Tuesday, August 28, 2012

ABSDF ဥက္ကဌဟောင်း ၃-ဦး ပြည်တော်ပြန်မည်။


မိုးသီးဇွန်။ ထွန်းအောင်ကျော်နဲ့ အမေရိကန်ရောက် ၈၈-ကျောင်းသားခေါင်းဆောင်ဟောင်းတချို့ ဗီဇာရပြီ။ (BBC-သတင်းကိုနားထောင်ပြီးပြန်ရေးထားပါသည်)
ပြီးခဲ့တဲ့လပိုင်းကစပြီး မြန်မာနိုင်ငံဆီ ပြန်ဝင်လေ့လာမယ်လို့ သတင်းထွက်နေတဲ့ ABSDF ဥက္ကဌဟောင်း ကိုထွန်းအောင်။ ကိုမိုးသီးဇွန်အပါဝင် အမေရိကန်ရောက် ကျောင်းသားခေါင်း ဆောင်ဟောင်း ၇-ဦး ပည်ဝင်ခွင့် ဗီဇာရပြီလို့သိရပါတယ်။
အဲဒီပုဂိုလ်တွေကတော့ ကိုမိုးသီးဇွန်။ ကိုထွန်းအောင်ကျော်။ ကိုကိုလေး။ ကိုမူးသာ။ ကိုရင်အေး။ ကိုရွေစင်နဲ့ ကိုကိုအောင်တို့ဖြစ်တယ်လို့ ကိုထွန်းအောင်ကျော်က ဘီဘီစီ-ကိုပြောပါတယ်။ စနေနေ့က ၀ါရှင်တန်ရှိ မြန်မာ သံအမတ်နဲ့တွေ့ဆုံပြီးတဲ့နောက် အခုလို ဗီဇာ-အလွယ်တကူထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
လက်တလောဖြစ်ပေါ်နေတဲ့ ၀န်ကြီးနေရာအပြောင်းလဲအပါဝင် နိုင်ငံရေးပြောင်းလဲမှုတွေဟာ စစ်မှန်တဲ့ ပြောင်းလဲမှု ဆီဦးတည်နေတယ်လို့ သူထင်မြင်ကြောင်းလဲ ကိုထွန်းအောင်ကျော်ကပြောပါတယ်။ သူတို့ ခရီးစဉ်ရဲ့အဓိကရည် ရွယ်ချက်ကတော့ ပြည်တွင်းစစ်ရပ်စဲရေး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်း ပြည်တိုးတက်ဖွံ့ဖြိုးရေး အတွက်ဖြစ်ကြောင်း။ စက်တင်ဘာလ ပထမ-ပတ်အတွင်း ခရီးစထွက် နိုင်ဘွယ်ရှိတယ်လို့ ကိုထွန်းအောင်ကျော်က ဘီဘီစီ-နဲ့ မေးမြန်းခန်းအတွင်း ပြောသွားပါတယ်။
..................................................................
 ပြည်ပရောက်နိုင်ငံရေးသမား ၅-ဦး ဗီဇာရ- (ဧရာဝတီ)
မြန်မာ နိုင်ငံတွင် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ ပူးပေါင်း ကျင်းပမည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ပြည်ပ အခြေစိုက် အတိုက်အခံ ခေါင်းဆောင် ၅ ဦးကို ပြည်ဝင်ခွင့် ဗီဇာ ပေးရန်ရှိကြောင်း သတင်း ရရှိသည်။
 ဒေါက်တာ နိုင်အောင်(ABSDF ဥက္ကဌဟောင်း)၊ ဦးအောင်မိုးဇော်(လူ့ဘောင်သစ် ပါတီ)၊ ဒေါက်တာ သောင်းထွန်း (NCGUB)၊ ဦးညိုအုန်းမြင့်၊ ဦးမောင်မောင်(FTUB) တို့ ၅ ဦး ဖြစ်ကြောင်း သိရသည်။ 
ထိုဆွေးနွေးပွဲသို့ တက်ရောက်မည့် ဒီမို ကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်(NDD)မှ ဒေါ်ခင်ဥမ္မာ၊ ဦးဘိုကြည်(AAPP)၊ ဦးအောင်မျိုးမင်း(HREIB) တို့ကိုမူ ဗီဇာ မပေး ကြောင်း သိရသည်။ ဦးအောင်မျိုးမင်းသည် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။--ဧရာဝတီ|

No comments: