တနင်္သာရီမြို့နှင့် တနင်္သာရီမြို့နယ်တွင်းရှိ ကျေးရွာ ၃၀ ကျော်တွင် ရေလွှမ်းမိုးမှုဒဏ်ခံနေရကြောင်း
ဒေသခံများက ပြောကြားသည်။
`အခုကျွန်တော်တို့ လုံးဝရွှေ့ပြောင်းနေရသူတွေကို တစ်အိမ်ထောင် ဆန်သုံးပြည်နဲ့ ခေါက်ဆွဲခြောက်တွေ ပေးနိုင်အောင် ကြိုးစားနေတယ်။
အဓိကလိုနေတာကကျန်းမာ ရေးစောင့်ရှောက်မှုတွေလိုနေတာ၊ ခြင်တွေကြောင့် တုပ်ကွေးနဲ့ကူး
စက်ရောဂါတွေဖြစ် နေပါတယ်။ ဒါကို လုပ်ဖို့လိုနေတယ်`` ဟု ရေဘေးသင့်သူများကိုကူညီစောင့်ရှောက် မှုများပေးနေသူ ကိုဥက္ကာက 7day News သို့ပြောသည်။
ရေဘေးကြုံတွေ့နေရသောကျေးရွာများမှာ ညောင်ပင်ကွင်းကျေးရွာ၊ က၀ကျေးရွာ၊ အင်းတော်ကျေးရွာ၊ ဗောဓိတန်း၊ လယ်တောင်၊ ပန်လော၊ ကျောင်မီးချောင်း၊ ဒန်းပဲ၊ မမ တောင်အရှေ့၊ အောက်ကင်းအရှေ့စသည့် ကျေးရွာများဖြစ်ကြောင်း သတင်းရရှိသည်။
ရေလွှမ်းမိုးမှုကြောင့်တနင်္သာရီမြို့ပေါ်ရှိအထက်တန်းကျောင်း၏နှစ်ထပ်စာသင် ဆောင် အောက်ထပ်
ရေမြုပ်နေသည်။တနင်္သာရီမြို့သည် နှစ်စဉ်ရေလွှမ်းမိုးမှုဒဏ်ခံရသော မြို့နယ်ဖြစ်သော်လည်း
ယခုနှစ်တွင် မိုးရေနှင့် တနင်္သာရီမြစ်ရေပေါင်း၍ ရေပိုများခဲ့သည်ဟု ဒေသခံများကပြောကြားသည်။
ရေ၀င်ရောက်သည့် ဇူလိုင်လ ၂၇ ရက်နှင့် ၂၈ ရက်တွင် စတင်ခဲ့ပြီး နံနက်ပိုင်းတွင် အမြင့်ပေ ၁ ပေနှင့် ညပိုင်းတွင် ၁ပေ ၀င်ရောက်ခြင်း ဖြစ်ပြီး ရေဆက်မတက်သော် လည်း သြဂုတ် ၅ ရက်အထိရေမကျသေးကြောင်း ဒေသခံများကပြောသည်။
ရေဘေးဒဏ်ကြုံရသူများသည် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စုနေကြပြီး မြို့ခံများနှင့် မြိတ်မြို့နယ်မှ ဒေသခံအချို့က ရေဘေးဒဏ်ကြုံရသူများကို စုပေါင်း၍ကူညီစောင့်ရှောက်မှုများ ပေးနေကြောင်း သတင်းရရှိသည်။
ရေဘေးဒဏ်ကြုံရသူများအား ကူညီလှူဒါန်းလိုပါက နာရေးကူညီမှုအသင်း (ထားဝယ်) ဖုန်း - ၀၉၄၉၈၅၀၅၆၆ နှင့်ကိုဥက္ကာ ၇၃၇၀၃၅၀၃ သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
7day news

No comments:
Post a Comment