Sunday, August 12, 2012

လူထုမကြိုက်တဲ့ ၆ တန်းအောင်အုပ်ချုပ်ရေးမှူးနဲ့ ငွေအလွဲသုံးစားမှုကြီး



တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့် (ခ) ဘာဘူ သည် ပြည်သူပိုင်သစ် (၆)တန်ကျပ်တန်ဖိုး ၁၂ သိန်းခန့်နှင့် မြေကွက် ၂၉ ကွက် ရောင်းရငွေ ကျပ်သိန်း ၈၂ သိန်းအား မတရား အလွဲသုံးစားပြုလျက် အုပ်ချုပ်ရေးမှူးအာဏာသုံးပြ
ီး ကျေးရွာနေလူထုအား အနိုင်ကျင့် ခြိမ်းခြောက်လျက်ရှိပါတယ်။

ကျေးရွာနေလူထု ၆၀၀ ကျော် စုပေါင်းလ
က်မှတ်ထိုးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး နှင့် တိုင်းအုပ်ချုပ်ရေးမှူးတို့ထံ ၃၀.၇.၂၀၁၂ တွင်တင်ပြထားသော်လည်း ယနေ့တိုင်ဘာမှ တစ်စုံတစ်ရာ ပြန်ကြားချင်းမရှိသလို ရပ်ကွက်အုပ်ရေးမှူးထပ်မံရွေးကောက်ပွဲလုပ်ပေးခြင်းမရှိပါ။

ဦးသိန်းမြင့်(ခ)ဘာဘူမှာ အုပ်ချုပ်ရေးမှူး အရည်းအချင်းမပြည့်မှီသူဖြစ်
ပြီး ပညာအရည်အချင်း ၆ တန်းသာရှိသူဖြစ်ပါသည်။ ကျေးရွာနေလူထုအား သူကိုနောက် ၄ နှစ်တိုင် ဖြုတ်လို့ရမည်မဟုတ်ကြောင်းနှင့်ထပ်မံတိုင်ကြားမှုရှိလာလျှင် သူ့အကြောင်းသိရမည်ဟု ကြိမ်းဝါးလျက်ရှိ ကြောင်းသိရပါတယ်။

No comments: