Saturday, June 9, 2012

မောင်တောမြို့ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်း







ရခိုင်ပြည်နယ် မောင်တောမြို့တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်၌ ဆူပူအုံကြွ နှောက်ယှက် ဖျက်ဆီးလို သူများက ဆူပူ အကြမ်းဖက် သတ်ဖြတ်ခြင်း၊ လူနေအိမ်များအား မီးရှို့ခြင်း တို့ကြောင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားကာ တိုင်းရင်းသား အများအပြား ထိခိုက် ဒဏ်ရာရခြင်း၊ အသက်အိုးအိမ် စည်းစိမ် ပျက်စီး ဆုံးရှုံးခြင်းတို့ ဖြစ်ပွားပြီး များစွာ ဆင်းရဲ ဒုက္ခရောက် လျက်ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ပိုမိုကောင်းမွန်သော တည်ငြိမ် အေးချမ်းမှုရရှိရန်နှင့် အသက် အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးကာ ဆင်းရဲဒုက္ခ ရောက်လျက်ရှိသည့် တိုင်းရင်းသားများအား အနီးကပ် ကူညီစောင့်ရှောက် နိုင်ရန်အတွက် “တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း တာဝန် ပေးအပ် လိုက်ကြောင်း သတင်းရရှိသည်-




(က) ဦးအောင်ကြီး ဥက္ကဋ္ဌ နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်

ကဲမှုဌာနချုပ်

(ခ)ဒုတိယရဲမှူးကြီးမျိုးဝင်း အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မောင်တောခရိုင်


(ဂ)ဦးမြင့်သန်း အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ၊ မောင်တောခရိုင်


(ဃ)ဦးဝင်းစိန် အဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီး
မှူး

(င)ဒေါက်တာကျော်မောင်မောင်သိန်း အဖွဲ့ဝင် ခရိုင်ဆရာဝန်ကြီး၊ မောင်တောခရိုင်


(စ) ဦးအောင်သက်ရှည် အဖွဲ့ဝင် မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်
ရေးမှူး၊ မောင်တောမြို့နယ်

(ဆ)ဦးအောင်မြင့်စိုး အတွင်းရေးမှူး ခရိုင်အုပ်ချုပ်ရေးမှူး၊ မောင်တောခရိုင်




အဆိုပါ ကြီးကြပ်ရေး အဖွဲ့၏ တာဝန်များမှာ ရရှိပြီးသော တည်ငြိမ် အေးချမ်းမှုကို ပိုမိုတိုးတက်အောင် ကြပ်မတ် ဆောင်ရွက်ရန်၊ အခင်းဖြစ်ပွားမှုကြောင့် ဆင်းရဲဒုက္ခ ရောက်လျက် ရှိသော တိုင်းရင်းသားများအား ယာယီ နေရာချထား၊ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် ရေရှည် ကာလတွင် ဘေးကင်း လုံခြုံရာ၌ နေရာချထားနိုင်မည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား စနစ်တကျ အနီးကပ် ကူညီ စောင့်ရှောက်ရန် ဖြစ်သည်။ အထွေထွေ လိုအပ်ချက် များအား ပြည်နယ် ဝန်ကြီးချုပ်မှ တစ်ဆင့် တင်ပြ၍ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အကြောင်းကြား လိုက်ကြောင်း သိရှိရပါသည်။




(သတင်းစဉ်)

No comments: