Saturday, June 9, 2012

စစ်တွေတွင် ပုဒ်မ ၁၄၄ ထုတ်ရန်စီစဉ်နေ



စစ်တွေ လေဆိပ်မြင်ကွင်း ( ဓာတ်ပုံ- ရခိုင့်အလှ ဓာတ်ပုံမြေ )
စစ်တွေတွင် ပုဒ်မ-၁၄၄ထုတ်ရန်စီစဉ်နေကြောင်းသိရ ပါတယ်။ အခြေအနေတွေက တင်းမာလာလို့ အခုလို နေ၀င်မီးငြိမ်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ဖို့ စီစဉ်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ စစ်တွေမြို့နယ်မှ ဦးအောင်မြကျော်၏ ပြောပြချက်အရ “စစ်တွေမှာ မာရှယ်လော(ပုဒ်မ-၁၄၄) ထုတ်ဖို့တော့ အစိုးရအဖွဲ့က လုပ်နေပြီလို့သိရတယ်။ လုံခြံရေး တပ်ဖွဲ့တွေကတော့ တစ်မြို့လုံးအနှံ့နေရာတိုင်းကို မရောက်နိုင်ဘူး။ ရခိုင်ဖက်က ထိခိုက်ဒဏ်ရာရသူ ၅ ဦးလောက်ဆေးရုံရောက် လာပါတယ်။ တစ်ဦးကတော့ စိုးရိမ်ရတယ်” ဟုသိရသည်။ ၄င်းက စစ်တွေမြို့စွန်ရှိ မင်းဂံ အကွက် ၁၀၊ ၁၁ တို့တွင် ပဋိပက္ခများဖြစ်ပွားနေကြောင်း ပြောသည်။

No comments: