Created on Thursday, 16 August 2012 14:58
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ တည်ဆောက်နေတဲ့ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းမှာ အမြောက်တင့်ကားတွေ ထားရှိနေပြီလို့ဆိုပါတယ်။
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ မြန်မာအစိုးရတို့ တည်ဆောက်ထားသော စစ်လေ့ကျင့်ရေးကျောင်းမြင်ကွင်း တနေရာ (ဓါတ်ပုံ-ကေတီ)
"အခု အထက်က အမိန့်ကျလာတယ် နောက်ထပ် အိမ်အလုံး ၄၈ လုံး ထပ်မံတည်ဆောက်ဖို့အတွက် ငွေတွေ ထပ်ကျပြီ အဲဒါ အခုအုတ်မြစ်တွေ ဘာတွေ ချပြီးလုပ်နေပြီ" လို့ လေ့ကျင့်ရေးကျောင်းဆောက်လုပ်ရေးနဲ့ နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။
လက်ရှိအဆောက်အဦး ၅၀ ကျော်တည်ဆောက်ထားပြီး ဒေသခံပြည်သူတွေက အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကို ဆန့်ကျင်ကန့်ကွက် နေကြလို့လည်း ဒေသခံတွေမှာ အနီးကပ်သွားလာခွင့်မရကြဘူးလို့ ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ အလုပ်သမားတွေက ပြည်မဘက်မှ အလုပ်သမားတွေကို ခေါ်ပြီး အလုပ်လုပ်နေကြပါတယ်။
"ကျနော်တို့ ဒီနီးနားက ရွာသားတွေက ပေးတောင်မဝင်ဘူး အထဲကို တကယ်လို့ သူတို့ ခေါ်တွေ့တာတောင်မှ အပြင်ဂိတ်မှာပဲ လာတွေ့ရတယ်" လို့ ဖရူဆိုကျေးရွာအုပ်စုမှ ကျေးရွာ ဥက္ကဌ တဦးက ပြောပါတယ်။
No comments:
Post a Comment