မြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ
့(BSDO) မှ ၂၄နှစ် ပြည့်(ငွေရတုအကြို ) ရှစ်လေးလုံးအခမ်းအနားကို ကနေဒါ
နိုင်ငံ(တိုရန်တို)မြို့  ၌
သြဂုတ်လ ၅ ရက်နေ့  မွန်းလွဲ ၁-နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာဖြင့်
အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်၊ အခမ်းအနား တွင် ကနေဒါနိုင်ငံအတွင်းမြန်မာ့ ဒီမိုကရေစီအရေးတက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်နေကြသူများ၊ အဖွဲ့ အစည်းအသီးသီး မှတာဝန်ရှိ ပုဂ္ဂိုလ်
များ၊ ကနေဒါအစိုးရမှတာဝန်ရှိသူများအပါအ၀င် တိုင်းရင်းသားပေါင်းစုံ
အင်အားတရာကျော် ရှစ်လေးလုံးစိတ်ဓါတ်ဖြင့်သိုက်သိုက်ဝန်းဝန်းတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကနေဒါနိုင်ငံ၏ ပါတီကြီးတခုဖြစ်သော လေဘရယ်ပါတီ(ကနေဒါ)
မှ မြန်မာအရေးကို အားပေးထှောက်ခံ ကြောင်းအနေဖြင့် ပါတီ ကိုယ်စာလှယ် စေလွတ် ၊ တက်ရောက် အားပေး ခဲ့ပါသည်။ ပါတီကိုယ်စာလှယ်မှ သူတို့  အနေဖြင့်(ကနေဒါအစိုးရအဆက်ဆက် တာဝန်ရှိသူများ မှ) မြန်မာပြည်သူအားလုံးပါဝင်လှုပ်ရှားခဲ့သောရှစ်လေးလုံးအရေးတော်ပုံအားတန်ဖိုးထားလေးစားအလေးထား
ခဲ့ကြပါကြောင်းနှင့်မျက်
မှောက်နိုင်ငံရေးအပြောင်းအလဲတို့ကှို အမြဲမျက်ခြေမပြတ်စောင့်ကြည့် အားပေးနေကြပါကြောင်း၊ စာချွန်လွှာကိုဖတ်ကြားပေးအပ့်ခဲ့ပါသည်။
အဖွဲ့အစည်းအသီးသီးမှ
ပေးပို့သောသ၀ဏ်လွှာများ အားဖတ်ကြားခြင်း၊ ရှစ်လေးလုံးအတွေ့အကြုံများ မျှဝေ
ခံစားခြင်း အမှာစကားပြောကြားခြင်း၊များအပြင် ကြွရောက်လာသောဧည့်သည်တော်မျာအား၊တော်လှန်ရေး စိတ်ဓါတ် အားမာန်တက်ကြွသည့်
ရှစ်လေးလုံးတေးသီချင်းများကို
မျိုးဆက်သစ်လူငယ်များမှသီဆိုဖျော်ဖျော်မှုပြုခဲ့ကြပါသည်။
အခမ်းအနားဒုတိယပိုင်း အစီအစဉ်တွင်ရှစ်လေးလုံးနှင့်
မြန်မာနိုင်ငံ လက်ရှိနိုင်ငံရေးအခြေ အနေ ခေါင်းစဉ်ဖြင့်
ဆွေးနွေပွဲစကားဝိုင်းမှရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချ မှတ်နိုင် ခဲ့ကြ ပါ
သည်။
ဓါတ်ပုံ ....ရဲရင့်ငယ်(ကနေဒါ) အားကျေးဇူးတင်ပါသည်။
No comments:
Post a Comment