Friday, August 17, 2012

တွံတေး-ခေနာင်-ဒလ လမ်းပိုင်း သွားလာ၍မရေအာင် ပျက်စီးနေ


၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ကြံ့ခိုင်ရေးပါတီက  မဲဆွယ်ဖောက်လုပ်ပေးခဲ့တဲ့ တွံတေး-ခေနာင်-ဒလ ဆက်သွယ်ထားတဲ့လမ်းဟာ အြပီးမသတ်သေးတဲ့
အတွက် အခု မိုးတွင်းအချိန်မှာ သွားလာလို့ မရေအာင်
ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


တွံတေး-ခေနာင်-ဒလ လမ်းပိုင်းဟာ မြေသားလမ်းဖြစ်တဲ့အတွက် အခုလို မိုးတွင်းအချိန်မှာ သွားလာလို့မရေအာင် ပျက်စီးနေတာလို့ ဒလမြို့ နယ် ခေနာင်ချောင်းဝ ကျေးရွာဒေသခံ
တဦးက ပြောပါတယ်။

“ဒီလမ်းက ဆိုင်ကယ်စီးသွားရင် မြေမိုသလား မှတ်ရတယ်။ သူတို့ကိုမဲထည့်ပြီးတာနဲ့ ခင်းပေးမယ်လို့ ကတိပေးသွားပါတယ်။

 ဒါပေမယ့် ဖြစ်မလာဘူး။ ပြည်သူတွေရဲ့ရင်ထဲမှာ မြေပာရဲလို့သာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၂၀ဝ၉ ခုနှစ်မှာ စြပီးမတည်ပေးတာ။ သူတို့အပြောက ကတ္တရာခင်းမယ် မီးတိုင်တွေ ပါမယ်ပေါ့။

 ပြောတဲ့ အတိုင်းဖြစ်ဖို့လိုတယ်။ ကျေးရွာတွေက ဖြစ်ချင်တဲ့အတိုင်း လုပ်ပေးလိုက်ပေမယ့် ဖြစ်မလာဘူး၊ သွားရေးလာရေး ခက်ခဲတယ်။

”အခုအချိန်ထိ မြေသားလမ်းအမျိုးအစားပဲ ရှိနြေပီး ၂၀၁၀ နောက်ပိုင်းမှာ လမ်းကို ဒေသခံတွေနဲ့
 ရန်ကုန်က အလှူရှင်တချို့အလှူငွေနဲ့ ဆက်ဖောက်ခဲ့တာ သိန်း ၂၀ဝ လောက်
ကုန်သွားတယ်လို့ ဆိုပါတယ်။

DVB (မြန်မာပိုင်း)

No comments: