Monday, June 4, 2012

ငိမ်းငြိမ်းချမ်းချမ်းဖြင့်ဖြေရှင်းဖို့ မေတ္တာရပ်ခံပါတယ်


Ashin Kawwida
Ashin Kawwida updated his status: "ငြိမ်းငြိမ်းချမ်းချမ်းဖြင့်ဖြေရှင်းဖို့ မေတ္တာရပ်ခံပါတယ် ခုတလောသတင်းတွေမှာ ရခိုင်ပြည်နယ် သံတွဲမြို့ မှထွက်ခွာလာတဲ့ ဘတ်စ်ကားကို တောင်ကုတ်မြို့ မှာတားဆီးပြီး မသီတာထွေး လူမဆန်စွာ သတ်ဖြတ်ခံရမှုအတွက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မူဆလင် (၁၀) ဦးနဲ့  ဗုဒ္ဓဘာသာတစ်ဦးကို သတ်ဖြတ်လိုက်ကြတယ်လို့ သိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလို ဥပဒေမဲ့လုပ်ရပ်မျိုးတွေ နောက်ထပ် မလုပ်မိကြဖို့  တိုက်တွန်းလိုက်ပါတယ်။ ဒီကိစ္စကို သေသေချာချာဆန်း စစ်ကြည့်လိုက်တော့ တဖက်ကမူဆလင်တွေက ၁၆ နှစ်အရွယ် အမျိုးသမီးလေးကို ရက်ရက်စက်စက် မတော်မတရားပြုကျင့်ပြီး လည်လှီးသတ်ဖြတ်လိုက်ရာကစတာပါ။ ဒီကိစ္စကို သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားခဲ့ရာမှာ ရဲစခန်းက တာဝန်ုကိုတိတိကျကျမယူလိုတဲ့သဘောမျိုးရေး သားပြောဆိုကြတာတွေ့ ရပါတယ်။ ပြီးတော့ ဒီလိုကိစ္စတွေပေါ်တိုင်း တရားခံဖက်လာဘ်ငွေကိုလက်ခံပြီး အမှုကိုဖြောက်ဖျက်ပစ်လေ့ရှိ တယ် လို့ လဲသိရပါတယ်။ ဒါကြောင့်လူထုက ဒီတကြိမ်လဲ ဒီလိုပဲလုပ်အုံးမှာပဲဆိုပြီး မယုံကြည်ကြတော့ပဲ ကိုယ့်ဟာကိုယ် ဖြေရှင်းတာပဲကောင်းတယ် ဆိုပြီး ဒေါသနောက်လိုက်ပါသွားကာ ဒီလိုအဖြစ်ဆိုးမျိုးတွေဖြစ်လာတယ် လို့ ယူဆပါတယ်။ ဒါကြောင့်ဒီကိစ္စမှာ တာဝန်လစ်ဟင်းခဲ့တဲ့ ရဲတွေကို ထိထိရောက်ရောက်အရေးယူရပါမယ်။ ပြည်သူလူထုယုံကြည်ရတဲ့ရဲတွေကို အစားထိုးပေးပါ။ ဒီလိုမှ မလုပ်ရင် ဒီကိစ္စဟာ အကျယ်ကျယ်မငြိမ်းဖွယ်ဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲ ရေးတွေကိုထိခိုက်နိုင်ပါတယ်။ အမှိုက်ကစပြီး ပြာဿဒ်မီးမလောင်ရအောင် အချန်မီ တရားဥပဒေနဲ့ အညီတားမြစ်ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးဟာမေတ္တာထားပြီး ဖြေရှင်းကြပါလို့ တိုက်တွန်းပါတယ်။ ဒါပေမဲ့ မေတ္တာကို မယုံတဲ့သူတွေကိုတော့ တရားဥပဒေသုံးပြီး ဖြေရှင်းပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။ လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ.......။"

No comments: