ဟစ်တိုင်ဘလော့ဂ်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငြိမ်းချမ်းအေး ဆိုသူရေးထားတဲ့ ( လွှတ်တော်နိုင်ငံရေး၊
အခြေခံဥပဒေ နှင့် ပြင်ဆင်သင့်တဲ့ အချက်များ ) ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ဖတ်ခွင့်ကြုံခဲ့ပါတယ်။ ဆောင်းပါးထဲမှာပါတဲ့ 
အခြားသောအကြောင်းကိစ္စတွေကိုတော့ အထွေအထူးမပြောချင်ပါ။ သို့ သော်အောက်ကထုတ်ယူဖေါ်ပြထားတဲ့စာပိုဒ်နဲ့ ပတ်သက်ပြီး
တော့ပြောစရာရှိလာရပါတယ်။ ဘာကြောင့်လဲဆိုတော့ တင်ပြထားတဲ့အကြောင်းအရာတွေက လုံးဝဥဿုံ မှားယွင်းနေလို့ ဖြစ်ပါတယ်။
မသိနားမလည်သူတွေကဖတ်ပြီး အမှားတွေကိုအမှန်လို့ ထင်မှတ်ယုံကြည်သွားခဲ့ရင် အမှားဗဟုသုတနဲ့ ကြီးပြင်းသွားမှာစိုးရိမ်လို့ ပါ။
ရေးသူကလည်း မသိနားမလည်သူတွေအတွက် ရှာဖွေတင်ပြရေးသားရာမှာ အချက်အလက်တွေကိုအသေအချာဆန်းစစ်ပြီး၊ မှန်ကန်မှ
ရေးသားတင်ပြသင့်ပါတယ်။ အထူးသဖြင့်တော့ အထင်ကရရှိနေတတ်တဲ့ သက်သေအထောက်အထားတွေကို မမှန်မကန်ရေးသားခြင်း၊
အချက်အလက် အကြောင်းအရာမှားတွေကို တင်ပြပေးခြင်းဟာ တတ်ယောင်ကားလုပ်ပြီး ရေးသားတင်ပြနေခြင်းမျိုးသာ ဖြစ်နေပါ
လိမ့်မယ်။
ဒီမိုကရေစီလှုပ်ရှားမှု
- လွှတ်တော်နိုင်ငံရေး၊ အခြေခံဥပဒေ နှင့် ပြင်ဆင်သင့်တဲ့ အချက်များ
..ငြိမ်းချမ်းအေး -၈-၅ -၂၀၁၂
အမေရိကန်လို
ကမ္ဘာပတ် လှည့်ပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ သမ္မတ အရည်အချင်း
သတ်မှတ်ချက်မှာလည်း "သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်" ဆိုတဲ့
သဘောမျိုးမတွေ့ရပါ။
အမေရိကန် သမ္မတတွေထဲမှာ စစ်တပ်ရာထူးထမ်းဆောင်ဖူးတဲ့ သူတွေရှိတယ်။
ဒါပေမယ့် စစ်တပ် တာဝန်ထမ်းဆောင်ချိန်နဲ့ သမ္မတဝင် အရွေးခံတဲ့ အချိန်ဟာ သပ်သပ်စီဖြစ်တယ်။
အများအားဖြင့်လည်း တိုင်းပြည်မှာ စစ်ပွဲကြီးတွေ ဖြစ်နေတဲ့ အချိန်မှာ ဝင်ရောက်ပြီး တိုင်းပြည်ရဲ့ စစ်ရေးတာဝန်ထမ်းဆောင်ကြတာသာ ဖြစ်တယ်။
သူတို့ကို သမ္မတအဖြစ် ပြည်သူက ရွေးကောက်တင်မြှောက်ကြတာကလည်း
စစ်တပ်ကလာလို့ (စစ်ရေးအမြင်ရှိလို့) ဆိုတာကြောင့် မဟုတ်ဘဲ သူတို့ရဲ့
အထွေထွေ အရည်အချင်း၊ သူတို့ရဲ့ ရိုးသားမှု၊ သူတို့တင်ပြတဲ့ မူဝါဒ တို့ကို
သဘောကျ ကျေနပ်နှစ်သက်လို့သာ ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်မှာ နာမည်ကြီးခဲ့တဲ့
စစ်သူကြီး အိုင်စင်ဟောင်းဝါး တစ်ယောက်သာ ကမ္ဘာစစ်ကြီးကို
နိုင်အောင်တိုက်ခဲ့တဲ့
ခေါင်းဆောင်ထဲက တစ်ယောက်အနေနဲ့ လူကြိုက်များပြီး မဲပေးကြလို့
၁၉၅၀ခုနှစ်များမှာ သမ္မတဖြစ်ခဲ့ဖူးတယ်။
သို့သော် သူလည်း သမ္မတ တာဝန်တွေ ထင်သလောက် အောင်မြင်အောင် မထမ်းနိုင်လို့ သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရခဲ့တယ်။
အထက်ပါစာကြောင်းများထဲမှာ သမ္မတအိုက်စင်ဟောင်ဝါ ကို သမ္မတ တာဝန်တွေ ထင်သလောက် အောင်မြင်အောင် မထမ်းနိုင်လို့ သမ္မတသက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရခဲ့တယ် လို့ ရေးသားထားပါတယ်။ လုံးဝဥဿုန်မှားယွင်းနေတဲ့အချက်အလက်ဖြစ်ပါတယ်။
| |||||
34th President of the United States | |||||
---|---|---|---|---|---|
In office
January 20, 1953 – January 20, 1961
| |||||
Vice President | Richard Nixon | ||||
Preceded by | Harry S. Truman | ||||
Succeeded by | John F. Kennedy | ||||
1st Supreme Allied Commander Europe | |||||
In office
April 2, 1951 – May 30, 1952
| |||||
President | Harry S. Truman | ||||
Deputy | Arthur Tedder | ||||
Preceded by | Position established | ||||
Succeeded by | Matthew Ridgway | ||||
16th Chief of Staff of the Army | |||||
In office
November 19, 1945 – February 6, 1948
| |||||
President | Harry S. Truman | ||||
Deputy | J. Lawton Collins | ||||
Preceded by | George Marshall | ||||
Succeeded by | Omar Bradley |
အထက်မှာဖေါ်ပြထားတဲ့ ပုံနဲ့ ပူးတွဲပါစာတွေကိုဖတ်ကြည့်ရင် စစ်သူကြီး/သမ္မတ အိုက်စင်ဟောင်ဝါအကြောင်းအကျဉ်းချုပ်ဖေါ်ပြထားတာကို ဖတ်ရှုနိုင်ပါတယ်။ ဒီစာနဲ့ ပုံတွေက အင်တာနက်အတော်အသင့် ကျွမ်းကျင်သူတွေ အလွယ်တကူရှာဖွေကြည့်ရှနိုင်တဲ့ www.wikipedia.org
မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။ စာဖတ်တဲ့သူတိုင်းသိတဲ့ နာမည်ကျော် online စွယ်စုံကျမ်း (Wikipedia, the free encyclopedia) ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ (၃၄) ဆက်မြောက်သမ္မတ အိုက်စင်ဟောင်ဝါ ဟာ January 20, 1953 ကနေ January 20, 1961 အထိ (၈) နှစ်ကြာ အမေရိကန်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ အတိအလင်းရေးထားတာတွေ့ ရပါတယ်။ ဆိုလိုရင်းကတော့သမ္မတသက်တမ်းကို ( ၂ ) ကြိမ်ဆက်တိုက်ထမ်းဆောင်ခဲ့တယ်ဆိုတာ ဘယ်လို့ မှငြင်းနိုင်ဘွယ်မရှိပါဘူး။ အိုက်စင်ဟောင်ဝါသည် သမ္မတမဖြစ်မီ
သမ္မတထရူးမင်း ( Harry S. Truman) လက်အောက်မှာ (၁၆)ယောက်မြောက် အမေရိကန် စစ်ဦးစီးချုပ်/ကာကွယ်ရေးဦးစီးချုပ် အဖြစ် November
19, 1945 ကနေ February 6, 1948 အထိအမှုထမ်းခဲ့ပါတယ်။
ကြယ်ငါးပွင့်စစ်သူကြီး တာဝန်ဆိုပါတော့။ April 2, 1951 ကနေ May 30,
1952 အထိ သမ္မတထရူးမင်းလက်ထက်မှာဘဲ ဥရောပမဟာမိတ်တပ်များဦးစီးချုပ်
တာဝန်လည်းထမ်းဆောင်ခဲ့ပါသေးတယ်။
သမ္မတအိုက်စင်ဟောင်ဝါသည် ၁၉၅၃ ခုနှစ်တွင် သမ္မတဖြစ်လာပြီး၊ ၁၉၅၇ ခုနှစ်တွင် ဒုတိယအကြိမ်ထပ်မံအရွေးခံရပါတယ်။ သမ္မတအိုက်စင် ဟောင်ဝါသည် ၁၉၅၂ ခုနှစ် သမ္မတလောင်းရွေးကောက်ပွဲ နှင့် ၁၉၅၆ ခုနှစ် သမ္မတလောင်းရွေးကောက်ပွဲ (၂ ) ကြိမ်စလုံးတွင်ပြိုင်ဘက်ဖြစ်သူ ဒီမိုကရက်တစ်ပါတီမှ Adlai Stevenson ကိုပင်
မဲအပြတ်အသတ်နှင့် နိုင်ခဲ့ခြင်းဖြစ်၍ လူကြိုက်များသောသမ္မတတဦး ဖြစ်မည်မှာလည်း မငြင်း နိုင်ဘွယ်အချက်ဖြစ်ပါသည်။ သမ္မတအိုက်စင်ဟောင်ဝါ နောက်၊ ၁၉၆၁ ခုနှစ်မှာ သမ္မတဖြစ်လာမယ့် John F. Kennedy ကို ရှုံးနိမ်ခဲ့တဲ့
ရစ်ချက်ဒ် နစ်ဆင် (Richard Nixon) ဟာ သမ္မတအိုက်စင်ဟောင်ဝါ ရဲ့ ဒုတိယသမ္မတဖြစ်ပါတယ်။ ရစ်ချက်ဒ် နစ်ဆင်ဟာ ၁၉၅၆ ခုနှစ်မှာ ဒုတိယ သမ္မတအနေနဲ
့မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ခဲ့ပါတယ်။ ရစ်ချက်ဒ် နစ်ဆင်ဟာ ၁၉၆၉ ခုနှစ်မှာ တော့ အမေရိကန်နိုင်ငံရဲ့ ( ၃၇ ) ဆက် မြောက် သမ္မတဖြစ်လာခဲ့ပါတယ်။
သမ္မတအိုက်စင်ဟောင်ဝါလိုဘဲ စစ်သားကနေ သမ္မတဖြစ်လာသူတွေရှိခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ပထမဆုံးသမ္မတ George Washington ၊ (၇)ဆက်မြောက်သမ္မတ Andrew Jackson ၊ သမ္မတလင်ကွန်း ( Abraham Lincoln ) လက်အောက် စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး ဂရန့် ( General Ulysses Grant ) [(၁၈)ဆက်မြောက်သမ္မတ] ၊ တို့ ဟာ စစ်ဗိုလ်/စစ်မှုထမ်းကနေ သမ္မတဖြစ်လာခဲ့သူတွေပါ။
ဒီစာမှာ အဓိက ရေးသားချင်တာကတော့
အကြောင်းအရာအချက်အလက်တွေကို ရေးသားဖေါ်ပြတဲ့အခါမှာ ပေါ့ပေါ့တန်တန်၊
ပြီးစလွယ် သဘောမျိုး၊ မှန်/မမှန် ဆန်းစစ်မှုမရှိဘဲ ရေးသားဖေါ်ပြခြင်းဟာ
မသိနားမလည်သူတွေကို အမှားတွေကို သင်ပေးလိုက်တာနဲ့ တူပါတယ်။ အမှားတွေကို
ဖတ်ရှု ရတဲ့သူတွေကလည်း အမှန်လို့ ဘဲ စွဲပြီး သွားရင်တော့
အမှားသံသယာရှည်ကြီးထဲမှာ မျောနေမှာပါဘဲ။ အထူးသဖြင့် အင်္ဂလိပ်ဘာသာ
အားနည်းသူတွေအတွက်၊ မိမိကိုယ်တိုင် ရှာဖွေဖတ်ရှုနိုင်ခြင်းမရှိတဲ့အတွက်
တခါဖတ်ထားပြီးသားကိုအမှန်လို့ စွဲသွားမှာ ဖြစ်ပါတယ်။
အမှန်ကိုသိထားပြီးသူတွေတောင် ထင်ယောင်ထင်မှား ဖြစ်သွားစေမှာဖြစ်ပါတယ်။
စာဖတ်ခြင်းဟာ ဦးဏှောက်ကိုအစာကြွေးခြင်း /
အဟာရဖြည့်တင်းပေးခြင်းလည်းဖြစ်ပါတယ်။ ဒါကြောင့်သိနားလည်လို
့စာရေးသားသူတွေဟာ ဒီအချက်အလက်တွေကိုတော့ အလေးထားဘို
့အမှန်တကယ်လိုအပ်ပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ စာဖတ်သူ/ဗဟုသုတရှာဖွေမှတ်သားသူတွေရဲ့
ဦးဏှောက်ကို အဟာရဖြည့်တင်းပေးခြင်း မမည်ဘဲ၊
အဆိပ်ကြွေးသလိုဖြစ်နေပါလိမ့်မယ်။
ရဲမြင့်အောင်
__._,_.___
Attachment(s) from RazarMinNaing -
1 of 1 File(s)
Reply to sen
No comments:
Post a Comment