Monday, August 13, 2012

မီဒီယာတွေကို အရေးယူဖို့ သံတမန်တွေကို သတင်းစာရှင်းလင်းပွဲ လုပ်မှ ဖြစ်တော့မည်




တနေ့ က သမ္မတအကြံပေး ဦးကိုကိုလှိုင်က နိုင်ငံတကာမှာ မြန်မာနိုင်ငံနှင့် ပါတ်သက်၍ သတင်းအမှားတွေကို မီဒီယာမှ တဆင့်

တင်ပြနေသည်ကို ပြန်လည်ရှင်းလင်းရန်အတွက် ဆောင်ရွက်နေပြီဆိုသော သတင်းဖတ်ရသည် ။

အလွန်တရာ နောက်ကျနေသော်လည်း နောင်တဆိုသည်မှာ ခံစားသိရှိရသူအဖို့  တန်ဘိုးရှိစမြဲမို့  ၄င်းသတင်းကို ကြိုဆိုသည် ။

စစ်စစ် မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဋ္ဌါနမှ ယခုဖြစ်ပေါ်နေသော အရေးပေါ်သတင်းအမှားများကို အချိန်နှင့် တပြေးညီ မီဒီယာများမှ

တဆင့် ထုတ်ပြန်နေပါက သမ္မတဦးသိန်းစိန်ဓါတ်ပုံပါကားချပ် ၊  နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံပါကားချပ်နှင့်

အလံတော်ကို  နင်းခြေသူများ ပေါ်ပေါက်လာစရာ အကြောင်းမရှိ ။ ပြန်ကြားရေးဝန်ကြီးဋ္ဌါနက ပေါ့လျှော့မှုကြောင့် ဖြစ်နေသလို

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အကြံပေးပုဂိုလ်များကလည်း နိုင်ငံတော်၏ ဂုဏ်သိက္ခာကို  ထိခိုက်ပျက်ပြားလာစေမည့် အကြောင်းအရာနှင့်

ပါတ်သက်၍ စောစောကပင် အကြံကောင်းများ မပေးနိုင်ခဲ့ ဟု ထင်ရသည် ။

     ကုလသမ္မဂ -ဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် လူ့ အခွင့်အရေးစုံစမ်းရေး အစီရင်ခံသူ မစ္စတာသောမတ်စ် ဟိုဟေးကင်တာနားက

နိုင်ငံတကာသံတမန်များနှင့် ရခိုင်ပြည်နယ်၏ ပကတိဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရန် လာခဲ့ ကြသည် ။

သူတို့ လာသောအဖွဲ့ ထဲတွင် ဘာသာပေါင်းစုံမပါဘဲ မွတ်ဆလင်ဘာသာဝင် နိုင်ငံများမှသာ စုံစမ်းရန် ပါလာသည်ကို သတိထားမိသည် ။

လာသည့်အခါမှာလည်း မွတ်ဆလင်ဘာသာဝင်များကို ရခိုင်လူမျိုးများ ၊ တပ်မတော်မှ စစ်သားများက မုဒိမ်းကျင့် လူသတ်

လူမျိုးတုံးသတ်ဖြတ်ခြင်း ဆိုပြီး မီဒီယာများမှ တဆင့် ကြားသိရသောကြောင့် သူတို့ ၏ ဘာသာဝင်များအတွက် စိုးရိမ်ပူပန်ကာ လူသားချင်း

စာနာထောက်ထားသည့်အားလျှော်စွာ ကြည့်ရှူစောင့်ရှောက်ရန် လာကြခြင်းဖြစ်သည် ။

     အမှန်တကယ်သာ ယင်းသို့ မီဒီယာများမှ ဖေါ်ပြနေသလို ဖြစ်နေခဲ့ ပါက မစ္စတာကင်တားနားနှင့် အတူပါလာသော သံတမန်များသည်

ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးချုပ် ရုံးခမ်းမတွင် နိုင်ငံတကာမှာ ဖေါ်ပြနေသော သတင်းမှာ လွန်စွာကွဲပြားခြားနားနေ၍ မိမိတို့ နိုင်ငံသို

့ပြန်လည်ရောက်ရှိသောအခါ အစိုးရထံတွင် ပြန်လည်ရှင်းလင်းတင်ပြပါမည်ဟု ၀န်ခံပြောဆိုသွားကြသည် ။

သို့ လင့်ကစား ဆော်ဒီအာရေဗီးယားနိုင်ငံမှ သတင်းတပုဒ်ကို ကိုးကားပြီး ဖေါ်ပြလာရာတွင် မြန်မာနိုင်ငံ၌ လူမျိုးတုံးသတ်ဖြတ်နေခြင်းများ

ရှိနေသည်ဆိုပြီး ဓါတ်ပုံနှင့် တကွ ဖေါ်ပြထားသော နရိန်ဉ္ဖရာ သတင်းဋ္ဌာန၀ပ်ဆိုက်၏ သတင်းဖတ်ရတော့ များစွာအံ့သြမိရသည်

။http://www.narinjara.com/burmese/?p=1602သတင်း — August 8, 2012 at 1:25 pm

  မစ္စတာကင်တားနားနှင့် လာစဉ်က ဆော်ဒီအာရေဗီးယားနိုင်ငံမှ သံတမန်သည်ပင် ပါခဲ့ ပါလျှက်ကယ်နှင့် မည်သည့်အတွက်ကြောင့်

၎င်းနိုင်ငံမှ သတင်းအမှားတွေကို ဖေါ်ပြပြီး လူထုအုံကြွမှုတွေ ဖန်တီးလာရသနည်းဆိုသော မေးခွန်းတွေ ထုတ်ကြည့်မိပါသည် ။

      အမှန်မဟုတ်သော သတင်းလိမ်များကို ပြည်တွင်းမှ ပေးနေသူများ ရှိနေခြင်းကြောင့် ယခုလို ထပ်မံပြီး  သတင်းလိမ်တွေ

ဖြစ်ပေါ်နေခြင်းဖြစ်သည် ။ သတင်းလိမ်ပေးနေသူများမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကအစ အခြားပုဂိုလ်များ

ပါဝင်နေသည် ။ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၏ လွှတ်တော်ထဲမှာ သူ၏ တင်ပြချက်များနှင့် ပတ်သက်၍ ယခုအချိန်မှာ

မွတ်ဆလင်ဘာသာဝင်များကို နိုင်ငံသားအဖြစ် တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုတော့မည်ဖြစ်ကြောင်း ဘ၈င်္လားဒေ့ရှ်နိုင်ငံ ထုတ်

သတင်းစာများတွင် ဦးရွှေမောင်က ပြောကြောင်း ဖေါ်ပြနေကြသည် ။ သတင်းလိမ်ပေးသူများကို အမြန်ဆုံးအရေးယူရမည်ဖြစ်သည် ။

       ရှေးဦးစွာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေသော သတင်းလိမ်များ

၊ မီဒီယာလိမ်များသည် မြန်မာနိုင်ငံတွင် ဘယ်ကမှ ပေါ်ပေါက်နေသည်မဟုတ် ။ လွှတ်တော်ထဲမှာသာ ပေါ်ပေါက်နေခြင်းဖြစ်သည် ။

ယခုဆိုလျှင် ပြည်သူ့ လွှတ်တော်ထဲမှာပင် လုံခြုံရေးကို တင်းကြပ်စွာ စစ်ဆေးပြီး ဆောင်ရွက်နေရသည်ဟု သိရသည် ။ တချိန်က

ဗိုလ်ချုပ်အောင်ဆန်းတို့  ၀န်ကြီးများ အစည်းအဝေး ထိုင်နေချိန်မှာ လုံခြုံရေးမရှိခဲ့ ၍ အာဇါနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ ရဖူးပြီ ။

၎င်းသင်ခဏ်းစားကို ယူကြရမည်ဖြစ်သည် ။ယခုလည်း နေပြည်တော်ရှိ လွှတ်တော်ကျင်းပရာမှာ သမိုင်းလိမ် ဘင်္ဂလီ မွတ်ဆလင်များ၏

အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန်  ကြိုတင်ပြင်ဆင် စစ်ဆေးနေရသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက

ထုတ်ဖေါ်ပြောသည်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်နှင့် အခြား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့ ကို လွှတ်တော်ထဲမှာ

ခါးပိုက် ပိုက်ထားရန် မသင့်တော်တော့ဟုမြင်သည် ။ ဤကိစ္စကို အမြန်ဆုံးစဉ်းစားပြီး အရေးယူဆောင်ရွက်ရန်လိုသည်ဟု ပြောချင်သည် ။

             တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မီတီကို ဖွဲ့ စည်းပေးအပ်လိုက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌတာဝန်ဖြင့်

ဆောင်ရွက်ရန်ဟု ခန့် အပ်တာဝန်ပေးထားပြီးဖြစ်သည် ။ ဤကဲ့သို့  ဒေါ်အောင်ဆန်းစုကြည်အား ခန့် အပ်ပေးပြီးသည်နှင့် နိုင်ငံတော်၏

တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တွေ့ ကြုံရမည့် ပြသနာအဖြစ် ယခုအချိန်မှာ စိန်ခေါ်နေအကြောင်းအရာကား

ရခိုင်ပြည်နယ်မှ သမိုင်းလိမ်ဘင်္ဂလိမ် မွတ်ဆလင်ဘာသာဝင်များ၏ ပြသနာများကို ဖြေရှင်းရေးဖြစ်နေသည် ။ မြန်မာနိုင်ငံ တိုင်းရင်းသား

လူမျိုးများထဲတွင် ၄င်းလူမျိုးများအား အသိအမှတ် မပြု၍ မရှိသည်ကို ရှင်းလင်းခြင်း၊  လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌါနနှင့် နစကမှ

လာဘ်ငွေစားသူများကို အပြစ်ပေးခြင်း ။ သတင်းလိမ်များကို ရှင်းလင်းခြင်း ၊ နယ်စပ်ဖြတ်ကျော်သော လူခိုးဝင်မှုပြသနာကို တိကျစွာ

ဆောင်ရွက်ခြင်း ၊ နိုင်ငံခြားသားများကို အပြစ်ပေးဖမ်းဆီးပြီး နယ်နှင်ဒဏ်ပေးခြင်း ။ နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးကိစ္စကို အလျင်အမြန်

ဆောင်ရွက်ခြင်း တို့ ကို ပြုလုပ်ဆောင်ရွက်ရတော့မည်ဖြစ်သည် ။

       ဥပဒေနှင့် မညီသော လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ကိုယ်စားလှယ်များဖြစ်နေရာ ၄င်းကိစ္စများကိုလည်း

စောင့်ကြည့်ဆောင်ရွက်သွားရန် ပါရှိနေသည်ကိုလည်း တွေ့ ရသည် ။ ခရိုင်ကော်မရှင် ၊ ပြည်နယ်ကော်မရှင် တို့ မှ လွှတ်တော်ကိုယ်စားလှယ်

တဦး၏ အရည်အချင်းနှင့် မကိုက်ညီသော ဘူးသီးတောင်မြို့ မှ ဦးရွှေမောင်အပါအ၀င် အခြားသူနှစ်ဦးကို ဗဟိုနေပြည်တော်ရွေး/ကော်မရှင်က

ကိုယ်စားလှယ်အဖြစ် အရည်အချင်းနှင့် ကိုက်ညီသူဟု ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်စေခဲ့ သည် ။ ကြံ့ ခိုင်ရေးနှင့်

ဖွံ့ဖြိုးရေးပါတီသည် တချိန်က ၀န်ကြီးချုပ် ဦးနု၏ မဲဆွယ်စည်းရုံးခဲ့ မှုကို ယခုထက်ထိ လက်ခံထားဆဲဖြစ်နေသည် ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး

ပါတီမှ ယင်းသို့  တိုင်းရင်းသားမဟုတ်သူများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၀င်ခိုင်းသောကြောင့် ယခုမူနေပြည်တော်

လွှတ်တော် ခမ်းမမှာ ဗုံးခွဲ တိုက်ခိုက်လေမလားဆိုပြီး လုံခြုံရေးတွေကို တင်းကြပ်စွာ ဆောင်ရွက်နေပြီဆိုတော့ ကြားရသည်မှာစိတ်ပျက်စရာ

ကောင်းလှသည် ။ ဤအချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ကော်မီတီမှ စုံစမ်းစစ်ဆေးရတော့မည်ဖြစ်သည်ဟု ထင်သည် ။

   အဓိကအားဖြင့် အစိုးရ၀န်ထမ်းတွေက လာဘ်စားနေခြင်းများကို တိုင်စာ လက်ခံသည့် ကော်မီတီ အနေဖြင် လုပ်ငန်းဆောင်ရွက်ရန်လည်း

မလိုအပ်၊ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုသည်မှာ ပြည်တွင်းစစ်ပပျောက်ရေးနှင့် ပြည်ပရန်

ကာကွယ်ရေးပင်ဖြစ်သည် ။

မျက်မှောက်ကာလတွင် ပြည်တွင်း၌ တရားဥပဒေစိုးမိုးခြင်း ဥပဒေနည်းပါးလျှော့နည်း၍ ရခိုင်ပြည်နယ်၌ ဖြစ်ပွါးနေသော အဓိကရုဏ်းများ ၊

ကချင်ပြည်နယ်၏ စစ်မီးထတောက်နေခြင်းများကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရန်လိုသည် ။ အခြားတဖက်မှာ ပြည်ပရန်ကို

ကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုသည် ။ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သော

တပ်မတော်အဖို့  ပြည်သူတရပ်လုံးနှင့် လက်တွဲ တိုက်ခိုက်ခြင်းများ ရှိနေတတ်၍ ပြည်ပရန်ကို ကာကွယ်မည်ဆိုလျှင် လက်နက်ကိုင်

တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်သည် ။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော တရားဥပဒေ

စိုးမိုးရေးကော်မီတီသည် နိုင်ငံတော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်

-ပြည်ပရန်ကို ကာကွယ်ရန်အတွက် ယခုအချိန်မှာ အထူးအရေးကြီးနေသည် ။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လီစီနှင့်

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိစ္စများ ၊ မြန်မာနိုင်ငံအား သားပုပ်လေလွင့် ပြောဆိုနေသောမီဒီယာများအား သတင်းအမှန်များအား

ချပြပြောဆိုရန် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတကာ သံတမန်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးရန်လိုနေပြီဟု ထင်သည် ။

သံတမန်များကို မချပြခဲ့ လျှင်မွတ်ဆလင်ဘာသာဝင် နိုင်ငံများမှ မီဒီယာများ၏ သတင်းအမှားများကို ယုံကြည်ပြီး နိုင်ငံတော်၏

တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးကို ထိခိုက်ကာ မီးဟုန်းဟုန်းတောက် စစ်မက်ဖြစ်ပွါးစေသည့် အကြောင်းအရာများ ပေါ်ပေါက်လာနိုင်

သည်ဟုပြောချင်သည် ။ တချိန်တည်းမှာ ယင်းသို့ သတင်းလိမ် မီဒီယာများကိုလည်း နိုင်ငံတော်မှ နိုင်ငံတကာ ဥပဒေအရ  ထိရောက်စွာ

အရေးယူရန်လည်းလိုအပ်ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments: