ယခင်အပတ်မှအဆက်
အန်တီကတော့ သူ့အိမ်ခန်းထဲ ရောက်တာနဲ့ သူ့ခင်ပွန်းဟောင်းရဲ့ ဓာတ်ပုံစာအုပ်ကို ထုတ်ပြတော့တာပါပဲ။ ရေနွေး ကြမ်းလေး ဘာလေးနဲ့တောင် ဧည့်မခံသေးပါဘူး။ သူ့မီးဖိုချောင်ထဲကိုလိုက်ပြီး သူ့ကို ကူညီဖို့ ကြိုးစားပြန် တော့လည်း အကူမခံပါဘူး။ “ဒါ ကျွန်မအိမ်လေ။ ဒီအိမ်မှာ ဘာကိုမဆို ကျွန်မဘာသာပဲ လုပ်တယ်။ အဲဒါကျွန်မရဲ့ စည်းကမ်းပေါ့။ စည်းကမ်းဟာ စည်းကမ်းပဲလေ”လို့ အန်တီက ဒေါသတကြီး ပြောခဲ့ပါတယ်။ ကျွန်မလည်း ဖုန်းထဲက သူ့စကားတွေကို ပြန်တွေးပြီး နားမလည် နိုင်အောင်ပါပဲ။ ဒီတော့မှ သူက “နိုရီကိုရေ ရှင်လာလည်တဲ့ အချိန်က အကောင်းဆုံး အချိန်ပဲ။ ဇွန်လ ဆိုတာ ရာသီဥတု အကောင်းဆုံးအချိန်ပေါ့” လို့ ပြောပါတော့တယ်။
အန်တီ တည်ခင်းတဲ့ ညစာကတော့ မြန်မာထမင်း၊ ဗီယာနာ ဝက်အူချောင်းနဲ့ အသုပ်ပါပဲ။ အသက် ၉ဝ ဝန်းကျင် ဆိုပေမယ့် သူက နိုင်ငံတကာကို သွားလာနေခဲ့သူမို့ တည်ခင်း ပြင်ဆင်ထားပုံက အကောင်း လွန်နေပါတယ်။ ဖယောင်းတိုင် မီးအောက်မှာ ကျွန်မတို့က ရေဖန်ခွက်ချင်းထိပြီး ညစာစားပွဲကို စတင် လိုက်ပါတယ်။ ကျွန်မက ဝက်အူချောင်းကို ကြိုက်တော့ အန်တီက သဘောကျပါတယ်။ “နိုရီကိုက ဝက် အူချောင်း ကြိုက်တော့ ကောင်းတယ်။ သြစတြီးယားက ဝက်သား သိပ်စားတာ”လို့ပြောပါတယ်။ အဲဒီနောက် တော့ ကျွန်မကို ညစာကျွေးတိုင်း ဗီယာနာ ဝက်အူချောင်း ပါလာတော့တာပါပဲ။
တကယ်တော့ ဇွန်လမှာ ရာသီဥတု အကောင်းဆုံးသာ ဆိုတယ် နှင်းတွေကတော့ အယ်လ်ပ်တောင်တန်း ပေါ်မှာ ရှိနေတုန်းပါ။ အန်တီက အပြင်ထွက်ဖို့ တုတ်ကောက် ပါမှရတာကြောင့် အပြင်ထွက်လေ့ မရှိပါဘူး။ ဒီတော့ ဒေသခံတွေနဲ့လည်း မခင်နိုင် ဖြစ်ရပါတယ်။ ပြီးတော့ ဒေသခံတွေက ဂျာမန်လိုပဲ ပြောကြတာကိုး။ အန်တီက အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကျွမ်းပေမယ့် ဂျာမန်လိုတော့ သိပ်မကျွမ်းပါဘူး။ ဒီတော့ အန်တီဟာ ဝါနာရဲ့ နောက်မိန်းမနဲ့ သူ့မိဘတွေရဲ့ အကူအညီမပါဘဲ ရပ်တည်လို့ မလွယ်ပါဘူး။ အဲဒီအဆောက်အအုံမှာ နေတဲ့ သူ့ဆရာဝန် ကတော့ အန်တီ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေပါပဲ။
အန်တီဟာ ကမ္ဘာမှာ ဂုဏ်ယူဖွယ် အသက်မွေးအလုပ်တွေ လုပ်ခဲ့တယ် ဆိုပေမယ့် သူ့ဘဝကတော့ အထီးကျန် ဆန်လှပါတယ်။ သူက အဲဒီအထီးကျန်ဘဝကို စာဖတ်ပြီးတော့ပဲ ဖြတ်သန်းတာပါ။ သူ့စာကြည့်ခန်းထဲက စာအုပ်စင်မှာတော့ အမေရိကန်နဲ့ အင်္ဂလိပ် စာပေဆိုင်ရာ စာအုပ်တွေ အများကြီးရှိပါတယ်။ အဲဒီအချိန်ကတော့ အန်တီက ပြင်သစ် တော်လှန်ရေး ဆိုင်ရာ စာအုပ်တွေကို ပြန်ဖတ်နေခဲ့တာပါ။ သူက “တော်လှန်ရေး တစ်ခု စတဲ့အခါ လူမှုရေး အခြေအနေကို ထပ်ပြီးသိချင်လာလို့ ဖတ်နေတာ”လို့ ပြောပါတယ်။
သူ့ရဲ့ အခန်းတစ်ခန်းထဲမှာတော့ မြန်မာလုံချည်တွေကို စင်နဲ့တင်ထား ပါတယ်။ သူဘယ်နေရာပဲ ရောက်နေ နေ ဒီလုံချည်တွေကို သယ်သွားပြီး မြန်မာပြည်ကို ရောက်နေသလို ခံစားပုံပါပဲ။ “လုံချည်တွေ အများကြီးပဲနော်” လို့ ကျွန်မကပြောတော့ အန်တီက “ကျွန်မသေရင် အဲဒီပစ္စည်း အားလုံးဟာ စုအတွက်ပဲလေ”လို့ တုံ့ပြန်ပါ တယ်။ သူ့ရဲ့ စုကိုချစ်တဲ့ အချစ်ဟာ ကြီးမားလှပါတယ်။ သူဟာ စုအတွက် စိတ်ဓာတ်ရေးရာ အရရော ငွေကြေးအရပါ မိခင်တစ်ယောက်လို စောင့်ရှောက်ခဲ့တာပါ။ သူက ၁၉၈၉ ခုနှစ် ဇူလိုင် ၂ဝ မှာ စုနေအိမ် အကျယ်ချုပ်ကျပြီး နောက်ပိုင်း မိုက်ကယ့်ကိုပါ သားမက်တစ်ယောက်လို စောင့်ရှောက်ပါတယ်။ စုတို့မိသားစု ကိုလည်း သူ့မိသားစုလိုပဲ စောင့်ရှောက် ခဲ့တာပါ။
စု နေအိမ် အကျယ်ချုပ် ကျပြီးတဲ့အခါ အလက်ဇန္ဒားက စိတ်ဓာတ် အကြီးအကျယ် ထိခိုက်ခံစားလိုက် ရပါတယ်။ အဲဒီအချိန်က သူတို့ မိသားစုဟာ စုနဲ့အတူ ရန်ကုန်အိမ်မှာ ရှိနေပြီး အလက်ဇန္ဒားက အသက် ၁၆ နှစ် ရှိပြီမို့ နေအိမ်အကျယ်ချုပ် ဆိုတာရဲ့အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ပါတယ်။ ကင်မ်ကတော့ အသက် ၁၁ နှစ်သားမို့ သိပ် နားမလည်သေးဘဲ အစောင့်စစ်သားတွေနဲ့ ဆော့ကစားတောင် နေခဲ့ပါသတဲ့။ မိုက်ကယ်က ပြန်ပြောပြခဲ့ တာပါ။
၁၉၈၈ ခု မတ်လမှာတော့ စုဟာ နေမကောင်း ဖြစ်နေတဲ့ သူ့အမေကို ပြုစုဖို့ မြန်မာပြည်ကို ပြန်သွားရတဲ့ အခါ အလက်ဇန္ဒားက အသက်ဆယ့်ငါးနှစ်တောင် မပြည့်ရှာသေးပါဘူး။ သူက ထက်ထက်မြက်မြက်ရှိသူမို့ သူ့အမေကို လက်လွှတ်လိုက်ရတော့မှာကို ပူပန်တတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လူပျိုပေါက်ဆိုတော့ မိခင်ကို တကယ့်ကို အလိုရှိနေတဲ့ အချိန်လည်း ဖြစ်နေတာပေါ့။ မိုက်ကယ်ကတော့ အင်္ဂလန်က အသိအမှတ်ပြု လက်မှတ်ရပြီးစ မြန်မာသူနာပြု ကလေးမတစ်ယောက်ကို အလက်ဇန္ဒားကို ပြုစုပေးဖို့အတွက် ငှားခဲ့ပါ သေးတယ်။ ဒါပေမယ့်သူက ကြီးကြီး မသန်းဧကလွဲပြီး ဘယ်သူ့စကားကိုမှ နားမထောင်ခဲ့ပါဘူး။ တကယ်တော့ အလက်ဇန္ဒားက ငယ်ငယ်ကလေး တည်းက မသန်းဧရဲ့ စကားကိုပဲ နားထောင်သူပါ။ ကျွန်မမှတ်မိနေတာက သူတို့ငယ်ငယ်တုန်းကလမ်းလျှောက် ထွက်ကြတဲ့အခါ မသန်းဧကပဲ သူ့ရဲ့ လက်ကိုကိုင်ပြီး လျှောက်ခဲ့တာပါ။
အဲဒီနှစ်မှာပဲ ကျွန်မက အန်တီ မသန်းဧဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ စုရဲ့ မွေးစားအမေလို ဖြစ်နေတဲ့ နောက်တစ်ယောက်က အင်္ဂလိပ် လူမျိုး လေဒီပတ်ထရစ် ရှာဂေါရ်ဘုသ် ပါ။ သူကလည်း ကျွန်မရှိနေတဲ့အချိန် အန်တီ့ဆီ လာလည်ပါတယ်။သူက အန်တီ့ကို သြစတြီးယားမှာ တစ်ယောက်တည်းထားခဲ့လို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်မှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကို ရှာပြီး အန်တီ့ကို ပြောင်းနေစေဖို့ စီစဉ်ရပါတယ်။ အန်တီကလည်း သူ့အနေနဲ့ အိပ်ယာပေါ်မှာပဲ နေနေရတဲ့ အနေအထား မရောက်ခင်မှာ အောက်စ်ဖို့ဒ်ကို ပြောင်းသွားဖို့ ဆုံးဖြတ်ပါတယ်။ အဲဒီဂေဟာမှာ ရေချိုးခန်း၊ အိမ်သာတွဲလျက် အိပ်ခန်း တစ်ခန်းရယ်၊ မီးဖိုချောင်ပါတဲ့ ဧည့်ခန်း တစ်ခန်းရယ်ပါတဲ့ အခန်း ကျယ်တစ်ခုကို တစ်လ ပေါင် ၈ဝဝ ပေးရပါတယ်။ အဲဒီဂေဟာမှာ စာကြည့်တိုက် ကောင်းကောင်းလည်း ရှိသလို ရုပ်ရှင်ရုံလို သီရေတာအသေးလေးလည်းရှိပါတယ်။ ဧည့်သည်လာရင် တည်းလို့ရတဲ့ အခန်းကလည်း ရှိတာပါ။ ကြိုမှာထားလို့ရတဲ့ အစားအသောက် ဌာနလည်း ရှိပါတယ်။ ဂေဟာမှာ ၂၄ နာရီ လုံခြုံရေးစနစ်လည်း ရှိတာမို့ စိတ်အေးရမယ့်နေရာပေါ့။ ဒီလိုနဲ့ အသက် ၉ဝ အရွယ် အန်တီမသန်းဧဟာ သူ့ခင်ပွန်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေ ရှိနေတဲ့ သြစတြီးယားကနေ သူ့သေတ္တာတွေထဲမှာ အမြဲသိမ်းထားတတ်တဲ့ ဓာတ်ပုံများရဲ့ ပိုင်ရှင် စုနေခဲ့ဖူးတဲ့ အောက်စဖို့ဒ်ကို အပြီးတိုင် ပြောင်းရွေ့ လာခဲ့ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုနှင့်အတူ တွေ့ရသည့် မူရင်း စာရေးသူ နိုရီကို
မိုက်ကယ့်အပြောအရ နယူးယောက်မှာရှိနေတဲ့ စုဆီက ဘူတန် ရောက်နေတဲ့သူ့ဆီကို ရှစ်လအတွင်း စာပေါင်း ၁၈၇ စောင် ပေးပို့ခဲ့ပါသတဲ့။ အဲဒီစာတွေထဲမှာ ထပ်တလဲလဲ ပါလာတာကတော့ သူသာ မိုက်ကယ်နဲ့ လက်ထပ်လိုက်ရင် မြန်မာပြည်က လူတွေအနေနဲ့ သူ့ရဲ့မြန်မာပြည်ပေါ် ထားတဲ့ မေတ္တာအပေါ် သံသယဖြစ်ကြမှာ စိုးရိမ်ကြောင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီလို မြန်မာလူထုရဲ့ စိတ်ခံစားချက်ကို တွေးပူနေတဲ့ စု ဟာ အဲဒီခံစားချက်ကို မြန်မာလူထုနဲ့ တိုက်ရိုက်စကားပြောခွင့်ရတဲ့ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ထိ (ရွှေတိဂုံဘုရားအနောက်ဘက်မုခ် လူထုစည်းဝေးပွဲ) ဆက်လက် သယ်ဆောင်ထားခဲ့သေးတာပါ။
အန်တီကတော့ သူ့အိမ်ခန်းထဲ ရောက်တာနဲ့ သူ့ခင်ပွန်းဟောင်းရဲ့ ဓာတ်ပုံစာအုပ်ကို ထုတ်ပြတော့တာပါပဲ။ ရေနွေး ကြမ်းလေး ဘာလေးနဲ့တောင် ဧည့်မခံသေးပါဘူး။ သူ့မီးဖိုချောင်ထဲကိုလိုက်ပြီး သူ့ကို ကူညီဖို့ ကြိုးစားပြန် တော့လည်း အကူမခံပါဘူး။ “ဒါ ကျွန်မအိမ်လေ။ ဒီအိမ်မှာ ဘာကိုမဆို ကျွန်မဘာသာပဲ လုပ်တယ်။ အဲဒါကျွန်မရဲ့ စည်းကမ်းပေါ့။ စည်းကမ်းဟာ စည်းကမ်းပဲလေ”လို့ အန်တီက ဒေါသတကြီး ပြောခဲ့ပါတယ်။ ကျွန်မလည်း ဖုန်းထဲက သူ့စကားတွေကို ပြန်တွေးပြီး နားမလည် နိုင်အောင်ပါပဲ။ ဒီတော့မှ သူက “နိုရီကိုရေ ရှင်လာလည်တဲ့ အချိန်က အကောင်းဆုံး အချိန်ပဲ။ ဇွန်လ ဆိုတာ ရာသီဥတု အကောင်းဆုံးအချိန်ပေါ့” လို့ ပြောပါတော့တယ်။
အန်တီ တည်ခင်းတဲ့ ညစာကတော့ မြန်မာထမင်း၊ ဗီယာနာ ဝက်အူချောင်းနဲ့ အသုပ်ပါပဲ။ အသက် ၉ဝ ဝန်းကျင် ဆိုပေမယ့် သူက နိုင်ငံတကာကို သွားလာနေခဲ့သူမို့ တည်ခင်း ပြင်ဆင်ထားပုံက အကောင်း လွန်နေပါတယ်။ ဖယောင်းတိုင် မီးအောက်မှာ ကျွန်မတို့က ရေဖန်ခွက်ချင်းထိပြီး ညစာစားပွဲကို စတင် လိုက်ပါတယ်။ ကျွန်မက ဝက်အူချောင်းကို ကြိုက်တော့ အန်တီက သဘောကျပါတယ်။ “နိုရီကိုက ဝက် အူချောင်း ကြိုက်တော့ ကောင်းတယ်။ သြစတြီးယားက ဝက်သား သိပ်စားတာ”လို့ပြောပါတယ်။ အဲဒီနောက် တော့ ကျွန်မကို ညစာကျွေးတိုင်း ဗီယာနာ ဝက်အူချောင်း ပါလာတော့တာပါပဲ။
တကယ်တော့ ဇွန်လမှာ ရာသီဥတု အကောင်းဆုံးသာ ဆိုတယ် နှင်းတွေကတော့ အယ်လ်ပ်တောင်တန်း ပေါ်မှာ ရှိနေတုန်းပါ။ အန်တီက အပြင်ထွက်ဖို့ တုတ်ကောက် ပါမှရတာကြောင့် အပြင်ထွက်လေ့ မရှိပါဘူး။ ဒီတော့ ဒေသခံတွေနဲ့လည်း မခင်နိုင် ဖြစ်ရပါတယ်။ ပြီးတော့ ဒေသခံတွေက ဂျာမန်လိုပဲ ပြောကြတာကိုး။ အန်တီက အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကျွမ်းပေမယ့် ဂျာမန်လိုတော့ သိပ်မကျွမ်းပါဘူး။ ဒီတော့ အန်တီဟာ ဝါနာရဲ့ နောက်မိန်းမနဲ့ သူ့မိဘတွေရဲ့ အကူအညီမပါဘဲ ရပ်တည်လို့ မလွယ်ပါဘူး။ အဲဒီအဆောက်အအုံမှာ နေတဲ့ သူ့ဆရာဝန် ကတော့ အန်တီ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေပါပဲ။
အန်တီဟာ ကမ္ဘာမှာ ဂုဏ်ယူဖွယ် အသက်မွေးအလုပ်တွေ လုပ်ခဲ့တယ် ဆိုပေမယ့် သူ့ဘဝကတော့ အထီးကျန် ဆန်လှပါတယ်။ သူက အဲဒီအထီးကျန်ဘဝကို စာဖတ်ပြီးတော့ပဲ ဖြတ်သန်းတာပါ။ သူ့စာကြည့်ခန်းထဲက စာအုပ်စင်မှာတော့ အမေရိကန်နဲ့ အင်္ဂလိပ် စာပေဆိုင်ရာ စာအုပ်တွေ အများကြီးရှိပါတယ်။ အဲဒီအချိန်ကတော့ အန်တီက ပြင်သစ် တော်လှန်ရေး ဆိုင်ရာ စာအုပ်တွေကို ပြန်ဖတ်နေခဲ့တာပါ။ သူက “တော်လှန်ရေး တစ်ခု စတဲ့အခါ လူမှုရေး အခြေအနေကို ထပ်ပြီးသိချင်လာလို့ ဖတ်နေတာ”လို့ ပြောပါတယ်။
သူ့ရဲ့ အခန်းတစ်ခန်းထဲမှာတော့ မြန်မာလုံချည်တွေကို စင်နဲ့တင်ထား ပါတယ်။ သူဘယ်နေရာပဲ ရောက်နေ နေ ဒီလုံချည်တွေကို သယ်သွားပြီး မြန်မာပြည်ကို ရောက်နေသလို ခံစားပုံပါပဲ။ “လုံချည်တွေ အများကြီးပဲနော်” လို့ ကျွန်မကပြောတော့ အန်တီက “ကျွန်မသေရင် အဲဒီပစ္စည်း အားလုံးဟာ စုအတွက်ပဲလေ”လို့ တုံ့ပြန်ပါ တယ်။ သူ့ရဲ့ စုကိုချစ်တဲ့ အချစ်ဟာ ကြီးမားလှပါတယ်။ သူဟာ စုအတွက် စိတ်ဓာတ်ရေးရာ အရရော ငွေကြေးအရပါ မိခင်တစ်ယောက်လို စောင့်ရှောက်ခဲ့တာပါ။ သူက ၁၉၈၉ ခုနှစ် ဇူလိုင် ၂ဝ မှာ စုနေအိမ် အကျယ်ချုပ်ကျပြီး နောက်ပိုင်း မိုက်ကယ့်ကိုပါ သားမက်တစ်ယောက်လို စောင့်ရှောက်ပါတယ်။ စုတို့မိသားစု ကိုလည်း သူ့မိသားစုလိုပဲ စောင့်ရှောက် ခဲ့တာပါ။
စု နေအိမ် အကျယ်ချုပ် ကျပြီးတဲ့အခါ အလက်ဇန္ဒားက စိတ်ဓာတ် အကြီးအကျယ် ထိခိုက်ခံစားလိုက် ရပါတယ်။ အဲဒီအချိန်က သူတို့ မိသားစုဟာ စုနဲ့အတူ ရန်ကုန်အိမ်မှာ ရှိနေပြီး အလက်ဇန္ဒားက အသက် ၁၆ နှစ် ရှိပြီမို့ နေအိမ်အကျယ်ချုပ် ဆိုတာရဲ့အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ပါတယ်။ ကင်မ်ကတော့ အသက် ၁၁ နှစ်သားမို့ သိပ် နားမလည်သေးဘဲ အစောင့်စစ်သားတွေနဲ့ ဆော့ကစားတောင် နေခဲ့ပါသတဲ့။ မိုက်ကယ်က ပြန်ပြောပြခဲ့ တာပါ။
၁၉၈၈ ခု မတ်လမှာတော့ စုဟာ နေမကောင်း ဖြစ်နေတဲ့ သူ့အမေကို ပြုစုဖို့ မြန်မာပြည်ကို ပြန်သွားရတဲ့ အခါ အလက်ဇန္ဒားက အသက်ဆယ့်ငါးနှစ်တောင် မပြည့်ရှာသေးပါဘူး။ သူက ထက်ထက်မြက်မြက်ရှိသူမို့ သူ့အမေကို လက်လွှတ်လိုက်ရတော့မှာကို ပူပန်တတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လူပျိုပေါက်ဆိုတော့ မိခင်ကို တကယ့်ကို အလိုရှိနေတဲ့ အချိန်လည်း ဖြစ်နေတာပေါ့။ မိုက်ကယ်ကတော့ အင်္ဂလန်က အသိအမှတ်ပြု လက်မှတ်ရပြီးစ မြန်မာသူနာပြု ကလေးမတစ်ယောက်ကို အလက်ဇန္ဒားကို ပြုစုပေးဖို့အတွက် ငှားခဲ့ပါ သေးတယ်။ ဒါပေမယ့်သူက ကြီးကြီး မသန်းဧကလွဲပြီး ဘယ်သူ့စကားကိုမှ နားမထောင်ခဲ့ပါဘူး။ တကယ်တော့ အလက်ဇန္ဒားက ငယ်ငယ်ကလေး တည်းက မသန်းဧရဲ့ စကားကိုပဲ နားထောင်သူပါ။ ကျွန်မမှတ်မိနေတာက သူတို့ငယ်ငယ်တုန်းကလမ်းလျှောက် ထွက်ကြတဲ့အခါ မသန်းဧကပဲ သူ့ရဲ့ လက်ကိုကိုင်ပြီး လျှောက်ခဲ့တာပါ။
အဲဒီနှစ်မှာပဲ ကျွန်မက အန်တီ မသန်းဧဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ စုရဲ့ မွေးစားအမေလို ဖြစ်နေတဲ့ နောက်တစ်ယောက်က အင်္ဂလိပ် လူမျိုး လေဒီပတ်ထရစ် ရှာဂေါရ်ဘုသ် ပါ။ သူကလည်း ကျွန်မရှိနေတဲ့အချိန် အန်တီ့ဆီ လာလည်ပါတယ်။သူက အန်တီ့ကို သြစတြီးယားမှာ တစ်ယောက်တည်းထားခဲ့လို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်မှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကို ရှာပြီး အန်တီ့ကို ပြောင်းနေစေဖို့ စီစဉ်ရပါတယ်။ အန်တီကလည်း သူ့အနေနဲ့ အိပ်ယာပေါ်မှာပဲ နေနေရတဲ့ အနေအထား မရောက်ခင်မှာ အောက်စ်ဖို့ဒ်ကို ပြောင်းသွားဖို့ ဆုံးဖြတ်ပါတယ်။ အဲဒီဂေဟာမှာ ရေချိုးခန်း၊ အိမ်သာတွဲလျက် အိပ်ခန်း တစ်ခန်းရယ်၊ မီးဖိုချောင်ပါတဲ့ ဧည့်ခန်း တစ်ခန်းရယ်ပါတဲ့ အခန်း ကျယ်တစ်ခုကို တစ်လ ပေါင် ၈ဝဝ ပေးရပါတယ်။ အဲဒီဂေဟာမှာ စာကြည့်တိုက် ကောင်းကောင်းလည်း ရှိသလို ရုပ်ရှင်ရုံလို သီရေတာအသေးလေးလည်းရှိပါတယ်။ ဧည့်သည်လာရင် တည်းလို့ရတဲ့ အခန်းကလည်း ရှိတာပါ။ ကြိုမှာထားလို့ရတဲ့ အစားအသောက် ဌာနလည်း ရှိပါတယ်။ ဂေဟာမှာ ၂၄ နာရီ လုံခြုံရေးစနစ်လည်း ရှိတာမို့ စိတ်အေးရမယ့်နေရာပေါ့။ ဒီလိုနဲ့ အသက် ၉ဝ အရွယ် အန်တီမသန်းဧဟာ သူ့ခင်ပွန်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေ ရှိနေတဲ့ သြစတြီးယားကနေ သူ့သေတ္တာတွေထဲမှာ အမြဲသိမ်းထားတတ်တဲ့ ဓာတ်ပုံများရဲ့ ပိုင်ရှင် စုနေခဲ့ဖူးတဲ့ အောက်စဖို့ဒ်ကို အပြီးတိုင် ပြောင်းရွေ့ လာခဲ့ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုနှင့်အတူ တွေ့ရသည့် မူရင်း စာရေးသူ နိုရီကို
မိုက်ကယ့်အပြောအရ နယူးယောက်မှာရှိနေတဲ့ စုဆီက ဘူတန် ရောက်နေတဲ့သူ့ဆီကို ရှစ်လအတွင်း စာပေါင်း ၁၈၇ စောင် ပေးပို့ခဲ့ပါသတဲ့။ အဲဒီစာတွေထဲမှာ ထပ်တလဲလဲ ပါလာတာကတော့ သူသာ မိုက်ကယ်နဲ့ လက်ထပ်လိုက်ရင် မြန်မာပြည်က လူတွေအနေနဲ့ သူ့ရဲ့မြန်မာပြည်ပေါ် ထားတဲ့ မေတ္တာအပေါ် သံသယဖြစ်ကြမှာ စိုးရိမ်ကြောင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီလို မြန်မာလူထုရဲ့ စိတ်ခံစားချက်ကို တွေးပူနေတဲ့ စု ဟာ အဲဒီခံစားချက်ကို မြန်မာလူထုနဲ့ တိုက်ရိုက်စကားပြောခွင့်ရတဲ
No comments:
Post a Comment