Friday, August 24, 2012

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့တွင် ရေကြီးမှုများ


ရန်ကုန်မြို့ တာမွေအ၀ိုင်းထိပ်တွင် ကားများ သွားလာနေမှုကို ယနေ့ ညနေပိုင်းက မြင်တွေ့ရစည်
 ရန်ကုန်မြို့ တာမွေအ၀ိုင်းထိပ်တွင် ကားများ သွားလာနေမှုကို ယနေ့ ညနေပိုင်းက မြင်တွေ့ရစည်
ရန်ကင်းမြို့နယ်က ဆရာစံလမ်းပေါ်(အ၀ိုင်းလေးရဲစခန်းနား)မှာ ဒီကနေ့ညနေပိုင်းမှာ ရေကြီးမှုကြောင့် ကားလမ်းကြောတွေ ပိတ်ဆို့နေပါတယ်။ အဲဒီရေကြီးမှု့ကြောင့် လမ်းပေါ်မှာရေတွေ သုံးပေခန့်ထိရောက်ရှိခဲ့လို့ ကျောင်းပြန်လာတဲ့ကျောင်းကားတွေ၊ အလုပ်ကပြန်လာတဲ့ ၀န်ထမ်းတွေအခက်တွေ့နေကြတာပါ။ အဲဒီဖက်မှာပြေးဆွဲနေတဲ့လိုင်းကားတွေဟာ ရေ၀င်လာလို့စက်ချို့ယွင်းမှုတွေဖြစ်နေတာကိုလဲတွေ့ရပါတယ်။ ညနေ ၄ နာရီလောက်ကမိုးသည်းထန်စွာရွာသွန်းခဲ့လို့ရေတွေတက်လာသလို ရေနှုတ်မြောင်းတွေမကောင်းလို့ဖြစ်တယ်လို့ ကားသမားနဲ့ အဲဒီနားမှာနေထိုင်တဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေကပြောကြားခဲ့ပါတယ်။ ကားလမ်းပိတ်ဆို့မှုဟာ ၃ နာရီလောက်ကြားနေတာဖြစ်ပြီး အခုချိန်ထိ ပိတ်ဆို့နေတုန်းပါ။

No comments: