ပါကစ္စတန်နိုင်ငံ၊
ပန်ဂျပ်ပြည်နယ်၊ ကမ်ရာမြို့ရှိ မင်ဟာစစ်ဌာနချုပ်စခန်းကို သြဂုတ်လ ၁၅
ရက်နေ့က အစ္စလာမ် စစ်သွေြး<ွကဟုယူဆရသည့် အဖွဲ့တစ်ခုက
ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ပါကစ္စတန်တာဝန်ရှိသူက ပြော ကြောင်း Reuturs
သတင်းကဆိုသည်။
ပါကစ္စတန်နိုင်ငံကပြောသည်။ စစ်သွေြး<ွကအကြမ်းဖက်ဆိုသည့် စကားလုံးသည် တာလီဘန်တို့ကို ရည်ညွှန်းသည်။ ယင်းစစ်ဌာနချုပ်အနီးအနား၌ အသေခံဗုံးခွဲမည်ဟု ယူဆရသူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ¤င်းကပြောသည်။ ယခင်နှစ် ကလည်း ပါကစ္စတန်နိုင်ငံ၏ အကြီးမားဆုံးမြို့ ကရာချီရှိ လေတပ်ဌာနချုပ်ကို တာလီဘန်လက်နက်ကိုင် တစ်စုက ဝင်ရောက် တိုက်ခိုက်ရာ ၁၆ နာရီကြာပြီး ၁ဝ ဦးသေဆုံး၊ ဒဏ်ရာရသူ ၂ဝ ခန့်ရှိခဲ့သည်။ အိုစမာဘင်လာဒင် ဖမ်းဆီးခံရ၍ လက်တုံ့ပြန်ခြင်းဟု ထုတ်ပြန်ခဲ့သည်။ မင်ဟာလေတပ်စစ်ဌာနချုပ်သည် အစ္စလာမာဘတ်မြို့တော်မှ ၇၅ ကီလိုမီတာဝေးကွာပြီး ပါကစ္စတန်နိုင်ငံ ၏ လေတပ်သုတေသနဌာနချုပ်တစ်ခုဖြစ်၏။ |
Friday, August 24, 2012
ပါကစ္စတန် မင်ဟာစစ်ဌာနချုပ် တိုက်ခိုက်ခံရ
Labels:အတိတ်က မြိတ်သမိုင်း
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment