Saturday, August 25, 2012

လပေါ် ပထမဦးဆုံး ခြေချနိုင်ခဲ့သူ အမေရိကန် အာကာသယဉ်မှူး Neil Armstrong ကွယ်လွန်ပြီ

 

လပေါ် ပထမဦးဆုံး ခြေချနိုင်ခဲ့သူ အမေရိကန် အာကာသယဉ်မှူး Neil Armstrong ကွယ်လွန်ပြီ

လွန်ခဲ့လေပြီးသော ၄၃နှစ်က ၁၉၆၉ ဂျူလိုင်လ ၂၀ရက် မှာ Apollo 11 ဆိုတဲ့အမေရိကန်အာကာသယဉ်နဲ့ လပေါ်ကိုလူသားတစ်ဦးစတင်ပြီး (၃) နာရီနိးပါးလောက် လမ်းလျှောက်နိုင်ခဲ့တယ်။ ဓတ်ပုံရိုက်နိုင်ခဲ့တယ်။ ၂၀ရာစုအတွက် သိပံ္ပဆိုင်ရာအချက်အလက်တွေ လပေါ်မှာစုဆောင်းနိုင်ခဲ့တယ်။ အဲဒီလူသားဟာ ကမ္ဘာလုံးဆိုင်ရာသူရဲကောင်း Neil Armstrong ဖြစ်ပါတယ်။ သူဟာ အခုအသက် ၈၂နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ဒီနေ့ကွယ်လွန်သွားရှာပါပြီ။ လ နဲ့ လူ့ကမ္ဘာက မိုင်သန်းပေါင်း လေးပုံတစ်ပုံလောက်ဝေးကွာ ပါသတဲ့။ ဆိုဗီယက်ရဲ့ ဝါဆောစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်ရဲ့နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံတွေက အလဲထိုးနိုင်လိုက်တဲ့ အမေရိကန်အာကာသဆိုင်ရာ ဒီအောင်မြင်မှုအတွက် တကယ့်ခရီးဝေးကို လူသားတွေအတွက် သူ့အသက်ကိုရင်းပြီး လပေါ်ကို တက်နိုင်ခဲ့သူပါ။ Neil Armstrong လပေါ်ခြေချနိုင်ခဲ့အပြီးမှာ ၁၉၆၉ ကနေ ၁၉၇၂ အတွင်း အမေရိကန်အာကာသယဉ်မှူး (၁၂) ဦးအချေ ချနိုင်ခဲ့ပါတယ်။ Neil Armstrong ကို ဩဂုတ်လ ၅ရက် ၁၉၃၀မှာ အိုဟိုင်းရိုးပြည်နယ် အနောက်ပိုင်းဒေသမှာ မွေးဖွားခဲ့ပါတယ်။ အသက် ၆နှစ်သားမှာ လေပျံစီးတာကို ရူးသွတ်နေပြီး လေပျံမောင်းလိုင်စင်ကို ၁၆နှစ်သားမှာရခဲသူပါ။ လေပျံမောင်းလိုင်စင်ကို သူ့အသက် ၁၆နှစ်သားမှာရတဲ့အချိန်မှာ သူဟာ ကားလိုင်စင်တောင် မရသေးဖူးပါဘူးတဲ့။

လေပျံအင်ဂျင်နီယာသင်တန်းကို Purdue University မှာသင်တယ် ၁၉၄၉မှာ အမေရိကန်လေတပ်မှာ အမှုထမ်းတယ် ကိုရိးယားမှာတာဝန်ကျစဉ် ၇၈ကြိမ် လေကြောင်းတိုက်ပွဲတွေဝင်ခဲ့ဖူးသူဖြစ်ပါတယ်။ စစ်ပြီးမှ လေပျံအင်ဂျင်နီယာဘွဲ့ရတယ်။ပြီးတော့မှ မဟာသိပ္ပံဘွဲ့ကို တောင်ပိုင်းကယ်လီဖိုးနိးယားတက္ကသိုလ်က ဘွဲ့ထပ်ယူနိုင်ခဲ့ပါတယ်။ လေပျံမောင်းတာကတော့ ဂလိုက်ဒါ (gliders) ကနေ ဂျက်လေယဉ်အထိ( jets) လေယဉ်အမျိုးပေါင်း ၂၀၀ကျော်ကို အရူးအမူးကို တက်မောင်းပါတော့တယ်တဲ့။

နာဆာက Neil Armstrong ကို အာကာသယဉ်မှူးအဖြစ် ၁၉၆၂မှာ ရွေးခဲ့တယ်။ အာကာသယဉ်မှူး Glennကို ၁၉၅၉မှာ ရွေးခဲ့ပေမဲ့ Neil Armstrong ဟာ Gemini မစ်ရှင်ကို ၁၉၆၆မှာ ဦးဆောင်ခဲ့ပြီး Pacific Ocean ထဲ အရေးပေါ်ထိုးဆင်းခဲ့ရဖူးတယ်။ အာကာသခရီး Apollo 8 mission ကို ခရစ်စမတ်ကာလ ၁၉၆၈မှာ အမေရိကန်တွေလွှတ်တင်တယ်။ Armstrong က backup commander အဖြစ်ပဲတာဝန်ယူခဲ့ရပြီး ကွန်မန်ဒါ တွေအဖြစ် Frank Borman Jim Lovell နဲ့ Bill Anders တို့ပါသွားပြီး လ ကို ၁၀ ကြိမ်တောင် သူတို့ သေချာအောင် ပတ်မောင်းပြီး ကြည့်ရှူ့ခဲ့ကြတာပါ။ ၁၉၆၉ ဂျူလိုင်လ ၂၀ရက် မှာ Apollo 11 မစ်ရှင်မှာမှ လပေါ်ကိုလူသားတစ်ဦး ဖြစ်တဲ့ Neil Armstrong ရောက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၇၀မှာ အာကာသယဉ်မှူး ဒုလက်ထောက် အဖြစ်နာဆာ (NASA) မှာလုပ်ခဲ့တယ်။ ပြီးတော့ လေကြောင်းအင်ဂျင်နီယာ (aerospace engineering) ဆရာအဖြစ် University of Cincinnati မှာ ၁၉၇၉ အထိ စာဝင်သင်တယ်။ လက်ဘနွန် နားမှာ ၃၁၀ ဧကရှိတဲ့ မြေလွတ်ကိုဝယ်ယူပြီး ကျွဲနွားမွေးမြူရေး လုပ်တယ်။ ဘယ် မီဒီယာ နဲ့မှ အင်တာဗျူးမလုပ်ဘဲ လူတွေနဲ့ ခပ်ဝေးဝေးနေခဲ့တယ်တဲ့။ သက္ကရာဇ် ၂၀၀၀မှာ National Academy of Engineering က ကမ္ဘာ့အတော်ဆုံး အင်ဂျင်နီယာ ၂၀ ကိုရွေးတော့ Neil Armstrong အရွေးခံရပါတယ်။ ၁၉၈၂ ကနေ ၁၉၉၂ အထိ Charlottesville, Computing Technologies for Aviation Inc၊, လေပျံတွေနဲ့ပါတ်သက်တဲ့ ကွန်ပြူတာသတင်းတွေဆိုင်ရာအုပ်ချုပ်ရေး ကုမ္မဏီမှာ ဥက္ကဌဝင်လုပ်တယ်။ ပြီးတော့ နယူယောက်ရှိ Deer Park, က လျှပ်စစ်စနစ်ဆိုင်ရာကုမ္မဏီ AIL Systems Inc., မှာဝင်လုပ်တယ်။ Carol Knight ဆိုသူ အမျိုးသမီးနဲ့ ၁၉၉၉မှာ လက်ထပ်ပြီး အိုဟိုင်းရိုးပြည်နယ် Indian Hill, Cincinnati ထဲက တောနယ်လေးမှာ အချေချနေထိုင်ယင်း ကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်ချိန်မှာ ပထမ အိမ်ထောင်မှ သားနှစ်ဦး ကျန်ရစ်ခဲ့ပါသတဲ့။

Neil Armstrong ကောင်းရာသုဂတိ လားပါစေဗျာ။

No comments: