Thursday, August 16, 2012

ကျုပ်လူမျိုးအတွက် ငိုရတယ်



ကျုပ်လူမျိုးအတွက် ငိုရတယ် - လွှမ်းမိုး

မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျာ
လွန်တာကျွံတာ ရှိက ဆုံးမပါ
အလွန်ယဉ်ကျေးတယ်၊ ကျော်ကြားတယ်၊ အမျိုးအတွက်ရယ်
ခိုးပြီး ခိုးပြီး ကျုပ်မှာ ငိုရတယ်

ဟီးနိုး၊ ရေးနိုး၊ မီးရထား ဆိုဖါတွေကို
ဓားနဲ့ခွဲတဲ့ အကျင့်က ဘယ်လိုလဲ
ဒီ အကျင့်ဆိုးတွေ၊ အညစ်အကြေးတွေ၊ စိတ်ဓာတ်တွေ
အမျိုးသားစိတ်နဲ့ ကြိတ်ခါ ငိုရတယ်

တိုးတက်လွန်းတဲ့ ရှေ့လူကို ခြေထိုး၊ ဘေးကတက်တဲ့ ကိုယ့်မိတ်ဆွေကိုတောင်
တံတောင်အတွက်ကလေးနဲ့ ပုခုံးတိုက်ကာ တွန်းထုတ်တယ်
အဲ့ဒီအကျင့်က သိပ်ရွံစရာကောင်းတယ်

အမျိုးအတွက် ကျုပ်မှာ ငိုယိုဝမ်းနည်း ပက်လက် မျက်နှာ ငယ် ငယ် ငယ်၊ ငယ် ငယ် ငယ်
အမျိုးအတွက် ကျုပ်ငိုတယ်

မီးဘေးဒုက္ခကျရောက်လာပြီလေ
ဟေ့ ပြေး ပြေး မီးဘေး ကယ်ဆယ်ရေး
ဒီအခါမျိုးတောင် ခိုးဖို့ရယ်၊ လုဖို့ရယ်
ကျုပ်တို့မြို့က တောကြောင် သိပ်ပေါတယ်

ရှေးရှေးတုန်းက ကျုပ်တို့ ဗမာပြည်ဟာ
တစ်ဦးနဲ့တစ်ယောက်နဲ့ သိပ်ချစ်ခင်တာကလား
အကူအညီပေးတာ၊ အလိုက်သိတာ၊ ယဉ်ကျေးတာ
တမ်းတမှန်းဆ လွမ်းတာကျသေးသဗျာ

ကြားဖူးတုန်းက ကျုပ်တော့ မယုံချင်ပါ
သဘောင်္ပျက်တဲ့ကျေးလက်တစ်နေရာ
လူတွေ ရေထဲမှာ၊ မိုးထဲမှာ ကူးခတ်ကာ
အသက်လုပွဲထဲ ဓားပြ၀င်တိုက်သေးသဗျာ
အမျိုးအတွက် ကျုပ်မှာငိုယိုဝမ်းနည်းပက်လက် မျက်နှာငယ် ငယ် ငယ်၊ ငယ် ငယ် ငယ်
အမျိုးအတွက် ကျုပ် ငိုတယ်

မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျာ
လွန်တာကျွံတာ ရှိက ဆုံးမပါ
အလွန်ယဉ်ကျေးတယ်၊ ကျော်ကြားတယ်၊ အမျိုးအတွက်ရယ်
ခိုးပြီး ခိုးပြီး ကျုပ်မှာ ငိုရတယ်

No comments: