Sunday, August 5, 2012

Fort Wayne မြီု့တွင်ကျင်းပသော၂၄ နှစ်မြောက် ၈-၈-၈၈ ဒီမိုကရေစီ အရေးတော်ပုံ ထုတ်ပြန်ကြေညာချက်



 
                                                                                                               
၂၄ နှစ်မြောက် --၈၈ ဒီမိုကရေစီ အရေးတော်ပုံ ထုတ်ပြန်ကြေညာချက်
     လေးလုံး ပြည်သူ.အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက်  
ရဟန်းရှင်လူ ကျောင်းသားပြည်သူ၊ အလုပ်သမား လယ်သမား လူတန်းစားအသီးသီး တစုတရုံးတည်း ပါဝင်တိုက်ပွဲဝင်ခဲ့သော အလွန်ထိရောက် အရေးပါသည့် လူထုအုံကြွမှုကြီးဖြစ်သည်။     
     ပြည်သူတို. အသက်သွေးချွေးတို.ဖြင့် ဖေါ်ဆောင်ခဲ့သော ဤအရေးတော်ပုံကြီးကို ဘယ်သောအခါမျှ မေ့ပျောက်၍ ရနိုင်မည်မဟုတ်ပါ။
     ယခုနှစ်တွင် ကျရောက်သော ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ. အခန်းအနားမှ လက်ရှိ ဥပဒေပြု လွှတ်တော်နှင့် နိုင်ငံတော်အစိုးရကို အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပိုမိုပွင့်လင်းမြင်သာသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လူ.အခွင့်အရေးများ ဖေါ်ဆောင်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး အကျဉ်းသားများ အကြွင်းမဲ့ လွှတ်ပေးရေးတို.ကို ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ပေးပါရန် တောင်းဆိုလိုက်ပါသည်။
၁။ လွှတ်တော်တွင်း ဆွေးနွေးမှုများတွင် တရားဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှု ပပျောက်ရေးတို.ကို အကျယ်တ၀င့် ဆွေးနွေးခွင့်ပြုရန်။
၂။ တိုင်းရင်းသားနယ်မြေများရှိ စစ်ပွဲများ အဆုံးသတ်ရေးအတွက် နိုင်ငံရေးအရ အဖြေရှာမှုကို အမြန်ဆုံး ဖေါ်ဆောင်ရန်။
၃။ အလုပ်သမား လယ်သမားများ၏ အခက်အခဲများကို လွှတ်တော်မှ တာဝန်ယူ ဖြေရှင်းပေးရန်။ လွှတ်တော်တွင်း ဦးစားပေး၍ ဆွေးနွေးအဖြေရှာပြီး၊ လိုအပ်သော ဥပဒေပြုမှုများကို အမြန်ဆုံး အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရန်။
၎။ နိုင်ငံတော် အစိုးရအနေဖြင့် လွှတ်တော်ပြင်ပ လူမှုရေး အထောက်အကူပြုဆိုင်ရာ အဖွဲ.စည်းများ၊ ကျောင်းသားအဖွဲ.အစည်းများ၊ အလုပ်သမား လယ်သမားအရေး ကူညီနေသည့်  အဖွဲ.အစည်းများကို ပံ့ပိုးကူညီခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ပြီး ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်။
၅။ ကာကွယ်ရေး ဦးစီးချုပ်သည် လွှတ်တော်နှင့် အမြဲထိတွေ.ဆက်ဆံကာ လွှတ်တော်၏ အဆုံးအဖြတ်ကို လေးစားလိုက်နာ၍ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန်။
၆။ ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ဒီမိုကရေစီအရေး တိုက်ပွဲဝင်ရင်း ပြည်ပသို.ရောက်ရှိသွားသော ကျောင်းသားပြည်သူ၊ ရဟန်းသံဃာများအား မြန်မာနိုင်ငံတွင်း လက်ရှိအခြေအနေများကို အကန်.အသတ်မရှိ ၀င်ရောက်လေ့လာခွင့်ပေးရန်။
 
     တဆက်တည်းမှာပင် နိုင်ငံတကာအသိုင်းအ၀ိုင်းသို. ဤအခန်းအနားမှ ပန်ကြားလိုသည်မှာ
၁။ လတ်တလော နိုင်ငံရေး အခြေအနေအရ ဒီမိုကရေစီနှင့် လူ.အခွင့်အရေး အပြည့်အ၀ မရခင်ကာလတွင်၊ စီးပွားရေးရာ ပိတ်ဆို.မှုများကို လုံးဝရုပ်သိမ်းခြင်းမပြုဘဲ၊ ပွင့်လင်းမြင်သာလာသည်နှင့်အညီ၊ တဆင့်ချင်း လျှော့ချပေးသွားရန်။ ဒီမိုကရေစီအင်အားစုများနှင့် ညှိနှိုင်း၍ အခြေအနေမှန်ကို မျက်ခြေမပြတ် စောင့်ကြည့်ရန်။
၂။ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကို အကျိုးရှိစေမည့် ရီးနှီးမြှပ်နှံမှုများသာ ဖြစ်စေရန်။
၂။ မြန်မာပြည်သူပြည်သားများအတွက် လိုအပ်နေသော အကူအညီများကို လုူမှုရေး အထောက်အကူပြုဆိုင်ရာ အဖွဲ.အစည်းများမှတဆင့် နိုင်ငံတကာမှ ပိုမိုထောက်ပံ့ပေးသွားရန် ပန်ကြားအပ်ပါသည်။
     မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အသက်သွေးချွေး ပေးဆပ်တိုက်ပွဲဝင်ခဲ့သော သူရဲကောင်းများအားလုံးကို ဦးညွှတ်ဂါရ၀ပြုလျှက်။
၂၄ နှစ်မြောက် ၈လေးလုံး နှစ်ပတ်လည် အခန်းအနား ဖြစ်မြောက်ရေး ကော်မီတီ
ဖို.၀ိန်းမြို.၊ အင်ဒီရားနားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
သြဂုတ်လ ၈ရက်၊ ၂၀၁၂
ဆက်သွယ်ရန်--- ၂၆၀-၆၀၂၁၈၇၆၊ ၂၆၀-၄၈၅၅၉၀၄၊ ၂၆၀-၂၄၉၀၅၄၃
 

No comments: