Monday, June 11, 2012

စစ်တွေမြို့ ၁၁ရက်နေ့ ည၁၁နာရီခန့် အခြေအနေနှင့် စပ်ဆက်သတင်းများ..



စစ်တွေမြို့လမ်းမကြီး ဆေးရုံးကြီးရှေ့မှ သံချောင်းခေါက်သံ (၃)ချက် ကြားရ၍ လူအချို့ထွက်ကြည့်ကြသည်ကို တွေ့ရ..


ပြီးခဲ့သည့် တစ်နာရီခန့်က အသံကြားရသည့် သံချောင်းခေါက်သံမှာ ဘင်္ဂါလီအချို့ စစ်တွေမြို့တွင်းသို့ ၀င်ရောက်လာသဖြင့် လုံခြုံရေးအချက်ပေး သံချောင်းခေါက်သံဖြစ်သည်။ ယင်းအချက်ပေးသံကြားပြီးနောက် လြုံခုံရေး စောင့်ကြည့်နေကြသည့် ရခိုင်တိုင်းရင်းသားများ၏ လိုက်လံကြည့်ရှုမှုကြောင့် ဘင်္ဂါလီများ ထွက်ပြေးသွားကြသည်ဟု နိုးကြားစွာလုံခြုံရေး ဆောင်ရွက်နေသူများက ဆိုသည်။ လက်ရှိအချိန်တွင် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်အချို့လည်း ဆိုင်ကယ်များဖြင့် စစ်တွေမြို့ လမ်းမကြီးများတွင် လုံခြုံရေး လှည့်လည် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် အချိန်ပိုင်းက ဘဂါင်္လီအချို့စစ်တွေ မြို့ထဲတွင် တွေ့လိုက်ရသည်ဟု လုံခြုံရေးစောင့်ကြည့်နေသူများက ပြောကြားသည်။ ဓာတ်ပုံ - ယနေ့ည ၁၀ နာရီ ၅၅ မိနစ် စစ်တွေ မိန်းလမ်းမကြီးတစ်နေရာ
စစ်တွေမြို့၊ ကြေးပင်ကြီးရပ်ကွက် ၊ မိန်းလမ်းမ ပေါ်တွင် ၁၁ရက်နေ့ ည ၁၀ နာရီ က လုံခြုံရေးကား တစ်စီးကိုတွေ့ရစဉ်

The Voice Weekly


မသင်္ကာသူ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်းအိမ်မှ လက်နက်များသိမ်းဆည်းရမိ
ည ၉နာရီ ၁၅ ၊ ဇွန် ၁၁၊ ၂၀၂၁၊ 

သတင်း YPI


အယ်ကေးဒါး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု မသင်္ကာသူ AZG (နယ်သာလန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို) အဖွဲ့မှ ၀န်ထမ်းတဦး၏ အိမ်တွင် လက်နက်သေတ္တာ ၂ လုံး ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိသည်ဟု စစ်တွေမြို့ လုံခြုံရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ ရှာဖွေတွေ့ရှိသည့် အိမ်မှာ AZG ၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင်၏
နေအိမ်ဖြစ်၍ ယင်းနေအိမ်မှာ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် ဗလီအနီးတွင် တည်ရှိသည်ဟု စစ်တွေမှ လာသည့် သတင်းများ အရသိရသည်။

ဦးကျော်လှအောင်၏ လုပ်ဖေါ်ကိုင်ဖက် ၀န်ထမ်းနှစ်ဦးမှာလည်း တိမ်းရှောင်လျှက်ရှိပြီး ၎င်းတို့အမည်မှာ ကိုဇော်လင်းထွန်းနှင့် ကိုလှရွှေ တို့ဖြစ်သည်ဟု သိရှိရသည်။ 



ယင်းလက်နက် သေတ္တာ ၂ လုံးတွင် သေနတ်များ၊ ခဲယမ်းမီးကျောက်များ ပါဝင်ကာ အခြားသော စာရွက်စာတမ်းများပါ ပါဝင်သည်ဟု သိရှိရသည်။
စစ်တွေမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်များတွင် အာရ်ပီဂျီ ပခုံးထမ်းလောင်ချာ လက်နက်များလည်း ဘင်္ဂါလီ အကြမ်းဖက်သူများထံမှ တွေ့ရှိရသည်ဟုလည်း မျက်မြင် သက်သေများက ဆိုသည်။
 အယ်လ်ကိုင်ဒါနှင့် ဆက်သွယ်သော ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာ ဖမ်းဆီး
 (The Voice Weekly)

ရန်ကုန်၊ ဇွန် ၁၁

ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားစေရ
န် လှုံ့ဆော်ဦးဆောင်ကြသူများတွင် ပါဝင်သည်ဟု ယူဆရသူ ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာက ယနေ့တွင် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ဒေါက်တာထွန်းအောင်ကို မောင်တောမြို့နယ် သုံးမိုင်တွင် သက်သေ အထောက်အထားခိုင်လုံစွ
ာဖြင့် ယနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာမည့် Air Kanbawza လေယာဉ်၊ ထိုင်ခုံနံပါတ်-၆ တွင် လိုက်ပါစီးနင်းမည်ဟု လက်မှတ် ၀ယ်ယူထားသော ၄င်း၏သမီးဖြစ်သူကိုမူ အယ်လ်ကိုင်ဒါနှင့်ဆက်သွယ်သော စာရွက်စာတမ်းများနှင့်အတူ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာထံမှ သိရှိရသည်။

အထက်ပါ သတင်းအား သမ္မတရုံး အကြီးတန်းအရာရှိ Mhuu Zaw ဖေ့စ်ဘွတ်မှ 
ပြန်လည် ဖြေကြားချက်


စိစစ်ဆဲ Case ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။  အချက်အလက်များ ခိုင်မာပြည့်စုံချိန်တွင် တရားဝင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။ 
(Mhuu Zaw)
 
The Voice Weekly Facebook စာမျက်နှာတွင် ဖော်ပြခဲ့သော သတင်းတစ်ပုဒ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက “စိစစ်ဆဲ Case ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။ အချက်အလက်များ ခိုင်မာပြည့်စုံချိန်တွင် တရားဝင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပါသည်” ဟု အကြောင်းပြန်လာသည့် အတွက် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ရန်နှင့် အမျိုးသား လုံခြုံရေးကို ရှေးရှု၍ ဖယ်ရှားထားပါကြောင်း၊ အဆိုပါ သတင်း၏ နောက်ဆက်တွဲ ဖြစ်စဉ်များကို စစ်တွေမြို့သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်များက ခိုင်လုံတိကျသော သတင်းရင်းမြစ်များထံမှ ဆက်လက် စုံစမ်းထားသည်များ ရှိသော်လည်း တရားဝင် သတင်း ထုတ်ပြန်ပြီးမှသာ ပြန်လည် ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။

The Voice Weekly ဂျာနယ်မှ အဆိုပါသတင်းအား အထက်ပါအတိုင်း ပြန်လည် ရေးသားထားပါတယ်..။

ကိုယ့်မြေ ကိုယ့်ရေမှာ ကျီးလန့်စာ စားနေရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ မျက်နှာကိုကြည့်ပြီး ကျူးကျော် စော်ကားသူများအား ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးပါရန် (ဆက်သွယ် တောင်းဆိုလွှာ)


ကိုယ့်မြေ ကိုယ့်ရေမှာ ကျီးလန့်စာ စားနေရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ မျက်နှာကိုကြည့်ပြီး ကျူးကျော် စော်ကားသူများအား ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးပါရန်....

စစ်တွေမှာ ဆွေမျိုးမိဘတွေ ကျန်ခဲ့တဲ့ ရခိုင်မိတ်ဆွေ တဦးမှ စစ်တွေက သူ့မိဘတွေကို ဖုန်းဆက်သွယ်အပြီး စိတ်မကောင်းကြီးစွာနဲ့ ဖုန်းဆက်လာတယ်..။

စစ်တွေအခြေအနေက တော်တော်ဆိုးနေကြောင်း မိမိကိုတိုက်ခိုက်လာမယ့် ဘင်္ဂလီတွေကို စစ...်တွေမြို့ပေါ်က ပြည်သူတွေထိုင်ပြီး စောင့်နေရတဲ့ အခြေအနေမျိုးရောက်နေကြောင်း အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရ ကျီးလန့်စာ စားနေရကြောင်း ဖြစ်နေရပြီတဲ့၊ ဒီနေ့ မကျည်းမြိုင် ရပ်ကွက် ဗလီမှာ လက်နက် သေတ္တာ (၃)သေတ္တာနဲ့ လက်ပစ် ဗုံးအလုံး ၁၀၀ မိတယ်တဲ့။ အင်မတန် စိုးရိမ်စရာ အခြေအနေပါပဲ။

ငွေကြေးချမ်းသာတဲ့ သူတွေ ရန်ကုန်ကို ဆင်းနေကြကြောင်း၊ လေယာဉ်လက်မှတ်တွေ ဝယ်လို့ မရတော့တဲ့အပြင် လေဆိပ်ဆင်းမယ့် လမ်းတောင် လမ်းမှာ ဘင်္ဂလီတွေ တိုက်ခိုက်ခံရမှာ ဆိုးတဲ့အတွက် စိုးရိမ်ထိတ်လန့်နေကြပြီး မဆင်းရဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်..။ ညဘက်မှာ အလှည့်ကျ ကင်းစောင့်နေရပြီး ဘင်္ဂလီများမှ လစ်ရင်လစ်သလို ဝင်ရောက် တိုက်ခိုက်နေကြကြောင်း စစ်တပ်နဲ့ ရဲကို ဘင်္ဂလီတွေမှ မထေ့မဲ့မြင် ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်..။
အဆိုပါ မိတ်ဆွေရဲ့ မိသားစု နေအိမ်ဟာ စစ်တွေမြို့လယ်ကောင်မှာ ရှိနေတာတောင် ဒီလို အဖြစ်တွေကြုံတွေ့နေရတာပါ...။ လူတော်တော်များများ နေရပ်ကနေ ပြောင်းရွှေ့နေကြတဲ့အတွက် လူအင်အားလည်း နည်းပါးလာနေကြောင်း ယနေ့ဖြစ်ပျက်ခဲ့တဲ့ ဘင်္ဂလီတွေရဲ့ လက်နက်နဲ့ ပြန်လည် ပစ်ခတ်မှုဟာ စစ်တွေ မြို့ခံပြည်သူတွေအတွက် တပူပေါ် နှစ်ပူဆင့်သလို ဖြစ်နေပါတယ်...။ ဒါဟာ စစ်တွေ မြို့ထဲက အခြေအနေပါတဲ့ လုံခြုံရေး အလှမ်းဝေးတဲ့ နေရာတွေမှာ ဘယ်လိုများ နေကြမလဲ စဉ်းစားကြည့်ကြပါတဲ့.။ ဖုန်းပြောနေတဲ့ အချိန်မှာတောင် လုံခြုံရေး ရဲကားတွေ အဆက်မပြတ် ဖြတ်သန်းသွားတယ်တဲ့။ တောင်မင်း မြောက်မင်း မကယ်နိုင်သလို ဖြစ်နေရပါတယ်တဲ့။

စစ်တပ်မှ ပြန်လည် ပစ်ခတ် နှိမ်နင်းတာကို မြို့ခံတွေ လိုလားနေကြပြီး အားမလို အားမရ ဖြစ်နေကြတယ်လို့လည်း စိတ်မကောင်းစွာ ပြောဆိုသွားပါတယ်...။ မိတ်ဆွေကတော့ ဒီလို စစ်တွေမြို့ခံတွေ ခံစားနေရတာကို နီးစပ်ရာ အာဏာပိုင်တွေရဲ့ အသိုင်းအဝန်းတွေကို သိစေလိုကြောင်း ပြောဆိုသွားပါတယ်..။
အထက်ပါ သတင်းအတွက် အထူးအင်မတန် စိုးရိမ်မိသလို စိတ်မကောင်းလဲ ဖြစ်မိပါတယ်..။ စစ်တွေက တိုင်းရင်းသား ပြည်သူတွေရဲ့ မိမိအသက်ကို ဖက်နဲ့ ထုတ်ထားရသလို ဖြစ်နေရတဲ့ အခြေအနေ အတွက် စိတ်ထိခိုက်မိတယ်ဗျာ။ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိပါးခံရတဲ့ လုပ်ရပ်ပါဗျာ..။ သက်ဆိုင်ရာ အာဏာပိုင်များ ဒီထက်ပိုပြီး တတ်နိုင်သမျှ လုံခြုံရေးတွေ ထပ်တိုးပေးဖို့ တင်းတင်းကြပ်ကြပ် ဖြေရှင်းပေးဖို့ တောင်းဆိုအပ်ပါတယ်..။ လောလောဆယ် ကိုယ့်ပြည်သူတွေ မျက်နှာက ပိုအရေးကြီးပါတယ်ဗျာ...။ ဒီသတင်းကို ဖတ်မိသူများ မိမိနဲ့ အဆက်အသွယ်ရှိတဲ့ ဆိုင်ရာဆိုင်ရာကို တွန်းအားပေးကြဖို့ အနှူးအညွတ် တောင်းပန်အပ်ပါတယ်...။

ကျွန်တော်တို့ ပြည်သူတွေ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ကြပါဗျာ...
သတင်း AP,Getty Images,Reuters

အားလုံး ကျောချင်းကပ်ကြပါ..


အားလုံး ကျောချင်းကပ်ကြပါ..

ယခုလတ်တလော ဖြစ်ပေါ်နေတဲ့  ရခိုင်ပြည်နယ်အတွင်း ဖြစ်ရပ်တွေဟာ ဦးနုကြောင့်၊ ဦးနေဝင်းကြောင့်၊ သန်းရွှေကြောင့် ဘယ်သူကြောင့် ဘယ်ဝှာကြောင့် ဘယ်သူတွေ သွေးထိုးလို့၊ ဘာနိုင်ငံရေး လှည့်ကွက် ဘာကြောင့် ညာကြောင့်ဆိုပြီး အမျိုးမျိုးပြောဆို ဝေဖန်နေကြတဲ့ အချိန်မှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေနဲ့၊ မြန်မာပြည်သူတွေ အနောက်ဘက်က ဘင်္ဂလီ ရိုဟင်ဂျာ ကျူးကျော်သူတွေ လက်ချက်နဲ့ နေ့စဉ်ရက်ဆက် ဒုက္ခမျိုးစုံ ရင်ဆိုင်နေကြရပါပြီ။ ဘာသာရေး၊ လူမျိုးရေးတွေ ဘေးဖယ်ထားပြီး အမျိုးသားရေး အမြင်နဲ့ကြည့်ကြပါ..။...

ကျူးကျော်သူတွေရဲ့ နောက်ဆက်တွဲ လက်နက်ကိုင် ပြည်ပ ပယောဂတွေလည်း ပူးကပ်လာနေပြီး ဘီလူးရုပ် အတိုင်းသား ပေါ်နေပါပြီ။ ဒီအချိန်မှာ ကျွန်တော်တို့ အစိုးရ၊ အတိုက်အခံ၊ စစ်တပ်စတာတွေကို ဘေးဖယ်ထားကြပါ။ အားလုံး ကျောချင်းကပ်ကြပြီး ရင်ဆိုင်ကြဖို့ တိုက်တွန်းလိုပါတယ်..။ ဒီအချိန်မှာ သွေးစည်းကြပါ...။ ညီညွတ်ကြပါ... အားလုံးကျောချင်း ကပ်ထားကြပါ။

ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဘဘဦးတင်ဦး ပြောပြီးပြီ၊ ၈၈ခေါင်းဆောင် ကိုမင်းကိုနိုင် ကိုယ်စား ကိုကိုကြီး ပြောပြီးပြီ၊ သမ္မတဦးသိန်းစိန် ကိုယ်စား ဦးခင်ရီ ပြောပြီးပြီ ဒီလိုပဲ မြင်တယ်..။

ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား ပြည်သူတွေရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ အတူ အမိမြေ အချုပ်အခြာ အာဏာထိပါးမှုတွေအတွက် ဘာတွေတတ်နိုင်လည်း ဘာတွေလုပ်ပေးနိုင်လည်း ဘာတွေ ကူညီထောက်ပံ့နိုင်လည်း ဆိုတာတွေ စပြီး လက်တွေ့ ပါဝင်လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါတယ်..

မြန်မာဆိုတာ လူဦးရေ အဆပေါင်းများစွာများတဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေ ကြားထဲမှာ ဘယ်သူ့သြဇာခံမှ အဖြစ်မခံပဲ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ကြတာ ကျွန်တော်တို့ ဘိုးဘေး ဘီဘင်တွေက သက်သေ ပြခဲ့ပြီးပါပြီ...။ ဘေးပတ်ဝန်းကျင်က လူဦးရေ အဆမတန်များတဲ့ ဒီလို တိုင်းပြည်တွေကြား၊ နိုင်ငံတွေကြားမှာ ကြံ့ကြံ့ခံပြီး ကျွန်တော်တို့တွေ အမြဲရှင်သန် ရပ်တည်ခဲ့ကြတာပါ။

ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ ခုလို အရေးကြီးချိန်မှာ ကျောချင်းကပ်ပြီး ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့သမိုင်း မရိုင်းရလေအောင် ကျူးကျော်သူတွေကို စည်းလုံးညီညွတ်စွာနဲ့ အောင်နိုင်ခဲ့ကြောင်း သမိုင်းမှတ်တိုင်တခု စိုက်ထူ ပြလိုက်ကြပါစို့...။ အခုအဖြစ်အပျက်တွေဟာ နောင်အနာဂတ် အတွက် အင်မတန်အရေးကြီးတဲ့ သမိုင်းတွေပါ..။

(အနောက်ဖက်က စော်ကား ကျူးကျော် စော်ကားလာ သူတွေရဲ့ ကြီးမားတဲ့ အန္တရာယ်ကို အမျိုးသားရေးအမြင်နဲ့ ရင်ဆိုင်ကာကွယ်ပြီး ညီညွတ်မှုတွေနဲ့အတူ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးကြပါစို့)

ဒီမိုဝေယံ

(ပြည်တွင်းမှာ နှစ်ပေါင်းများစွာ ဒိုးတူဘောင်ဘက် ဆိုးတူကောင်းဖက် အတူနေထိုင်ခဲ့ကြသူတွေနဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကို ရှောင်ရှားပြီး အနောက်ဘက်က ကျူးကျော်သူ ဘင်္ဂလီတွေရဲ့ အန္တရာယ်ကို အမျိုးသားရေး တရပ်အနေနဲ့ ရင်ဆိုင်ဖြေရှင်း ကာကွယ်ကြပါစို့..)

(ဓာတ်ပုံ Reuters) ၁၀ရက်နေ့က စစ်တွေမှာ ကျူးကျော်သူတွေရဲ့ အကြမ်းဖက် မီးရှို့မှုတွေကို မီးသတ်တပ်ဖွဲ့တွေနဲ့အတူ တနိုင်တပိုင် ရင်ဆိုင် ဖြေရှင်းနေရတဲ့ စစ်တွေမြို့ခံ တိုင်းရင်းသား ပြည်သူတွေရဲ့ မြင်ကွင်းပါ..

No comments: