပိုင်းပုံ၊ လည်ပင်းတဝက်လောက်ပြတ်နေတဲ့ ဆိုးဆိုးရွာရွား မြင်ကွင်းဘဲ။ ဒီပုံတွေ ဘယ်ကရသလဲ။ ဘယ်သူတွေက ဖြန့်ဖြုးသလဲ ဆိုတာမေးစရာရှိတယ်။


၃။ သတင်းစထွက်ချိန်နဲ့ တရားခံမိတယ် ဆိုတဲ့အချိန်မှာ Myanmar Express အပါအဝင် ကောလဟာလ ဖြန့်ဖြုးပြီး ဒေါ်စုနဲ့ ဒီမိုကရက်တွေ၊ အတိုက်အခံတွေကို ပုတ်ခတ်နေတဲ့ ဝက်ဆိုဒ်တွေက သွေးထိုးလှုံ့ဆော်တာတွေ ရှိလာတယ်။ "ဖဘ" မှာလဲဝင်ရေးကြတယ်။ ပိုဆိုးတာက မြန်မာပြည်ပေါက် ကုလားပုံတွေရှာပြီး တရားခံတွေအနေနဲ့ ဓါတ်ပုံတင်လာတာဘဲ။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ ရန်ကုန်က မွတ်ဆလင်ကလေးတယောက်ဆိုရင် သူ့ဓါတ်ပုံတင်ထားလို့ "ဖဘ"ကသူငယ်ချင်းတွေကို အကူအညီတောင်းတဲ့ စာတောင် တက်လာတယ်။ သုံးယောက်တွဲ ပုံတပုံလဲ တက်လာတယ်။ တကယ်ဖမ်းထားတဲ့ သူတွေလား။ ဟုတ်တယ်ဆိုရင် အဲဒီပုံ ဘယ်ကရသလဲ။


၎။ တောင်ကုတ်မြို့ဟာ ကျောက်နီမော်နဲ့ သိပ်မဝေးတဲ့ ဒေသဖြစ်တယ်။ အဖြောင့်တိုင်းရင် ၁၀ မိုင်လောက်ဘဲ ဝေးပြီး မော်တော်နဲ့ ၃၊ ၄ နာရီလောက်ဘဲ သွားရတယ်။ စီးပွားရေးမကောင်းတဲ့အတွက် ရခိုင်ပြည်ရဲ့ လမ်းဆုံဖြစ်တဲ့ တောင်ကုတ်မြို့မှာ ကျောက်နီမော်ဒေသသား ရခိုင်တွေ အများအပြား ပြောင်းလာနေကြတယ်။ ရခိုင်မှာတော့ ရွာတွေမြို့တွေမှာ ဆွေမျိုးတော်စပ်တာ များကြတယ်။ သေဆုံးသူရဲ့ ဆွေမျိုးတွေလဲ တောင်ကုတ်မှာ ရှိကြမှာ အသေအချာဘဲ။ ပြီးတော့ တောင်ကုတ်ဟာ ဒီကိစ္စမျိုးမှာ အစဉ်အလာရှိတယ်။ လှုံ့ဆော်ရလွယ်နိုင်တယ်။ (တခုတော့ရှိတယ်။ သိရသလောက် ဖြစ်ဘူးသမျှ လူသေတာ မရှိဘူးဘူး။)။ ဒီတော့ ကျောက်နီမော်မှာ ကုလားနဲ့ ရခိုင် ရုန်းရင်းဆန်ခတ်မဖြစ်ရင် ဖြစ်အောင်လုပ်ရမယ့် ဒုတိယနေရာကတော့ တောင်ကုတ်ဘဲ။


၅။ မေ ၂၈ ရက်က ဖြစ်ပြီး ၃၀ ရက်လောက်မှာ သတင်းပြန့်သွားခဲ့တဲ့ (DVB မှာ ၃၀ရက်နေ့ စပြောတယ်) ကျောက်နီမော်လူသတ်မှုကိစ္စ ၃ရက်နေ့ နံနက်မှာမှ တောင်ကုတ်မှာ စာဝေတယ်။ အဲဒီနေ့ဟာ သံတွဲကလာတဲ့ ကားပေါ်မှာ မုတ်ဆိတ်ဖားဖားနဲ့ ဗလီဆရာတွေပါလာမယ့်နေ့ ဖြစ်နေတယ်။ ရိုးမသစ္စာလိုင်းကားလက်မှတ် ဘယ်သူတွေဝယ်ထားတယ်၊ ဘယ်သူတွေခရီးသွားမယ်ဆိုတာ ကားဂိတ်အပြင် ဘယ်သူတွေ သိနိုင်သလဲ။


၆။ တောင်ကုတ်က မြို့ပေါ်ပိုင်းမှာ လူငယ်တွေဟာ သတင်းဆိုဒ်တွေနဲ့ "ဖဘ" မှာတက်လာချိန်ကတည်းက သီတာထွေးရဲ့အလောင်းပုံရထားပြီြး
ပီ။ ဒီကိစ္စကို ဓါတ်ပုံနဲ့တကွ လှုံ့ဆော်ချင်တယ်ဆိုရင် အင်မတန်တက်ကြွတဲ့ တောင်ကုတ်သားတွေဟာ ၃ ရက်နေ့အထိ စောင့်ဆိုင်းနေပါ့မလား။ ဒါမျိုးဆိုတာ သွေးပူလေ ကောင်းလေဆိုတာ အားလုံးသိကြတယ်။
ထည့်စဉ်းစားရမယ့် အချက်တခုက ခုဖြစ်ပွားသွားတဲ့ပုံစံဟာ နိုင်ငံရေးနဲ့ ပြဒါးတလမ်း၊ သံတလမ်းဘဲ။ တောင်ကုတ်ဟာ နိုင်ငံရေးရှိတဲ့မြို့။

၇။ ဒီနေ့ ရတဲ့သတင်းအရ သံသယရှိတယ်လို့ လေသံလွှင့်နေတာက .....


(က) လူသတ်တာ တောင်ကုတ် သဘောင်္ဆိပ်က ကုန်ထမ်းအလုပ်သမားအုပ်စု ( တကယ့်ကိုယ်ကြမ်း စိတ်ကြမ်းတွေ၊ သတ်ရဲဖြတ်ရဲတယ်၊ ဒါပေမယ့် သဘောင်္ဆိပ်က တောင်ကုတ်မြို့၊ အခင်းဖြစ်တဲ့ တောင်ကုတ် သံတွဲကားလမ်းဆုံ တို့နဲ့ ၃ မိုင်လောက်ဝေးတယ်၊ တမင်ခေါ်မလာရင် ရောက်စရာ အကြောင်းမရှိ)။


(ခ) စာဝေတဲ့ ဝံသာနုရက္ခိတအဖွဲ့ ဆိုတာက တောင်ကုတ် NLD လူငယ်၊ (အချက် ၆ မှာပြောသလိုဘဲ စဉ်းစားစရာရှိတယ်။ နောက် NLD ကိုသိက္ခာချဘို့ လက်ညှိုးထိုးဘို့ ကြိုးစားလာတာလား)”


(
http://www.facebook.com/min.khin.9/posts/3535307420118 ကနေ ကူးယူ ဖော်ပြပါတယ်။ )

ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်မမှန် သတင်းတွေနဲ့ အလွန်သိမ်ဖျင်းအောက်တန်းကျစွာ ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်ြ
ပီး စစ်အစိုးရ၊ ကြံ့ဖွတ်အစိုးရကို အမြဲတစေ ထောက်ခံရေးသားတဲ့ Myanmar Express သတင်းစာမျက်နှာမှာလည်း ရခိုင်နဲ့ မွတ်ဆလင်ကို သွေးခွဲရန်တိုက်ပြီး အဓိကရုဏ်း မဖြစ်ဖြစ်အောင် လှုံ့ဆော်တဲ့ မဟုတ်မမှန် သတင်းတွေ အများအပြားတင်ထားပါတယ်။ ဘယ်လောက် မဟုတ်မဟတ်တွေကို သွေးထိုးလှုံ့ဆော်ရေးသားထားသလဲဆိုတာ သိချင်ရင် http://www.myanmarexpress.net/ မှာ သွားကြည့်ရင် သိနိုင်ပါတယ်။

ဒီအချက်တွေကို ကြည့်ရင် ရွှေသမင် ဘယ်ကထွက် ဦးသိန်းစိန်တာကထွက်တယ်ဆိုတာ သိပ်သိသာနေပါပြီ။


ဒီလို လူမျိုးရေး အဓိကရုဏ်းဆိုတာ သိပ်ကြောက်စရာ ကောင်းပါတယ်။ အန္တရာယ်ပမာဏဟာ ပြောမပြနိုင်လောက်အောင် ကြီးလွန်းပါတယ်။ မကြာခင်က တောင်ဆူဒန်မှာ လူမျိုးရေး အဓိကရုဏ်းဖြစ်ခဲ့တာဟာ အခုအချိန်အထိ အကင်းမသေသေးပါဘူး။ ဓါးတွေ ၊ တုတ်တွေ၊ သေနတ်တွေ ကိုင်ပြီး ရွာလုံးကျွတ်သတ်ဖြတ် မီးရှို့တာတွေ ဖြစ်ခဲ့ပါတယ်။ ရဝမ်ဒါမှာ ဟူတူနဲ့ တွတ်ဆီတွေ လူမျိုးတုန်းသတ်တာ လူပေါင်း တသန်းနီးပါးသေပါတယ်။ အိန္ဒိယမှာ ဟိန္ဒူနဲ့ မွတ်ဆလင် ပဋိပက္ခဟာလည်း လူပေါင်းများစွာ သွေးမြေကျခဲ့သလို အငြိုးတွေ အာဃာတတွေဟာလည်း အခုထိ တငွေ့ငွေ့ တောက်လောင်ဆဲပါ။


ဒီတော့ ဒီလောက်အန္တရာယ်ကြီးတဲ့ လူမျိုးရေးမီးစကို ကြံ့ဖွတ်အစိုးရဟာ ဘာ့ကြောင့် သွားရှို့ရသလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲလို့ မေးစရာရှိပါတယ်။


တနိုင်ငံလုံးက ပြည်သူတွေဟာ လျှပ်စစ်မီးအရေးကို ညီညီညာညာ အုံကြွတောင်းဆိုနေပါတယ်။ နိုင်ငံတဝန်းမှာ အလုပ်သမားတွေက ဆန္ဒပြပြီး သူတို့ အခွင့်အရေးတွေ အတွက် တိုက်ပွဲဝင်နေပါတယ်။ လယ်သမားတွေကလည်း လယ်ပြန်ရဖို့ လှုပ်ရှားနေကြပါတယ်။ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်ဖို့ လှုပ်ရှားတောင်းဆိုမှုတွေ ကလည်း တဖက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ကြံ့ဖွတ် အစိုးရ အနေနဲ့ ဒါတွေကို အရင်တုန်းကလို သေနတ်နဲ့ ပစ်သတ်၊ ဖမ်းဆီးထောင်ချ လုပ်လို့ကလည်း မဖြစ်သေးဘူး။ အခုချိန်မှာ ကြံ့ဖွတ်အစိုးရဟာ ကြောင်သူတော် လုပ်နေရတဲ့ အချိန်ပါ။ မခုပ်တတ်တဲ့ ကြောင်ကြီး၊ သူတော်ကောင်း ကြောင်ကြီး အယောင်ဆောင်ရမယ့် အချိန်ပါ။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေက အခုထိ မလာသေးဘူးလေ။ နိုင်ငံခြားက အကူအညီတွေကလည်း ခုထိ မရသေးဘူးလေ။ ဒါတွေ အိတ်ထဲမထည့်ရသေးခင် သပိတ်ဝင် အိတ်ဝင် မဖြစ်သေးခင်မှာ ဘီလူးစွယ် ထုတ်ပြဖို့ မလွယ်ဘူးမဟုတ်လား။


ဒီတော့ လူတွေရဲ့ အာရုံကို လွှဲပြောင်းဖို့ ဆိုတာ အပြင်းစား အမုန်းတရားနဲ့ အာဃာတတွေကို မီးမွှေးပေးမှသာ ဖြစ်နိုင်မှာ မဟုတ်ပါလား။ ဒါဟာ သူတို့ရဲ့ ရည်ရွယ်ချက်၊ ဒါဟာ သူတို့ရဲ့ အကြံအစည်ပါပဲ။ သူတို့အာဏာနဲ့ စည်းစိမ်အတွက် လူပေါင်းများစွာရဲ့ အသက်ကို စတေးဖို့ ကြံတဲ့ သွေးထောင်ချောက်ကြီးလည်း ဖြစ်ပါတယ်။


ဇော်ဝင်း

၈၈ ကျောင်းသားဟောင်း
ဇွန် ၉။ ၂၀၁၂။

No comments: