ရှေးခေတ်
ဂရိနိုင်ငံ အေသင်မြို့ မှာ ကျင်းပတဲ့ အိုလံပစ်ပွဲတော်တွေက သိပ်ပြီး
ရိုးရှင်းပွင့်လင်းလွန်းလို့ အမျိုး သမီးများ လာမကြည့်ရ လို့တောင်
တားမြစ်ထားပါသတဲ့။ ဘာကြောင့်လဲ ဆိုတော့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြ သူ
တွေအားလုံး ယောက်ျားသားတွေ ချည်းဖြစ်ကြတဲ့အပြင်၊ ယှဉ်ပြိုင်တော့ လည်း
ဝတ်လစ်စလစ် ကိုယ်တုံးလုံးနဲ့ ပြိုင်ဆိုင်ကြရတဲ့အတွက် ကြောင့်ဖြစ် ပါတယ်။
မင်းရွှေမောင် ဒါပေမယ့် ဒီခေတ်မှာ ကျင်းပ တဲ့ အိုလံပစ်ပွဲတော်တွေမှာတော့ ယှဉ် ပြိုင်သူတွေဟာ သတ်မှတ်ထားတဲ့ ဝတ်စုံကို မဝတ်မနေရ ဝတ်ဆင်ကြရ မယ်လို့ စည်းကမ်းသတ်မှတ်ထား တယ်။ ယှဉ်ပြိုင်သူ ဘယ်သူမဆို ဝတ်လစ်စလစ် လုပ်ပြရင် ပေါင် စတာလင် ၂ဝဝဝဝ ဒဏ်ငွေရိုက်ခံရ နိုင်တယ်လို့ သတိပေး ကြေညာထား တယ်။ ရှေးခေတ်နဲ့ ၂ဝ၁၂ လန်ဒန် အိုလံပစ်ပွဲတော်မှာ တူညီတဲ့ မြင်ကွင်း တစ်ခုတော့ရှိတယ်။ ရှေးခေတ်က ဝတ်လစ်စလစ်ဖြစ်လို့ ပွဲတော်ကို ကမကထလုပ်ပေးသူတွေရဲ့ အမှတ် တံဆိပ်တွေကို တပ်ဆင်ဖို့မလိုဘူး။ ၂ဝ၁၂ လန်ဒန်အိုလံပစ်ပွဲတော်မှာ အဝတ်အစား ဝတ်ဆင်ယှဉ်ပြိုင်ကြရ ပေမယ့် အဝတ်အစားပေါ်မှာ ပွဲတော် ကို ကမကထလုပ်ထောက်ပံ့ကြတဲ့ ကုမ္ပဏီတွေရဲ့ ကုန်အမှတ် တံဆိပ်တွေ ကို မတပ်ဆင်ရဘူးလို့ ပွဲတော်ကျင်းပ ရေးကော်မတီက တားမြစ်ထား တယ်။ ဒါကလည်း ပွဲတော်ကျင်းပတဲ့ အားကစားကွင်းတွေထဲမှာပဲ ဒီလို ပိတ်ပင်ထားတာဖြစ်တယ်။ ကစား ကွင်းအပြင်ဘက်မှာတော့ ကြိုက်သ လောက်ကြော်ငြာနိုင်တယ်။ စီးပွားရေး သမားတွေမပါဘဲနဲ့ အိုလံပစ်ပွဲတော် စည်သားသိုက်မြိုက်ဖို့ ခက်တယ်။ ကုမ္ပဏီကြီးတွေက အိုလံပစ်ပွဲတော်နဲ့ တွဲဖက်ပြီး သူတို့ရဲ့ ကုန်အမှတ်တံဆိပ် တွေကို သုံးစွဲခွင့်ရရှိဖို့အတွက် အပြည် ပြည်ဆိုင်ရာ အိုလံပစ်ကျင်းပရေးကော် မတီ International Olympic Committe-IOC ကို ငွေအမြောက် အများပေးကြရတယ်။ အများအား ဖြင့် ကုမ္ပဏီတွေက လေးနှစ် ဒါမှ မဟုတ် ရှစ်နှစ်ကာလအတွက် ကန်ထရိုက်ဆွဲထားကြတာ။ IOC က ဘယ်ကုမ္ပဏီ ငွေ ဘယ်လောက်၊ ပွဲတော်ဖြစ်မြောက်ရေး အတွက် ကမကထပြု ထောက်ကူပံ့ ပိုးပေးထားတယ်ဆိုတာ လျှို့ဝှက်ထားတယ်။ ထုတ်ဖော်မပြောဘူး။ ဒါပေမယ့် ဂလိုဘယ်အတိုင်းအတာနဲ့ ကမကထပြု ထောက်ကူပံ့ပိုးပေးပြီး အိုလံပစ်ကော် မတီနဲ့ လက်တွဲပူးပေါင်း လုပ်ဆောင်နေကြတဲ့ကုမ္ပဏီကြီးတွေ စာရင်းကို သိရှိကြတယ်။ သူတို့ကို Global Sponsors လို့ ခေါ်ကြ တယ်။ လောလောဆယ် ဂလိုဘယ် အတိုင်းအတာနဲ့ ကမကထပြု ထောက်ကူပံ့ပိုးပေးတဲ့ Sponsor ကုမ္ပ ဏီကြီး ၁၁ ခုရှိတယ်။ သူတို့ကို Top Olympic Partners တွေလို့ ဖော် ညွှန်းကြတယ်။ အတိုကောက်က တော့ TOPs လို့ခေါ်ကြတယ်။ ဒီ TOP တစ်ဦး ကို စီးပွားရေးလုပ်ငန်း အမျိုးအစား တစ်ခုအတွက်သာ လုပ်ကိုင်ခွင့်ပြုတယ်။ ပမာအားဖြင့် Coca-Cola ကုမ္ပဏီကို အအေးဘူး တွေ၊ အအေးပုလင်းတွေ ရောင်းချခွင့် ပြုတယ်။ Panasonic ဆိုရင် တီဗွီ စသည်ဖြင့်ပေါ့လေ။ ဒီစနစ်ကို ၁၉၈ဝ ပြည့်လွန်နှစ် များက စတင်အသုံးပြုခဲ့တယ်လို့ ဆိုကြတယ်။ ဒီစနစ်မကျင့်သုံးမီက ဆိုရင် စီးပွားရေး ကုမ္ပဏီအများအပြား က မဖြစ်စလောက် ငွေပေးကာ အိုလံပစ်အမှတ်တံဆိပ်အသုံးပြုပြီး သူတို့ ကုန်ပစ္စည်းတွေကို ကြော်ငြာ ကြတယ်။ အခုတော့ IOC က လူလည်ဖြစ်သွားပြီ။ ဒါမျိုးလုပ်လို့မရ တော့ဘူး။ ငွေအများဆုံးပေးနိုင်တဲ့ ကုမ္ပဏီနည်းနည်းပါးပါးနဲ့ပဲ စာချုပ် ချုပ်ပြီးလုပ်တော့တယ်။ အခုဆိုရင် TOP စာရင်းဝင် ကုမ္ပဏီ ၁၁ ခုရှိတယ်။ ဒီကုမ္ပဏီကြီး တွေကတော့ Coca-Cola, Visa, Panasonic, McDonald's, Sam-sung, Atos, Omega, GE, Acer, Dow နဲ့ P & G တို့ဖြစ်တယ်။ IOC အနေနဲ့ ဒီကုမ္ပဏီကြီး ၁၁ ခုဆီက ၂ဝဝ၉-၂ဝ၁၂ ကာလအတွက် စုစု ပေါင်း အမေရိကန်ဒေါ်လာ ၉၇၅ သန်း ရရှိခဲ့တယ်။ အိုလံပစ်ပွဲတော်အတွက် ကမ ကထပြုထောက်ကူပံ့ပိုးပေးကြသူတွေ ဟာ ငွေသားပေးရင်လည်းရတယ်။ ဒါမှမဟုတ် လုပ်ငန်း ကျွမ်းကျင်မှုနဲ့ ပံ့ပိုးပေးရင်လည်း ဖြစ်တယ်။ ပြင်သစ် နိုင်ငံအခြေခံစိုက် Atos ဟာ ထိပ်တန်း အဆင့်ထောက်ပံ့ပေးတဲ့ ကုမ္ပဏီ ကြီး ဖြစ်တယ်။ သူတို့က အားကစားပြိုင် ပွဲအားလုံးအတွက် အိုင်တီ Information Technology နည်းပညာနဲ့ စီမံ ကြီးကြပ် ကွပ်ကဲပေးတယ်။ လန်ဒန် မြို့ရဲ့ Docklands မှာရှိတဲ့သူတို့ရဲ့ ဌာနချုပ်မှာ နည်းပညာ ကျွမ်းကျင်သူ ၄၅ဝ ရှိတဲ့အပြင် ထောက်ကူပြု ဝန်ထမ်းတွေလည်း အများအပြားရှိ တယ်။ Atos ရဲ့ လုပ်ငန်းတာဝန်တွေထဲ မှာ အားကစားသမားတွေ၊ သူတို့ကို လေ့ကျင့်သင်ကြားပေးရတဲ့ နည်းပြ ဆရာတွေ၊ ပြီးတော့ သူတို့နဲ့အတူ လိုက်ပါလာကြတဲ့ အဆွယ်အမြှောင် တွေ အားလုံးအတွက် တရားဝင် ပြည်ဝင်ခွင့်ဗီဇာရရှိရေးအတွက် လူဝင် မှုကြီးကြပ်ရေးဌာနနဲ့ ဆက်သွယ် ဆောင်ရွက်ပေးရတယ်။ ဒီပုဂ္ဂိုလ်တွေ ရဲ့ စုစုပေါင်းအရေအတွက်က ၂၅ဝဝဝဝ လောက် ရှိတယ်။ ဒီပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ ကိုယ်ရေးမှတ်တမ်း အချက်အလက်တွေကို စုစည်းပြီး သတ်မှတ်ကာလအတွင်း အပြီး အပြတ် လုပ်ဆောင်ပေးရတဲ့ကိစ္စက လွယ်တဲ့အလုပ်တော့ မဟုတ်တာ သေချာတယ်။ ပြီးတော့ ဒီပုဂ္ဂိုလ်တွေရဲ့ ကိုယ် ရေးသတင်းအချက်အလက်တွေ အပြင်ကိုပေါက်ကြားလို့မဖြစ်ဘူး။ လုံခြုံမှုရှိဖို့လည်း လိုသေးတယ်။ တစ်ခါ တစ်ရံ ဒီအဖွဲ့နဲ့အတူ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေလည်း ပါလာကြသေး တယ်။ ဒီလိုအရာရှိကြီးတွေရဲ့ သတင်းအချက်အလက်တွေ ဘယ် နည်းနဲ့မှ အပေါက်အကြားမခံနိုင်ဘူး။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက် အလက်တွေ Wikileaks ဆီ ရောက် သွားလို့ကတော့ ပြဿနာအကြီး အကျယ်တက်နိုင်တယ်။ ဒီလောက်တာဝန်ကြီးတဲ့ အလုပ် ကို Atos က ဘာကြောင့် တာဝန်ယူ လုပ်ကိုင်ရတာလဲ။ တကယ်တော့ သူတို့က ဒီလောက်ကြီးမားတဲ့ လုပ်ငန်းကို တာဝန်ယူလုပ်ကိုင်နိုင်တဲ့ အကြောင်း ကမ္ဘာကိုပြချင်တယ်။ ပြီးတော့ သူတို့က အားကစား သမားတွေရဲ့ လှုပ်ရှားမှုအားလုံးကိုလည်း မှတ်တမ်းတင်ရိုက်ကူးထားတယ်။ သူတို့စက်ပျက်သွားလို့ အပြေးသမား ကြီးတွေ ကိုနောက်တစ်ကြိမ်ပြေးပါဦး ပြောရင်လည်း မဖြစ်ဘူးဆိုတော့ မှတ်တမ်းတင်တဲ့ နေရာမှာ စက်တစ် လုံးမက နှစ်လုံး သုံးလုံးအထိ အသုံး ပြုကြရတယ်။ ပြိုင်ပွဲအားလုံးအတွက် ဒီလိုထားရှိလုပ်ဆောင်ကြရတော့ စရိတ်စက အကုန်အကျ အလွန်ကြီး မားတယ်။ ဒါပေမယ့် Atops က အကုန် အကျများတာကိုဂရုမစိုက်ဘူး။ တို့က အိုလံပစ်မှာတောင် နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တာ။ ခင်ဗျားတို့ စီမံကိန်းတွေကိုလည်း တို့က ကိုင်တွယ်လုပ်ဆောင်နိုင်ပါ တယ်လို့ ကမ္ဘာကို ကြေညာချင်တာ ပါ။ အိုလံပစ်ပွဲ လည်းပြီးရော Atops ဆီမှာ နှစ်စဉ်လုပ်ငန်းအပ်နှံကြသူတွေ များလွန်းလို့ ယူရိုငွေသန်းရာပေါင်း မြောက်မြားစွာရရှိတယ်လို့ Atops တာဝန်ခံတစ်ဦးကပြောပြတယ်။ အိုလံပစ်ပွဲတော်မှာ စီးပွားရေး လုပ်ငန်းကြီးတွေက တာဝန်ယူလုပ် ဆောင်ရတာမလွယ်ဘူး။ ကမ္ဘာကြီး တစ်ခုလုံးက အိုလံပစ် ပွဲတော်ကို စောင့် ကြည့်နေချိန်မှာ တစ်ချက်မှားလို့ ကတော့ ဝက်ဝက်ကွဲ ဆုံးရှုံးနစ်နာနိုင် တယ်။ ဒီအတွက် သာဓကပြစရာ ဖြစ်ရပ်တစ်ခုရှိတယ်။ ဗြိတိသျှအခြေ စိုက်ွ၎ှ လုံခြုံရေးလုပ်ငန်း ကုမ္ပဏီ ကြီးဟာ ၂ဝ၁၂ လန်ဒန် အိုလံပစ်ပွဲ တော် အတွက် လုံခြုံရေးတာဝန်ယူနိုင် ခဲ့ရင် သူတို့ ကုမ္ပဏီထင်ပေါ်ကျော် ကြားကာ ငွေဝင်ဖြောင့်လာနိုင်တယ်လို့ တွက်ချက်ပြီး တာဝန် ယူခဲ့တယ်။ ဒါပေမယ့် အိုလံပစ်ပွဲတော် ကျင်းပရက် နီးလာတဲ့အထိ သူတို့ရဲ့ လုံခြုံရေးအစီအစဉ်တွေ အကောင် အထည်ပေါ်လာခြင်းမရှိတော့ သူတို့ကုမ္ပဏီအကြီးအကျယ်နာမည်ပျက် သွားတယ်။ စတော့ဈေးကွက်တွေမှာ သူတို့ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုး ကျွမ်းထိုးမှောက် ခုံ ကျဆင်းသွားခဲ့ တယ်။ TOP စာရင်းဝင် McDonald's, Omega, Panasonic နဲ့ Procter & Gamble(P&G) တို့လို ကုမ္ပဏီကြီး တွေကတော့ Atops နဲ့ G4s လောက် စွန့်စားလုပ် ကိုင်ပြစရာမလိုကြဘူး။ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်တွေကို စားသုံးသူများကျေနပ်အောင် ဝန် ဆောင်မှု ပေးရုံပဲရှိတယ်။ အားကစားပွဲတော်မှာ ကော်ပို ရိတ်ကြော်ငြာတွေနဲ့ ကုန်အမှတ်တံ ဆိပ်တွေရဲ့ ဆိုးဆိုးဝါးဝါး စီးပွားရေး အမြတ်ထုတ်မှုကို ဆန့်ကျင်တဲ့ အိုလံ ပစ်ပွဲတော် ကျင်းပရေးကော်မတီ IOC ရပ်တည်ချက်အပေါ် ဒီ TOP စာရင်း ဝင် ကမကထပြုထောက်ကူပံ့ပိုးပေး ကြတဲ့ Sponsor ကုမ္ပဏီကြီးတွေက ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ တကယ် တော့ အားကစားကွင်းထဲ ကြော်ငြာ ခွင့်မပြုတော့ ကွင်း အပြင်ဘက်မှာပဲ သူတို့နည်းသူတို့ဟန်နဲ့ ကြော်ငြာခဲ့ကြ ရတယ်။ အဓိကလုပ်ရပ် ကတော့ ဖြစ် နိုင် သလောက် နေရာ အနှံ့အပြား မှာ ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူတာ ပါပဲ။ သူတို့ ဘာပဲကြော်ငြာကြော်ငြာ သူတို့ရဲ့ ကြော်ငြာတွေ ကို ၂ဝ၁၂ လန်ဒန်အိုလံပစ် ပွဲတော် အမှတ်တံဆိပ် နဲ့ ဆက်စပ်ကြော်ငြာကြရတယ်။ သူတို့က သူတို့ရဲ့ ကုန်ပစ္စည်း တွေကို ကြော်ငြာရင်းနဲ့ သူတို့ဟာ အိုလံပစ်ပွဲတော်ဖြစ်မြောက်ရေး အတွက် ငွေကြေးထောက်ပံ့ကြ သူတွေဖြစ် ကြောင်း ဖော်ပြကြတယ်။ အခြား တစ်ဘက်မှာလည်း အိုလံပစ်အမှတ် တံဆိပ်ကို ထည့်သွင်းကြော်ငြာခြင်း ဖြင့် အိုလံပစ် ပွဲတော်ကို လူသိများ အောင် ဖန်တီးပေးတယ်။ ကမ္ဘာ တစ်ဝန်းက နိုင်ငံတွေရဲ့ လမ်းမကြီး တွေပေါ်က သူတို့ရဲ့ ဆိုင်း ဘုတ်ကြီးတွေ ဟာ အများပြည်သူကို အိုလံပစ် ပွဲတော်မမေ့ကြဖို့ သတိပေးနှိုးဆော်နေ သလိုပါပဲ။ တကယ်တော့လည်း ကုမ္ပဏီကြီး တွေဟာ ကိုယ့်ငွေနဲ့ကိုယ် အိုလံပစ် ပြိုင်ပွဲအတွက် လူသိများအောင် ကြော် ငြာပေးရ သူတွေဖြစ်နေကြတယ်။ ဒါဟာ IOC အတွက်မယုံကြည်နိုင် လောက်အောင် ဆန်းပြားတဲ့စီးပွားရေး အပေးအယူလုပ်မှုကြီး တစ်ခု