Friday, August 17, 2012

ဖူးကတ်ကျွန်း ဒစ္စကိုကလပ်မီးလောင်၊ မြန်မာ ၁ ဦးအပါအဝင် ၄ ဦး သေဆုံး


ထိုင်းနိုင်ငံ ဖူးကတ်ကျွန်းက နာမည်ကျော် ပသောင်ကမ်းခြေရဲ့ ဒစ္စကိုကလပ်တခုမှာ သောကြာနေ့ မနက်စောပိုင်းကမီးလောင်မှုကြောင့် မြန်မာနိုင်ငံသားတဦးအပါအဝင် နိုင်ငံခြားသား  ၄ ဦး သေဆုံးပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။


မီးလောင်မှုဖြစ်ပွားခဲ့တဲ့ တိုက်ဂါး အရက်နဲ့ ဒစ္စကိုကလပ်မှာ မီးလောင်မှုမြဖစ်ပွားခင် တညလုံး မိုးသည်းထန်စွာရွာနေပြီး ဆိုင်ရဲ့ မီးအားမြှင့်စက် ဆီ လျှပ်စီးလက် မိုးကြိုးပစ်ရာကေန မီးစေလာင်ပြီး ၂ ထပ်တိုက် ဆိုင်တခုလုံး ပြာကျသွားတာလို့ မျက်မြင်တွေက ရဲအဖွဲ့ကို ပြောပါတယ်။

၁ နာရီလောက် မီးလောင်ကျွမ်းပြီးနောက် မီးငြိမ်းသွားခဲ့ပါတယ်။ရုပ်ပျက်ဆင်းပျက် သေဆုံးသူ ၄ ဦးဟာ နိုင်ငံခြားသားဧည့်သည်တွေဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ အတည်မပြု ရေသးဘူးလို့ ဖူးကတ် ဒုတိယမြို့  တော်ဝန် ချာမ်ရိုဝမ် တိပယာ ပွန်တာဒါက ဆိုပါတယ်။

အေအက်ဖ်ပီသတင်း ၁ ပုဒ်မှာတော့ သေဆုံးသူတွေထဲမှာ စင်ကာပူ ၃ ဦး၊ ဂျပန် ၁ ဦးနဲ့ မြန်မာ ၁ ဦးတို့ ပါဝင်ပြီး မီးလောင်ကျွမ်းလို့ ထိခိုက်ဒဏ်ရာရသူတွေနဲ့ မီးခိုးမွှန်ပြီး အသက်ရှူကျပ်တဲ့ ထိုင်းနဲ့ ဩစတြေးလျ၊ ပြင်သစ်နဲ့ ဗြိတိန်လူမျိုး နိုင်ငံခြားသားတွေကို ပေသာင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

DVB (မြန်မာပိုင်း)

No comments: