လမ်းမတော် ၇ လမ်း၌ လုယက်လူသတ်မီးရှို့မှု ကျူးလွန်သူ အား ပျော်ဘွယ်မြို့၌ ယနေ့ ဖမ်းဆီးရမိ....
လမ်းမတော် ၇ လမ်း၊ အမှတ် (၇၆)၊ ၄ လွှာ(ယာ)ခန်း၌ မေလ ၃၀ ရက်နေ့ က ဖြစ်ပွားခဲ့သော လုယက်လူသတ် မီးရှို့မှု ကျူးလွန်သူအား ပျော်ဘွယ်မြို့၌ ယနေ့နံနက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
လူသတ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ မိခင်ဖြစ်သူ နောက်အိမ်ထောင် ဘက်မှ ပါလာသော သားဖြစ်ပြီး အမွေ ကိစ္စနှင့်ပတ်သက်၍ မကျေနပ်ရာမှ အဆိုပါနေအိမ်သို့ လာရောက်စဉ် နေအိမ်ရှိ ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်း များအား ယူဆောင်စဉ် သေဆုံးသူမှ တားမြစ်ခဲ့သည့်အတွက် ၄င်းအား သတ်ဖြတ်ကာ အလောင်းဖျောက်ရန် အတွက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထိုပြစ်မှုကျူးလွန်သူအား (၂) ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ အခင်းဖြစ်ပွားရာအိမ်၌ သေဆုံးသူအနီး ရွှေပုဇွန်မုန့်တိုက်မှ ထုတ်လုပ်ရောင်း ချသော မုန့်အချို့အား သက်သေခံပစ္စည်း အဖြစ် တွေ့ရှိရသည့် အတွက် ရွှေပုဇွန်မုန့်တိုက်အား သွားရောက်စုံစမ်းခဲ့ရာ ရွှေပုဇွန်မုန့်တိုက်ရှိ CCTV ကင်မရာမှ တစ်ဆင့် ပြစ်မှုကျူးလွန်သူအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှ သေဆုံးသူ၏ မိသားစုဝင်များအား CCTV ကင်မရာတွင် မသင်္ကာဖွယ်ရာ တွေ့ရှိသူနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၄င်းမှာ သေဆုံးသူ၏ မိခင်ဖြစ်သူနောက်အိမ်ထောင်ဘက်မှ
ပါလာသော သားဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့တွင် နေထိုင်သူ
တစ်ဦး ဖြစ်ကြောင်းသိရသည်။ ၄င်းနောက် ပျော်ဘွယ်မြို့နယ် ရဲစခန်းနှင့်
ရန်ကုန်တိုင်းဒေသကြီး မှုခင်းနှင့် ဒုစရိုက်အထူးနှိမ်နင်းရေး
ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူအား ယနေ့ နံနက်တွင်
ပျော်ဘွယ်မြို့၌ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်သို့ လေယာဉ်ဖြင့် ယနေ့နေ့လည်တွင်
ခေါ်ဆောင် လာကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှ သိရသည်။
ထိုအမှုနှင့် ပတ်သက်၍ လမ်းမတော်ရဲစခန်းမှ (ပ)၁၃၀/၁၂ (ပုဒ်မ) ၃၀၂/၄၃၆/၂၀၁/၃၉၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
သူရထွန်း-Popular Myanmar News Journal
လမ်းမတော် ၇ လမ်း၊ အမှတ် (၇၆)၊ ၄ လွှာ(ယာ)ခန်း၌ မေလ ၃၀ ရက်နေ့ က ဖြစ်ပွားခဲ့သော လုယက်လူသတ် မီးရှို့မှု ကျူးလွန်သူအား ပျော်ဘွယ်မြို့၌ ယနေ့နံနက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
လူသတ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ မိခင်ဖြစ်သူ နောက်အိမ်ထောင် ဘက်မှ ပါလာသော သားဖြစ်ပြီး အမွေ ကိစ္စနှင့်ပတ်သက်၍ မကျေနပ်ရာမှ အဆိုပါနေအိမ်သို့ လာရောက်စဉ် နေအိမ်ရှိ ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်း များအား ယူဆောင်စဉ် သေဆုံးသူမှ တားမြစ်ခဲ့သည့်အတွက် ၄င်းအား သတ်ဖြတ်ကာ အလောင်းဖျောက်ရန် အတွက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထိုပြစ်မှုကျူးလွန်သူအား (၂) ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ အခင်းဖြစ်ပွားရာအိမ်၌ သေဆုံးသူအနီး ရွှေပုဇွန်မုန့်တိုက်မှ ထုတ်လုပ်ရောင်း ချသော မုန့်အချို့အား သက်သေခံပစ္စည်း အဖြစ် တွေ့ရှိရသည့် အတွက် ရွှေပုဇွန်မုန့်တိုက်အား သွားရောက်စုံစမ်းခဲ့ရာ ရွှေပုဇွန်မုန့်တိုက်ရှိ CCTV ကင်မရာမှ တစ်ဆင့် ပြစ်မှုကျူးလွန်သူအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှ သေဆုံးသူ၏ မိသားစုဝင်များအား CCTV ကင်မရာတွင် မသင်္ကာဖွယ်ရာ တွေ့ရှိသူနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၄င်းမှာ သေဆုံးသူ၏ မိခင်ဖြစ်သူနောက်အိမ်ထောင်ဘက်မှ
ထိုအမှုနှင့် ပတ်သက်၍ လမ်းမတော်ရဲစခန်းမှ (ပ)၁၃၀/၁၂ (ပုဒ်မ) ၃၀၂/၄၃၆/၂၀၁/၃၉၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
သူရထွန်း-Popular Myanmar News Journal
facebook : Infinity Power
By: Infinity Power
လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။
မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားချိန်ဝယ် အဆိုပါအခန်းတွင် ယင်းအမျိုးသမီးငယ်တစ်ဦးသာ ရှိနေပြီး၊ ကျန်အိမ်သားများမှာ စေးသို့သွားနေကြခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် တိုင်းဦးစီးမှူးနှင့် မီးသတ်ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ ၁၂ နာရီကျော်ခန့်က လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ သုံးခုတွေရှိရကြောင်း မူခင်းရဲတပ်ဖွဲ့ မှသိရသည်။
ထို့အပြင် ၎င်းသေဆုံးသည့် နေရာတ၀ိုက်တွင်သာ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရှိရ၍ ဓမ္မတာအတိုင်း မီးလောင်သေဆုံးခြင်း မဟုတ်ဟု ယူဆကာ ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
သေဆုံးသူမှာ ၎င်း၏ မိခင်၊ အကိုဖြစ်သူနှစ်ဦးနှင့် အတူနေထိုင်ကြောင်း သိရသည်။

No comments:
Post a Comment