ဖြစ် တယ် လို့ဆိုနိုင်တယ်။ ကမကထပြုထောက် ကူပံ့ပိုးပေးတဲ့ Sponsor ကုမ္ပဏီကြီး တွေဘက်ကကြည့်ရင် ဒီလုပ်ရပ်ဟာ မှန်ကန် တယ်လို့ဆိုနိုင်ပါ့မလား။ TOP စာရင်းဝင်ကုမ္ပဏီကြီးတစ်ခုရဲ့ အကြီး အကဲ တစ်ဦးကတော့ မှန်သလား၊ မှားသလား တို့လည်း မသိဘူးလို့ ဒဲ့ဒိုး ဖြေကြားခဲ့တယ်။ ချီကာဂိုမြို့၊ ကိုလံဘီယာ ကောလိပ်မှ သုတေသီ Jonathan Jensen က တစ်နှစ်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကမ ကထပြု ထောက်ကူပံ့ပိုးပေးခဲ့ကြတဲ့ TOP ကုမ္ပဏီ ၁၆ ခုဟာ နှစ်စဉ် အသားတင်ဝင်ငွေ ၂၂.၂ ရာခိုင်နှုန်း တိုးတက် ရရှိခဲ့ကြတယ်လို့ ထောက်ပြ ကြတယ်။ ဒါပေမယ့် ဝေဖန်သူအချို့ ကတော့ TOP ကုမ္ပဏီတွေရဲ့ ကုန် အမှတ်တံဆိပ်တွေဟာ နဂို ကတည်း က နာမည်ရနေပြီးဖြစ်တဲ့အတွက် ဝင်ငွေတိုးတက်မှုကို ကမကထပြု ထောက်ကူပံ့ပိုးပေးခဲ့မှုကြောင့်လို့ မဆို နိုင်ပါဘူး လို့ ဖော်ညွှန်းပြောဆိုခဲ့ကြ တယ်။ အိုလံပစ်ပွဲတော်ဟာ အမှန် တကယ် ဂလိုဘယ်ပွဲတော်ဖြစ်တာ ကြောင့် ကမ္ဘာကို သိမ်းပိုက်စိုးမိုးလိုတဲ့ ဒေသတွင်းနာမည်ကြီး ကုန်အမှတ်တံ ဆိပ်ပိုင်ရှင်များအတွက် စိတ်ချယုံ ကြည်ရလောက်တဲ့ တက်လမ်းတစ်ခု ဖြစ်နိုင်တယ်။ Samsung ဟာ ဒီ အတွက် သာဓကကောင်းတစ်ခုပါ။ တစ်ချိန်တုန်းက Samsung ဟာ သူရဲ့ဇာတိ တောင်ကိုရီးယား ပြည် တွင်းမှာပဲ လူသိများပြီး ကျော်ကြား ခဲ့တယ်။ ကမ္ဘာက Samsung ကို မသိဘူး။ ၁၉၉၇ ခုနှစ်မှာ Samsung ဟာ Motorola ကို တေ့ဖြုတ်ပြီး ဂလိုဘယ်အိုလံပစ် ကမကထပြု ထောက်ကူပံ့ပိုးပေးတဲ့ Sponsor ကုမ္ပဏီဖြစ်လာခဲ့တယ်။ နှစ်အတော်ကြာ ဒုတိယတန်း စား ထောက်ကူပံ့ပိုးပေးတဲ့ ကုမ္ပဏီ အဖြစ်ရှိနေခဲ့တဲ့ အမေရိကန် မိုဘိုင်း ဖုန်းထုတ်လုပ်သူ Motorola ဟာ ထိပ်တန်းအဆင့်တက်လှမ်းလိုတဲ့ အတွက် IOC နဲ့ ဆွေးနွေးညှိနှိုင်း တယ်။ IOC က တောင်းခံတဲ့ငွေ အပေါ် Motorola က ဈေးလျှော့ပေးဖို့ တောင်းဆိုတယ်။ ဒီလိုအချိန်မှာ Samsung က IOC တောင်းတဲ့ ငွေ ပမာဏကို တစ်လုံးတစ်ခဲတည်း ချက်ချင်းပေးပြီး Motorola ကို အလဲ ထိုးကာ ဖြတ်ကျော်တက်သွားခဲ့ တယ်။ Samsung ရဲ့ ငွေကြေးထောက် ပံ့မှုဟာ မိုဘိုင်း ဖုန်းတွေအတွက်ပဲ အကျုံးဝင်တယ်။ ဒါပေမယ့် အိုလံပစ် ပွဲတော်က Samsung ကုန်အမှတ်တံ ဆိပ်ကို တောက်ပြောင် လာအောင် အရောင်တင်ပေးနိုင်ခဲ့ရင် Samsung Group မှ ရောင်းချတဲ့ တီဗွီတွေ၊ သင်္ဘောတွေနဲ့ အာမခံလုပ်ငန်းတွေကို လည်း တောက် ပပြောင်လက်လာ အောင် ထောက်ကူပေးနိုင်တယ်။ အခု ဆိုရင် Samsung ကုန်အမှတ်တံဆိပ် ဟာ အာရှတစ်လွှား မှာ Toyota ပြီးရင် ဒုတိယတန်ဖိုးအမြင့်ဆုံး ကုန်အမှတ် တံဆိပ်ဖြစ်နေပါပြီ။ ဂလိုဘယ်အဆင့် ငွေကြေး ထောက်ကူပံ့ပိုးပေးကြတဲ့ Sponsor ကုမ္ပဏီကြီးတွေရဲ့ အောက်မှာ ပြည်တွင်းအဆင့် အတွက် သာ ထောက်ကူပေးကြတဲ့ Sponsor ကုမ္ပဏီတွေလည်းရှိသေးတယ်။ ၂ဝ၁၂ လန်ဒန်အိုလံပစ်ပွဲတော်အတွက် ပြည်တွင်း အဆင့် ထောက်ကူပေးကြ တဲ့ ကုမ္ပဏီပေါင်း ၄၄ ခုရှိတယ်။ BPကစပြီး Codbury အထိ ပါဝင် တယ်။ သူတို့ကတော့ ဗြိတိန်နိုင်ငံ အတွက်ပဲ အကျုံးဝင်တယ်။ IOC ဟာ အိုလံပစ်အားကစားပွဲတော် ကျင်းပရေးအတွက် ကန်ထရိုက်တာ တွေ ငှားရမ်းရတယ်။ အားကစား ပွဲတော်ကျင်းပမယ့်နေရာတွေမှာ အဆောက်အအုံတွေ ဆောက်လုပ်တာ ကို အိုလံပစ်အဆောက်အအုံများ အကောင်အထည်ဖော်ဆောင်ရေး အာဏာပိုင်အဖွဲ့ Olympic Delivery Authority-ODA က အုပ်ချုပ်ကွပ်ကဲ တယ်။ IOC နဲ့ODA တွေက ချပေးတဲ့ ကန်ထရိုက်လုပ်ငန်းက စုစုပေါင်း ၂ဝဝဝ ကျော်ရှိတယ်။ လုပ်ငန်းအချို့ ဆိုရင် လေးနှစ်တစ်ကြိမ် အိုလံပစ် ပွဲတော်ကျင်းပတဲ့ မြို့တွေအထိ လိုက်ပြီး ကန်ထရိုက်ဆွဲတတ်တယ်။ ပမာအားဖြင့် ပြေးလမ်းတွေ ဖန်ဆင်း ရာမှာ ကျွမ်းကျင်တဲ့ အီတလီကုမ္ပဏီ Mondo ဆိုရင် အိုလံပစ်ပွဲတော်တိုင်းမှာ သူ့ကိုမြင်တွေ့နိုင်တယ်။ မျက်လုံးတွေကပေးတဲ့ဆုလာဘ် ၁၈၉၆ ခုနှစ်မှာ ခေတ်သစ် အိုလံ ပစ်ပွဲတော်တွေကို ပြန်လည်ဖော်ထုတ် ဖန်ဆင်းခဲ့တဲ့ ပြင်သစ်လူမျိုး Pierre de Coubertin ဆိုရင် အားကစားပွဲမှာ လောင်းကစားတာကို လက်မခံဘူး။ ဒီကနေ့ခေတ်မှာ ရုပ်သံလွှင့်ထုတ်သူ တွေရဲ့ လုပ်ရပ်တွေကို ရှုမြင်ရရင် သူကဘယ်လိုများ မှတ်ချက်ပေးမလဲ တော့ မပြောတတ်ဘူး။ ရုပ်သံထုတ်လွှင့်သူတွေဟာ ၂ဝဝ၅-၂ဝဝ၈ လေးနှစ်တာကာလ အတွက် ထုတ်လွှင့်ခွင့်ရဖို့ အမေရိကန် ဒေါ်လာ ၂.၅၇ ဘီလီယံ ပေးခဲ့ကြပြီး ၂ဝဝ၉-၂ဝ၁၂ အတွက် အမေရိကန် ဒေါ်လာ ၃.၉၁ ဘီလီယံ အိတ်ကပ် ထဲက စိုက်ထုတ်ပေးခဲ့ကြတယ်။ ပြိုင် ပွဲတွေကို ရုပ်သံထုတ်လွှင့်ခွင့်ရဖို့ အတွက် ကြီးများတဲ့ကြေးတွေပေး တာဟာ သူတို့အတွက် မဟာစွန့်စား ခန်းပါပဲ။ အမေရိကန် တီဗွီ ကုမ္ပဏီတစ်ခုဖြစ်တဲ့ NBC Universal ဟာ ဗန်လူဗာ ဆောင်းရာသီအိုလံပစ်ပွဲတော် ကို ရုပ်သံလွှင့်ထုတ်ပေးခဲ့တုန်းက အမေရိကန်ဒေါ်လာ ၂၂၃ သန်းအရှုံး ပေါ်ခဲ့တယ်။ အခု ၂ဝ၁၂ လန်ဒန် အိုလံပစ် ပွဲတော်မှာလည်း သူတို့ရှုံးဦးမှာပဲလို့ ကြိုကြိုတင်တင် ခန့်မှန်ထားတယ်။ အိုလံပစ်ပွဲတော်ကို အမေရိကန်နိုင်ငံမှာ ရုပ်သံထုတ်လွှင့်ခွင့်ရဖို့ သူတို့က အမေရိကန်ဒေါ်လာ ၁.၁၈ ဘီလီယံ ပေးထားရတယ်။ ဇူလိုင်လအထိ ရရှိ ထား တဲ့ ကြော်ငြာခက အမေရိကန် ဒေါ်လာ သန်း ၉၅ဝ ပဲရသေးတယ်။ ပွဲတော်ရက်အတွင်းမှာ ကြော်ငြာခ ပိုပြီးရလာလိမ့်မယ်လို့တော့ သူတို့မျှော်လင့်ထားကြတယ်။ ဒါပေမယ့် မသေချာဘူး။ ကင်မရာတွေ၊ Server တွေနဲ့ ပြိုင်ပွဲတွေအကြောင်း အဆက် မပြတ်ကြေညာပေးသူတွေအတွက် ရင်းထားရတဲ့ ငွေကြေးကလည်းများ တယ်။ ဒီတော့ အမြတ်အစွန်း ရပေါက်သိပ်မမြင်ကြဘူး။ ဒါပေမယ့် NBC ပိုင်ရှင်ဖြစ်တဲ့ Comcast က ၂ဝ၁၄-၂ဝ၂ဝ ကာလ အတွက် ရုပ်သံထုတ်လွှင့်ခွင့်ရဖို့ အတွက် IOC ကို အမေရိကန်ဒေါ်လာ ၄.၃၈ ဘီလီယံပေးဖို့ လျာထား တယ်။ ဘာပဲပြောပြော နောက်ဆုံးမှာ အမြတ်ရနိုင်တယ်လို့ သူတို့ တွက် ချက်တယ်။ အိုလံပစ်ပွဲတော် ကျင်းပ ရေးကော်မတီ IOC ကလည်း ၂ဝဝ၉-၂ဝ၁၂ လေးနှစ်ကာလအတွက် ရုပ်သံ ထုတ်လွှင့်ခွင့်ပြုလို့ ရရှိတဲ့ အခကြေး ငွေနဲ့ကမကထပြု ထောက်ကူပံ့ပိုးပေး ကြတဲ့ကုမ္ပဏီတွေဆီက ရငွေနှစ်ရပ် ပေါင်း အမေရိကန်ဒေါ်လာ ၄.၈၇ ဘီလီယံရှိတယ်။ ဒီတော့ ၂ဝ၁၂ လန်ဒန်အိုလံပစ်ပွဲတော်မှာ တစ်နည်း မဟုတ်တစ်နည်းနဲ့ အမြတ်အစွန်းရရှိ ကြသူတွေက ကုမ္ပဏီတွေနဲ့ IOC သာဖြစ်တယ်။ အရှုံးသမား ဗြိတိသျှနိုင်ငံသား အများအားဖြင့် အိုလံပစ်ပွဲတော် ကို မိမိတို့နိုင်ငံမှာ ကျင်းပခွင့်ရရှိရေး အတွက် အစိုးရတွေက အကြိတ် အနယ်ယှဉ်ပြိုင်လေ့ရှိကြတယ်။ ဘာ ကြောင့်လဲ။ အမြတ်အစွန်းရှိလို့လား။ လေ့လာဆန်းစစ်ကြသူတွေရဲ့ အပြော အရ ဆိုရင် မြတ်စွန်းမှုမရှိသလောက် ပါပဲတဲ့။ ၂ဝဝ၈ ခုနှစ် ပေကျင်းအိုလံ ပစ်ပွဲတော်အတွက် တရုတ်အစိုးရဟာ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ အကုန်အကျခံ သုံးစွဲခဲ့တယ်။ တရုတ် ပြည်ရဲ့ ဂုဏ်သိက္ခာကိုတော့ တိုး တက်ခဲ့ပါရဲ့။ ဒါပေမယ့် ငွေကြေး အရ အရှုံးပေါ်ခဲ့တယ်။ ၂ဝ၁၂ လန်ဒန်အိုလံပစ်ပွဲတော် အတွက် ဗြိတိန်က ကနဦးမှာ စတာ လင်ပေါင် ၂.၄ ဘီလီယံပဲ သုံးစွဲဖို့ လျာထားခဲ့ပေမယ့် ကုန်ကျငွေဟာ စတာလင်ပေါင် ၉.၃ ဘီလီယံအထိ မြင့်တက်သွားခဲ့တယ်။ ဒီကုန်ကျ စရိတ်ကို ဗြိတိသျှအခွန်ထမ်း ပြည်သူ တွေက ခံကြရဖွယ်ရှိတယ်။ ဒီတော့ အိုလံပစ်ပွဲတော်ကျင်းပလို့ ဘယ်သူ တွေ အရှုံးပေါ်သလဲမေးရင် ဗြိတိသျှ ပြည်သူတွေပါလို့ ဖြေရ မလို ဖြစ်နေ တယ်။ အင်္ဂလန်ဗဟိုဘဏ်-Bank of England က အိုလံပစ်ပွဲတော် ကျင်းပ တဲ့အတွက် တတိယသုံးလပတ်မှာ ဂျီဒီပီ ဝ.၂ ရာခိုင်နှုန်း တိုးတက်လာ နိုင်တယ်လို့ ခန့်မှန်းတယ်။ ဘာ ကြောင့်လဲဆိုတော့ အိုလံပစ် လက်မှတ် ၈.၈ သန်းရောင်းခဲ့ကြရလို့ ဖြစ်တယ်။ ဒီလက်မှတ်ရောင်းရငွေ ဟာ ဂျီဒီပီရဲ့ ဝ.၁ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ထောက်ပြတယ်။ ပြဿနာ က ဒီလက်မှတ်အားလုံးကို ၂ဝ၁၁ ခုနှစ်မှာ ကြိုရောင်းချခဲ့ပြီးပြီ။ ဒီ အတွက်ငွေလည်း အဲဒီနှစ်က ရပြီး ပြီ။ ဒီတော့ ၂ဝ၁၂ စာရင်းထဲ ပြဖို့ လိုသေးလားလို့ စောဒက တက်ကြ တယ်။ ဗြိတိသျှဝန်ကြီးချုပ် David Cameron ကတော့ အိုလံပစ်ပွဲတော် ကျင်းပတဲ့ ရလဒ်အဖြစ် လေးနှစ် ကာလအတွင်းမှာ စတာလင်ပေါင် ၁၃ ဘီလီယံလောက် အမြတ်အစွန်း ရနိုင်တယ်လို့ ပြောကြားခဲ့တယ်။ လေ့လာသူတွေရဲ့ အမြင်မှာ ဒါဟာ မဖြစ်နိုင်ဘူးလို့ မြင်ကြတယ်။ အိုလံ ပစ်ပွဲတော် ကျင်းပကြသူတွေက အကျိုးအမြတ်ကို ပိုလွန်ခန့်မှန်းကြပြီး ကုန်ကျစရိတ် ကိုတော့ လျှော့တွက် ကြတတ်တယ်လို့ သူတို့ကထောက် ပြတယ်။ ဒါက ငွေကြေးအရ ဆုံးရှုံးနစ် နာမှုပဲရှိသေးတယ်။ လူမှုရေးအရ နစ် နာမှုတွေကလည်း အများကြီးကျန် သေးတယ်။ လန်ဒန်မြို့ မှာ နေထိုင်ကြ သူပေါင်း ရှစ်သန်းကျော်ရှိတယ်။ ပွဲတော်ကျင်းပတဲ့ကာလအတွင်းမှာ ပွဲ ကြည့်ပရိသတ်သုံးသန်းလောက် အိမ်နီး ချင်းနိုင်ငံတွေက လန်ဒန်မြို့ကို နေ့စဉ်လာရောက်ကြလိမ့်မယ်လို့ ခန့် မှန်းထားတယ်။ ဒါကြောင့် လန်ဒန် မြို့သူ မြို့သားတွေက ဧည့်ပရိသတ် ကို ဦးစားပေးတဲ့အနေနဲ့ ပွဲတော်ရက် တွေမှာ အပြင်မထွက်ဘဲ မိမိတို့ရဲ့ အိမ်က တီဗွီဖန်သားပြင်ပေါ်မှာပဲ အိုလံ ပစ်ပွဲတော်ကို ရှုစားကြဖို့ သက်ဆိုင် ရာက မေတ္တာရပ်ခံထားတယ်။ စားဖို့ သောက်ဖို့အတွက် လိုအပ်တာတွေကို ပွဲတော်ရက်မတိုင်မီ ဝယ်ယူစုဆောင်း ထားကြပါတဲ့။ ဆက်နွယ် စီးပွားရေးကို ဦးစား ပေးမှုကြောင့် လန်ဒန်မြို့သူ မြို့သား တွေခမျာ ဇူလိုင်လ ၂၇ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့ အထိ ကိုယ့်မြို့ မှာ ကျင်းပတဲ့ နွေရာသီအိုလံပစ် ပွဲတော်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်မကြည့်ရှုရတဲ့ ဘဝပါ လား။ မင်းရွှေမောင် Ref : The Economist : July 21, 2012 |
Monday, August 20, 2012
၂၀၁၂ လန်ဒန်အိုလံပစ်နဲ့ ဆက်နွယ်စီးပွားရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment