Saturday, June 2, 2012

ဒီလိုလဲ လိမ် တတ်ပါတယ်....တဲ့ ။

 
 
 
Subscribe · Thursday

ပြင်ဦးလွင် (မေမြို့) ROYAL REWARD RESORT HOTEL ပိုင်ရှင် ဒေါ်ဥဥအောင် (၁၂/တမန (နိုင်) ၀၁၀၉၁၈)သည် ဗိုလ်ချုပ်ကြီးမောင်အေးအား ပင်စင်မယူမှီနိုင်ငံတော်မှ ခပေးသော မြေဧက (၁၀)ဧကဟု ပြောဆို၍ လိမ်လည်ရောင်းချခဲ့သော ကိစ္စနှင့် ပတ်သက်၍ ရေးသားလိုက်ရပါသည်။ မိမိ၏ မျက်စေ့ရှေ့တွင် မတရားတာမဟုတ်မမှန်တာကို မြင့်တွေ့လိုက်ရတော့ ပင်ကိုယ်သဘာဝ အရ နစ်နာသူများအမည်ကို အလွဲသုံးစားလုပ်၍ လိမ်လည်နေသူများရပ်တန်းကရပ်ကြ ပါရန် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ ကူညီသောအားဖြင့် ဝိုင်းဝန်း SHARE ပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ဖြစ်စဉ်မှာ ကျွန်ုပ်၏ မိတ်ဆွေဖြစ်သော သိရိသုဓမ္မသိင်္ဂီ၊ မဇ္ဈိမသံဃမာတာလိုဘွဲ့တံဆိပ်များအပ်နှင်းခြင်းခံရပြီး လွန်စွာမှပင်အလှူအတန်းရက်ရော၍ သဘောကောင်းသောမြိတ်သူ ဒေါ်မြရှင်သည် ဗုဒ္ဓဂါရာတွင် မဇ္ဈိမသုခဖောင်ဒေးရှင်း ကျောင်းတ်ာကြီးအား ကျပ်သိန်း (၃၀၀၀) မတည်၍လှူဒါန်းခဲ့ပါသည်။ ဗုဒ္ဓဂါရာတွင် ဒေါ်ဥဥအောင်နှင့် ရင်းနှီးခင်မင်လာခဲ့သည်မှာ 2005 ခုနှစ်ကပင် ဖြစ်ပါသည်။ ဒေါ်မြရှင် သည်မြိတ်သူ မိမိရိုးသားပွင့်လင်း၍ တဖက်သားကိုလဲ မိမိကဲ့သို့ သဘောထားကာ အခက်အခဲ ဒုက္ခရောက်သူများကိုလဲ ကူညီပေးတတ်ပြီး မိမိရိုးသားကြိုးစားရှာဖွေရသမျှ ငွေများကို အိန္ဒိယနိုင်ငံ ဂါယာနှင့် ဘာရာဏသီတို့တွင် ကျောင်းများ တည်ဆောက်ရေးအတွက် လှူဒါန်းခဲ့၊ လှူဒါန်းဆဲ၊ သာသနာပြုဆဲ လေးစားထိုက်တဲ့ မိတ်ဆွေတဦး ဖြစ်ပါသည်။ ဤမျှသဘောကောင်း၍ အလှူအတန်းရက်ရောသော ဒေါ်မြရှင်အား ဒေါ်ဥဥအောင်သည် မိတ်ဆွေများအပေါ်ထားရှိသင့်သည့် ဝတ္တရား၊ အကျင့်သိက္ခာတို့ကိုမထောက်ဘဲ ဗိုလ်ချုပ်မောင်အေး အငြိမ်းစားမယူမှီနိုင်ငံတော်မှ ဗိုလ်ချုပ်ကြီးမောင်အေးသို့ပေးသောမြေဧက (၁၀)ဧကရှိ မြေကွက်များကို ပြင်ဦးလွင်၏ အချက်အချာကျသော နေရာတွင် ၎င်းမြေကွက်များအား မိမိ၏လက်ဝယ်သို့ အပ်နှံထားရာ (၁)ဧကကို ကျပ်သိန်း (၁)ထောင်နှင့် သူငယ်ချင်းမိတ်ဆွေများ တယောက် (၂)ဧကဝယ်ယူထားကြရန် ပြောဆိုပြီး ဒေါ်မြရှင်အားမြေ (၂)ဧကကိုကျပ်သိန်း (၂)ထောင်ဖြင့် ရောင်းချခဲ့ပါသည်။ ဒေါ်မြရှင်မှ ၂၀၁၀ခုနှစ်တွင် (၃)လပိုင်း၊ (၅)လပိုင်း၊ (၈)လပိုင်း (၁၂)လပိုင်းတို့တွင် သိန်း (၄၀၀)၊ သိန်း (၆၀၀)၊ သိန်း (၅၀၀) အသီးသီးပေးချေ၍ တရားဝင်စာချုပ် စာတမ်းဖြင့်ဝယ်ယူခဲ့ပါသည်။ လွန်ခဲ့သော မေလပိုင်းအတွင်းမှ မိမိသည်ကျောင်းဆောင်သစ်များ ထပ်မံဆောက်လုပ်လှူဒါန်းရန် ငွေလို၍ အဆိုပါမြေများအား ရောင်းချလို၍ ပြင်ဦးလွင်မြို့သို့ လိုက်သွား၍ ဒေါ်ဥဥအောင်နှင့် တွေ့ဆုံသောအခါ မိမိကျပ်သိန်း (၂)ထောင်နှင့် ဝယ်ထားသော ဗိုလ်ချုပ်ကြီးမောင်အေးအား နိုင်ငံတော်မှချပေးခဲ့သောမြေများမဟုတ်ဘဲ လယ်ယာမြေသီးစားချ ထားသော ဂရမ်မရှိသော မြေများဖြစ်နေကြောင်းတွေ့ပါသည်။ အမှန်တကယ်တော့ ဒေါ်ဥဥအောင် သည် ဗိုလ်ချုပ်များ၏ အမည်ကိုအသုံးချပြီး လိုက်လံလိမ်လည်နေသူတို့ဖြစ်နေသောကြောင့် ကျွန်ုပ် မိတ်ဆွေဒေါ်မြရှင်ကဲ့သို့ ရိုးသား၍ လူတဘက်သားအပေါ်ယုံကြည်တပ်သူများထပ်မံ အလိမ်မခံရစေ ရန် ရည်ရွယ်၍ရေးသားတင်ပြရခြင်းဖြစ်ပါသည်။ ဒေါ်ဥဥအောင်သည် ဒေါ်မြရှင်ထံမှ လိမ်လည်သွားသောငွေစုစုပေါင်းမှာ သိန်း ၄၂၅၀တိတိဖြစ်ပါသည်။ ထို့အပြင် ဒေါ်ဥဥအောင်သည် ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့) ဥက္ကဋ္ဌ နေရာကိုလဲ ၂-၆-၂၀၁၂ရက်နေ့ တွင်ရယူဖို့ ကြိုးစားနေသည်ကို သိလိုက်ရပါ၍ မွန်အမျိုးသမီးစွမ်းဆောင်ရှင်အသင်းအနေဖြင့်ပဲ လိမ်လည်နေ သူတစ်ဦးအား ဥက္ကဋ္ဌအဖြစ်ခန့်အပ်မိပါက အသင်းကြီး၏ အနာဂါတ်အတွက် စိုးရိမ်ပူပန်မိပါ၍ အချိန်မှီ တင်ပြလိုက်ခြင်းဖြစ်ပါသည်။ ဒေါ်ဥဥအောင်နှင့်ပတ်သက်၍ သိလိုသူများ ဒေါ်မြရှင်ထံသို့ အချိန်မရွေးဖုန်းဆက်မေးမြန်းနိုင်ပါသည်။ ဒေါ်မြရှင်၏အိမ်ဖုန်း - ၅၂၇၅၆၄

စာရေးသူ၏ FACE BOOK သူငယ်ချင်းများအားလုံးကို SHARE ပေးပါရန် မေတ္တာရပ်ခံပါသည်။

No comments: