Saturday, August 18, 2012

မိခင်ဧရာဝတီအရေး ကာကွယ်ကြပါစို့။


မိခင်ဧရာဝတီအရေး ကာကွယ်ကြပါစို့။
တရုပ်အစိုးရကိုယ်စားလှယ်တွေကတော့ “မြစ်ဆုံဆည်ကြောင့် အကျိုးဖြစ်ထွန်းမဲ့အကြောင်းနဲ့၊ မြစ်ဆုံဟာ တရုတ်နိုင်ငံ company ပိုင် ဖြစ်ကြောင်း”
Khon Ja
မြစ်ဆုံဆည်ဆောက်လုပ်ခြင်းကို သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ယာယီ ရပ်ဆိုင်းထားတာ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ၁ နှစ်တိတိ ပြည့်မှာ ဖြစ်ပါတယ်။ ယာယီမှ ထာဝစဉ် ရပ်စဲခြင်း ဖြစ်ရန် ကျွန်မတို့မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ လွန်ခ
ဲ့သောတပတ်မှ ယခ
ုတိုင် တရုတ်အစိုးရရဲ့ ကိုယ်စားလှယ်တော်များ မြန်မာနိုင်ငံမှာ “မြစ်ဆုံဆည်ကြောင့် အကျိုးဖြစ်ထွန်းမဲ့အကြောင်းနဲ့၊ မြစ်ဆုံဟာ တရုတ်နိုင်ငံ company ပိုင် ဖြစ်ကြောင်း” အတိအလင်း ပြောကြားခဲ့ကြပါတယ်။ ကျွန်မတို့ တိုက်ပွဲ မပြီးဆုံးသေးပါဘူး။
မြစ်ဆုံတင်မက ဧရာဝတီရဲ့ မြစ်ဖျားကို ကယ်တင်နိုင်မယ် ဆိုရင် မြန်မာနိုင်ငံကို ကယ်တင်နိုင်ပါလိမ့်မယ်။ ရေခဲတောင်တန်းများ ကို ကယ်တင်ရပါမယ်။ မေခနဲ့ မေလိခကို ကယ်တင်ရပါမယ်။
မြစ်ဆုံက စတင်ပြီး အပေါ်ပိုင်း မြန်မာနိုင်ငံ နယ်နမိတ်အဆုံးထိကို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော National Park အဖြစ်သာ သတ်မှတ် တည်ထောင်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ ၀င်ငွေကို ecotorism နဲ့ ရေခဲတောင်တက် လုပ်ငန်းကနေ ရာသက်ပန် ရှာပေးနိုင်မှာဖြစ်ပါတယ်။ ဧရာဝတီကို ထာဝစဉ်ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ တကယ်လုပ်မယ်ဆိုရင် ၀ိုင်းဝန်းကူညီဖို့ စိတ်ဝင်စားတဲ့ မိတ်ဆွေများလည်း ရှိကြပါတယ်။ ကန်ထရိုက်ယူမှာ မဟုတ်ပါဘူး။ ကမ္ဘာမှာ လုံးဝမပျက်စီးအောင် ထိန်းသိမ်းထားဖို့ အလိုအပ်ဆုံးသော ကမ္ဘာမြစ်ကြီး ၃၀ ထဲမှာ ပါဝင်တဲ့အတွက် ကမ္ဘာမြေကို ချစ်ခင်တဲ့ ကမ္ဘာသူ ကမ္ဘာသားများ လက်တွဲ ပါဝင်လိုကြတာပါ။
Network များ၊ လူကြီးလူငယ်များအားလုံးနဲ့ အမိဧရာဝတီ၊ မိခင် မြန်မာနိုင်ငံကို ချစ်သူအားလုံး ၀ိုင်းဝန်းစဉ်းစားပေးကြပါ။

No comments: