Posted: 16 Aug 2012 10:35 PM PDT
“ပြုပြင်ပြောင်းလဲရေးနှင့် ပြုပြင်လိုသူတွေ ပြောင်းလဲသွားမည့်အရေး”
ကိုမျိုး (မြန်မာစာ)
ပေါ်ပြူလာ အယ်ဒီတာချုပ်..
ရှစ်လေးလုံး
ပြည်သူ့အရေးတော်ပုံကြီး ငွေရတုအကြိုကာလကတော့ ထူးခြား နေတာ အမှန်ပါပဲ။
၈.၈.၂၀၁၂မှာ ကျင်းပကြသည့်၈.၈.၈၈ ငွေရတုအကြိုပွဲ၏ အကြိုနေ့ ၇.၈.၂၀၁၂ ကတော့
ပိုပြီး ထူးခြားသည်ဆိုရပါမည်။ ပြည်သူ့လွှတ်တော်အတွင်း သတင်းယူရန်
ရောက်ရှိနေသည့် သတင်းသမားတွေဆီက လွှတ်တော်တွင်း နိုင်ငံရေးထူးခြားသံကို
စကြားရပြီး မန္တလေးရောက်၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို
ပြည်ထောင်စုဝန်ကြီးနှစ်ဦးက ရှစ်လေးလုံး နှစ်ပတ်လည်ပွဲအတွက်
အလှူငွေပေးကြောင်း လွှတ်တော်ပြင်ပ နိုင်ငံရေး ထူးခြားသံကိုလည်း
ကြားရပြန်သည်။
“ပြုပြင်ပြောင်းလဲရေး ”
““တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီ”
တည်းဟူသော
ပြည်ထောင်စု အဆင့် ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီတစ်ရပ်တွင်
လူထုခေါင်းဆောင် တဖြစ်လဲNLD ဥက္ကဋ္ဌကော့မူးမြိုနယ် မဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်း ရေးကိစ္စတွေမှာ တာဝန်ခံရတော့မည်ဟူသော လွှတ်တော်တွင်း
နိုင်ငံရေးရော၊ ဒီမိုကရေစီ တိုက်ပွဲဆင်နွှဲမှု ရှစ်လေးလုံး နှစ်ပတ်လည်ပွဲ
ကျင်းပမည့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ထံ ပြည်ထောင်စုဝန်ကြီးနှစ်ပါးက
သမ္မတကြီးခွင့်ပြုချက်ဖြင့် လာရောက်ခြင်းဟူ၍ ရှစ်လေးလုံး
ပြည်သူ့အရေးတော်ပုံကြီး ငွေရတုအကြိုပွဲကို အသိအမှတ်ပြုသလိုပင်
ပြောဆိုကြောင်း လွှတ်တော်ပြင်ပနိုင်ငံရေးမှာရော အပြောင်းအလဲတို့က
ထင်သာမြင်သာရှိစေခဲ့ပြီ ဆိုကြရတော့မည်။ နိုင်ငံတော်အစိုးရ
ပြုပြင်ပြောင်းလဲခြင်း ဒုတိယအဆင့်ကို စတင်ဖေါ်ဆောင်နေ၊ Mind Set တွေ
ပြုပြင်ပြောင်းလဲ နေကြပြီဟုလည်း ယုံကြည် ပေးလိုက်ကြရတော့မည့် အခြေအနေပင်။
“သတိဟူသည်ပိုသည်မရှိ”
ယနေ့လွှတ်တော်တွင်းက
ပြည်ထောင်စုအဆင့် လွှတ်တော်ရေးရာ ကော်မတီကြီးတွေနည်းတူ ယနေ့ ၈၈ နှစ်ပတ်
လည်ပွဲသို့ ငွေလှူသည့် ၀န်နှစ်ပါးပါဝင်သော ငြိမ်းချမ်းရေးဖော်ဆောင်သည့်
အစိုးရဖွဲ့ ကော်မတီအဖွဲ့ အစည်း သည်လည်း ပြည်သူလူထု ချစ်ခင်
လေးစားသူတွေနှင့် ရင်းနှီးစွာထိတွေ့ဆက်ဆံနေပြီ လည်းဖြစ်ရာ
ပြုပြင်ပြောင်းလဲရေးတွေမှာ မြန်ဆန်လာတော့မည်ဟု ယုံကြည်ရာ၏ဟု ယုံကြည်စွာ
ဆိုလိုက်ချင်သော်လည်း အာဏာရှင်ခေတ်စံနစ် အဆက်ဆက်၌ ပြုပြင်ပြောင်းလဲလိုသူတွေ
အလဲထိုး ဖယ်ရှားခံတတ် ခဲ့ရကြသည်ချည်းသာ ဖြစ်သောအတိတ်၏ အရိပ်မည်းကြီးတွေက
သာဓကသဖွယ် ရှိနေသည့်အတွက် ပြုပြင်လိုသူတွေကို ပြောင်းလဲပစ်လိုက်မည့် အရေးက
စိုးရိမ်စရာပါ။ ထိုနည်းတူ ဆင်းရဲခြင်းဒဏ်ခံနိုင်ပေမယ့်
ချမ်းသာခြင်းဒဏ်မခံနိုင် ဆိုသော လူ့သဘောအရ ပြုပြင်လိုသူကနေ ပြောင်းလဲသွားမည့်အရေး၊ ပြည်သူ့ဘက်တော်သားတွေအား လက်လွှတ် ဆုံးရှုံးလိုက်ကြရမည့် အရေးကိုလည်း မစိုးရိမ်ပဲမနေနိုင်ပါ။
သို့သော်
ယနေ့ကာလက အပြန်အလှန် ထိန်းကျောင်းမှု စံနစ်တွေလည်း ရှိနေပြီဖြစ်၍
ထိုစိုးရိမ်ကြောင့်ကျဖွယ်ရာက စိုးရိမ်ရေမှတ်အောက် လျော့ကျသွားနိုင်ကောင်း၏။
အပြန်အလှန် ထိန်းကျောင်းမှုပဲ ပြောပြော၊ အပြန် အလှန် ထိန်းညှိမှုပဲ
ဆိုဆိုပြုပြင်ပြောင်းလဲရေးနှင့် အတူထင်ရှားလာသော အဆိုပါဝေါဟာရ၊
အဆိုပါစံနစ်ကိုတော့ ကြိုဆိုလိုပြီး အနှီပြုပြင်လို သူတွေ
ပြောင်းလဲသွားမည့်အရေး (ပြုပြင်လိုသူကနေ ပြောင်းလဲသွားမည့် အရေး)ကို
သတိနှင့် ယှဉ်တွေးနိုင်ဖို့ ရာမှာ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာများ နှင့်အတူ
ပြည်သူ့သတင်းထောက်တွေ၊ FB စာမျက်နှာရှင်တွေရော၊ ပြည်သူ လူထုအများကပါ
ပြုပြင်ပြောင်းလဲရေး အလို့ငှာ လွှတ်တော်တွင်း နိုင်ငံရေးနှင့်
လွှတ်တော်ပြင်ပ နိုင်ငံရေးဆောင်ရွက်နေ သူတွေကိုပြည်သူတို့
လက်လွတ်ဆုံးရှုံးလိုက်ရခြင်း မရှိကြရအောင် စောင့်ကြည့် သတိပေးခြင်း
အမှုပြုအပ်လေမလားဟု ကျွန်တော်တွေးမိ၏။ သတိဟူသည် ပိုသည်မရှိဟု လိုသည်သာ
ရှိသည်ဟု ဆိုထားသည် မဟုတ်ပါလော။
ကိုမျိုး (မြန်မာစာ)
ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်..

No comments:
Post a Comment