Saturday, June 9, 2012

မူဆယ်မြို့ တွင်ဗုံးငါးလုံး ဆက်တိုက်ပေါက်ကွဲ


တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သောမူဆယ်မြို့ တွင်ဇွန်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ဗုံး ငါး လုံး ဆက် တိုက်ပေါက်ကွဲခဲ့ကြောင်းဒေသခံမျက်မြင်သက်သေများကပြောသည်။

 “ ည ၁၁ နာရီလောက် ကနေ ၁၂ နာရီလောက်ထိတစ်လုံးပြီးတစ်လုံးဆက်တိုက်ကွဲတာ မူဆယ်ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာရှိတဲ့လမ်းလယ်ကျွန်းတွေနဲ့ အမှိုက်ပုံတွေမှာကွဲတာ နောက်ဆုံး
ကွဲတဲ့အလုံးက ဒုသမ တဒေါက်တာဆိုင်းမောင်ခမ်းခြံဝင်းမှာရှိတဲ့အမှိုက်ပုံမှာ” ဟုမူဆယ်ဒေသခံကုန်သည် တစ် ဦးကပြောသည် ဗုံးကွဲချိန်တွင်လူသွားလူလာနဲသောအချိန်ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရသူမရှိသော်လည်းဗုံးကွဲသံမှာ ကျယ်လွန်း သဖြင့်ဒေသခံ များထိတ်လန့် ခဲ့ရကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည် မေလ ကုန်ပိုင်းတွင်မူဆယ်လားရှိုးလမ်းမပေါ်တွင်ကုန်ကား သုံးစီးကားလက်နက်ကိုင်တစ်စုက ဗုံးခွဲ ခဲ့သဖြင့် ကုန်ကားများမှာ ယခုချိန်ထိ ည မထွက်ရဲဖြစ်နေခဲ့ရသည်။ ထိုအပြင် ဧပြီလဆန်းပိုင်းကလဲ မူဆယ်ဒေသရှိစစ်ဆေးရေးဂိတ်တစ်ခုတွင် ဗုံးတစ်လုံးကွဲခဲ့သဖြင့် လ၀က အရာ ရှိတစ်ဦးသေဆုံးခဲ့သည်။ 

 သတင်း... 7Day News Journal

No comments: