Monday, June 11, 2012

ဘယ်သူက ဘော့စ်လဲ?

မြိတ်မြို့ကလမ်းတွေ ဘယ်သူပြင်မှာလဲ၊ ယုဇနဦးဌေးမြင့်လား၊ ၀န်ကြီးချုပ်လား

 
မြိတ်သားတဦး၏ မိုးမခထံပေးစာ၊ ဇွန် ၁၁၊ ၂၀၁၂
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြတ်ကို ထံသို့
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုခင်ဗျား။ မြိတ်မြို့ မြို့သူမြိတ်သားများ ကိုယ်စား တင်ပြချင်ပါတယ်။ ၀န်ကြီးချုပ်က ပြည်သူတွေ အမှန်တကယ်ရွှေးချယ်ထားတဲ့ ကိုယ်စားလှယ် ဟုတ်ပါရဲ့လား။ ပြည်သူတွေရဲ့ အကျိုးအတွက် အမှန်တကယ်ဖြည့်ဆည်းပေးမဲ့သူ ဟုတ်ပါရဲ့လား။
မြိတ်မြို့ရဲ့မြို့တွင်းလမ်းတွေက အလွန်အမင်းဆိုးဝါးနေကြောင်း အင်တာနက်သတင်းများမှ တင်ပြပြီးဖြစ်သော်လည်း လမ်းများကိုလုံးဝပြုပြင်ခြင်း မရှိပါ။ ၄င်းလမ်းအပိုင်းကို ဘီအိုတီစနစ်ဖြင့် တာဝန်ယူသူမှာ ယုဇနကုမ္ပဏီမှ မြိတ်သားသူဌေး ဦးဌေးမြင့်ဖြစ်ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲမတိုင်ခင်က လမ်းများကို မည်ကဲ့သို့ပြုပြင်ပေးမည်ဟု ကတိအမျိုးမျိုးပေးသော်လည်း လက်တွေ့မှာတော့ ဘာမှ ဘာမှ ဖြစ်မလာ
ခဲ့ဘူး။ ဦးဌေးမြင့်သည် နိုင်ငံတော်ပိုင် (ပြည်သူတွေပိုင်)တဲ့ သယံဇာတအမျိုးမျိုးကို မတရားသောနည်းဖြင့် ခိုးယူနေသူဖြစ်သည်။ အထက်(ထိပ်ပိုင်း) လူကြီးများနှင့်ရင်းနှီး၍ တော်ရုံ(တန်ရုံ) ၀န်ကြီးများကို ဂရုမစိုက်တတ်ကြောင်း၊ ၄င်းကို ကြောက်နေရကြောင်း ၄င်းနှင့်နီးစပ်သူများမှတဆင့် သိရှိရပါသည်။
အဲဒါတွေကြောင့် ၀န်ကြီးချုပ် ဦးမြတ်ကိုအနေဖြင့် ဦးဌေးမြင့်ကို ကြောက်နေတာလား။
ထိုင်ခုံပျောက်သွားမှာ စိုးလို့လား။ ဒီလမ်းကိစ္စတောင်မှ မဆောင်ရွှက်နိုင်တော့ဘူး ဆိုရင် ဘယ်လိုလုပ်မလဲ (ပြည်သူတွေမှာ လမ်းပြင်ဖို့ ငွေထပ်ကောက်မှာလား) ။
ပုံပြောနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင် လာရောက်ခံစားကြည့်ပါ။ ၀န်ကြီးချုပ် ဦးမြတ်ကိုခင်ဗျား။       ။

No comments: