Saturday, June 9, 2012

““စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ် ဦးက အခြေအနေအရပ်ရပ်ကို ကျေအေးရန် လက်မှတ်ထိုးခိုင်း””

7Day News Journal

ယနေ့ ဇွန်လ ၉ ရက် နံနက် ၁၁နာရီက ကျာက်နီမော်ကျေးရွာသို့ အစိုးရမှ ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရခိုင်ပြည်နယ်ထောင်အုပ်စုမှူး၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးကျော်ခင် ရောက်ရှိလာပြီး ကျေးရွာ ဥက္ကဌ ဦးသန်းထွန်း၏ နေအိမ်တွင် ရွာသူရွာသားများကို စုရုံးစေကာ ရခိုင်နှင့် အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီတို့အကြား လက်ရှိဖြစ်ပွားနေသော ပြဿနာ အခြေအနေအရပ်ရပ်ကို ကျေအေးကြရန်လက်မှတ်ထိုးခိုင်းခဲ
့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
ထို့နောက် ဗိုလ်မှူးကျော်ခင်သည် သေဆုံးသူ မသီတာထွေး၏ မိခင်ဖြစ်သူအား ခေါ်ယူ၍ အစိုးရ၏ ထောက်ပံ့ဂရုဏာကြေးသဖွယ် ငွေကျပ် ၁၅ သိန်းကိုပေးအပ်ရာ မသီတာထွေး၏ မိခင်က ငြင်းဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ယင်းငွေကျပ် ၁၅ သိန်းကို ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်ကို ပေးအပ်ရာ ဦးခင်မောင်မြင့်ကလည်း လက်မခံဘဲ စံပြကျေးရွာဘုန်းတော်ကြီးကျောင်
းသို့ သွားရောက်ပေးအပ်စဉ်
တွင် ရွာသူရွာသားများက လက်မခံသဖြင့် ယင်းငွေများကို ဗိုလ်မှူးကျော်ခင် ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ကျောက်နီမော်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။
““လက်ခံလိုက်တာ မကောင်းဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ အခု ဥက္ကဌ ဦးသန်းထွန်းက ဗိုလ်မှူးကျော်ခင်ကို ညစာကျွေးဖို့ ပြင်ဆင်နေပါ တယ်”” ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

No comments: