Thursday, August 2, 2012

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပေါ်ထွက်ခဲ့သည့် ကာတွန်းများ။

 
 အဆိုပါကာတွန်းများမှာ အာဏာရှင်လက်အောက် မြန်မာပြည်၏ အခြေအနေများအား ထင်ဟပ်ပေါ်လွင်စေခဲ့ပါသည်။

ရဟန်းရှင်လူပြည်သူများရဲ့  ညီညွတ်သောအင်အား၊ ရဲရင့်သော လှုပ်ရှားဆောင်ရွက်မှုများ၊ ခိုင်မာသော စိတ်ဓါတ်များနဲ့  အာဏာရှင်အား မကြောက်မရွံ့  ဆန့် ကျင်တိုက်ပွဲဝင်ခဲ့မှုကြောင့် တစ်ပါတီ အာဏာရှင်စနစ်ဖြစ်သည့် နေ၀င်း ဦးဆောင်သည့် မဆလပါတီအား အမြစ်ပြတ် ဖြုတ်ချနိုင်ခဲ့သည်မှာ မြန်မာ့သမိုင်းတွင် ထူးချွန်ပြောင်မြောက်သော ပြည်သူ့ မှတ်တမ်း ဖြစ်ပါသည်။

၈၈၈၈ (ရှစ်လေးလုံး) ပြည်သူလူထုလှုပ်ရှားမှုကြီးအတွင်း ကျဆုံးခဲ့သော ၀ိညာဉ်များနဲ့  ရှင်သန်နေဆဲ အင်အားစုများဟာ ခောတ်အဆက်ဆက်မှာ ထပ်မံပေါ်ပေါက်တယ်ဆိုတာ မလွဲဧကန် ဖြစ်ပါသည်။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာ ကျဆုံးခဲ့ကြရတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေရဲ့  သွေးတွေနဲ့  ခြေမဆေးကြပါနဲ့ ။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးဟာ ရဟန်းရှင်လူကျောင်းသားပြည်သူတွေရဲ့  အသက်ဝိညာဉ်တွေ ဖြစ်ပါတယ်။
7:04 PM
 

No comments: