Wednesday, August 8, 2012

ကျေးဇူးအထူးတင်ပါတယ် ရန်ကုန်မြို့က ရှစ်ပူးကြီးများ ခင်ဗျား။

ဝန်ကြီးနှစ်ပါးငွေလာလှူပြီး နှုတ်နဲ့ ခွင့်ပြုမိန့်လာပေးတော့
ပြုံးပျော်ကြည်နူးနေကြတဲ့ ရန်ကုန်က မင်းသားကြီးများကို
ကြည့်ပြီးတော့-ကျွန်တော် ဝမ်းပမ်းတနည်းဖြစ်မိတယ်။
အော်သူတို့လို သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေ လာပူးပေါင်း
ပေလို့သာ မန္တလေးကအခန်းအနားကြီးကို အစိုးရမင်းများ
ကိုယ်တိုင် လာရောက်ချီးမြှင့်ကြတာပါလား။
ကျေးဇူးအထူးတင်ပါတယ် ရန်ကုန်မြို့က ရှစ်ပူးကြီးများ
ခင်ဗျား။
အမျိုးသားရင်ကြားစေ့ရေး လို့လည်း စတုတ္ထမဋိုင်များကတင်စားတာတွေ့ရတယ်ခင်မျ။
ဒီကိစ္စနဲ့ ဆက်နွယ်မယ်ထင်တဲ့ အဖြစ်အပျက်တခုတင်ပြချင်ပါတယ်။
၈၈၈၈ အရေးတော်ပုံကြီးရဲ့ အရှိန်ကောင်းနေတဲ့အချိန်မှာ
ပေါ့ -သမဂ္ဂအသီးသီး၊သပိတ်အဖွဲ့ အသီးသီးဟာ မိမိတို့ ကိုယ်ပိုင်ငွေနဲ့မိမိတို့ အရေးအခင်းခရီးကိုဖြတ်သန်းလာခဲ့ကြပြီး-ခရီးတွေရောက်
ခဲ့ကြပြီးမှ-သပိတ်တပ်ပေါင်းစုအဖွဲ့ချုပ်ကို ပြသနာတခု
ရောက်လာတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနွယ်ဖွား ထိုင်းနိုင်ငံသားတွေက
မန္တလေးမြို့က သပိတ်မှောက် အဖွဲ့အစည်းများအတွက်
ဘတ်ငွေ သန်း၂၀၀ ပေးပို့လာပါတယ်တဲ့။အဲ့ဒီငွေကို
ခွဲဝေပေးနိုင်ဖို့အတွက် သပိတ်မှောက်အဖွဲ့အစည်းတွေဟာ ငွေကိုင်ထားတဲ့
(မန္တလေးမြို့က နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်-လွတ်လပ်ရေးမော်ကွန်းဝင်ကြီး ဦးဆောင်တဲ့)မြို့မိမြို့ဖ
သမဂ္ဂ ဆိုတဲ့နောက်ဆုံးပေါ်အဖွဲ့မှာမှတ်ပုံတင်ရမယ်တဲ့။
မှတ်ပုံတင်တဲ့နေရာမှာ သပိတ်အဖွဲ့/သမဂ္ဂအဖွဲ့ရဲ့
ဖွဲ့စည်းပုံ-အင်အားကစလို့ အချက်အလက်အပြည့်အစုံတင်ပြလျှောက်ထားရမှာတဲ့။
နောက်မှလာပြီးငဦးလုပ်တာလေ။
သပိတ်မှောက်အဖွဲ့အစည်းတွေကလဲအများကြီး
ပါဝင်နေတဲ့သူတွေကလည်းအမျိုးအစားပေါင်းစုံ
မျှားထားတဲ့ငွေကလဲ ဘတ်သန်း၂၀၀တောင်-ဆိုတော့
ဒီပြသနာက ကျွန်တော်တို့ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်
မှာ အခြေအတင် ဆွေးနွေးရတဲ့ကိစ္စတခုဖြစ်လာတယ်။
ငွေ ဆိုတော့ အလှူငွေနဲ့လည်ပတ်နေရတဲ့ သပိတ်အဖွဲ့
တွေ-အားလုံးလိုချင်ကြတာပေါ့ဗျာ။
အားလုံးဆွေးနွေးပြီးတော့ သပိတ်တပ်ပေါင်းစုအဖွဲ့ချုပ်က
အဲ့ဒီအလှူငွေကို လက်မခံဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်ဗျ။
ဘတ်သန်း၂၀၀ ကတော့ဘယ်မှာမှန်းမသိလိုက်ရပေမဲ့
စည်လုံးညီညွတ်စွာလုပ်ခဲ့တဲ့ မန္တလေးသပိတ်တပ်ပေါင်းစု
အတွင်း စိတ်ဝမ်းကွဲမှုတွေဖြစ်ခဲ့ရတယ်။
စကားကြုံကြိက်လို့ သတိရတဲ့အဖြစ်အပျက်ကလေးနဲ့ ငွေ
ရေးကြေးရေးနဲ့ ဖိလာရင်-မန္တလေးကလူတွေရဲ့သဘော
ထားကိုပြောပြတာပါ။
ငွေ ၁၀သိန်းလာပေးသွာတာ-လက်ခံထားလိုက်တယ်-
ဟုတ်လာ-ပြုံးပြီးတော့ကို-ကျေးဇူးတင်ပါတယ်လို့ ပြောပြီး
တော့ကို လက်ခံလိုက်တာ-ဟုတ်လား။ခင်ဗျားတို့ ရန်ကုန်
ကကြွလာကြတဲ့ ပုဂ္ဂိုလ်များကို မန္တလေးက ပွဲစီစဉ်သူတွေ
က ထမင်းမကြွေးကြဘူးလား။ပွဲစီစဉ်ထားတဲ့အထဲမှာ
ဘာများလိုအပ်တာရှိနေလို့ ဒီငွေကိုလက်ခံလိုက်ရတာလဲ။
၈၈၈၈ အရေးတော်ပုံကြီးအတွင်း အသက်၊သွေး၊ချွေး-
ဘဝတွေပေးခဲ့ကြသူတွေရဲ့ မျက်နှာကိုထောက်ထားပြီး
တော့ အလှပလုံးစကားလုံတွေနဲ့ ငြင်းလို့ရပါတယ်ဗျာ။
ခင်ဗျားတို့ မြို့ကြီးသားတွေ ဈေးပေါလိုက်တာ-လုပ်ရက်
လိုက်ကြတာ။ ကျုပ်တို့မြေ-ကျုပ်တို့ပွဲမှာ လာလုပ်ရတယ်လို့-
 
 
။။။။။                ။။။။။။။။။          ။။။။။။။။။       ။။။။။။။။။။        ။။။။။။။။
မတူသော အမြင် သဘော များကို၊ စုစည်းတင်ပြမှု့ တခုသာဖြစ်ပါတယ်။
လွတ်လပ့်စွာသဘောထားကွဲလွှဲ နိုင်ကြပါတယ်။
ဘလော့ဂါ

No comments: