Like This Page · 19 hours ago
ဇူလိုင်လကုန်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံ၏ စပါးကျီအဖြစ်သော ဧရာဝတီတိုင်းဒေသကြီး နှင့် စပါး အဓိကထွက်ရှိရာ ရန်ကုန်၊ ပဲခူး တိုင်းဒေသကြီးများ အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး မြို့ပေါင်း ၅၅ မြို့တွင် ရေဘေးသင့်လျက်ရှိရာ သြဂုတ်လ ၁၇ ရက်နေ့အထိ လယ်မြေ ၅၂၈၀၀၀ ဧကနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင် ဒါးကအနီး ရန်ကုန်- ပုသိမ် အဝေးပြေး လမ်းမကြီးဘေး ဝဲယာရှိ လယ်ကွင်းများ ရေမြုတ်နေသည်ကို သြဂုတ်လ ၁၃ ရက်နေက မြင်တွေ့ရစဉ်
(ဒါးက-သြဂုတ် ၁၃- ၂၀၁၂)
ပုသိမ်မြို့ ကမ်းနားရှိ ဗလ်ီဆိပ်ကမ်း မြင်ကွင်း
(သြဂုတ်လ ၁၉ရက်-၂၀၁၂)စကားဝါလမ်းမကြီးပေါ်ရှိ ကူးတို့လှေ တစ်စင်းကို တွေ့ရစဉ်
(ပုသိမ်-သြဂုတ်လ ၁၇ရက်-၂၀၁၂)
ပုသိမ်မြို့လယ်ရှိ ကွန်ဂရစ်လမ်းသစ် ခင်းထားသော ဗွက်ကြီးတန်းလမ်း နှင့် မင်းကြီးလမ်းဆုံရာ
(ပုသိမ်-သြဂုတ်လ ၁၈ရက်-၂၀၁၂)
ပုသိမ်မြို့လယ်ရှိ နှစ်စဉ်နှစ်တိုင်း ဆိုးရွားစွာ ရေလွှမ်းတတ်သော ဗွက်ကြီးတန်းလမ်း ခေါ် အောင်ရတနာလမ်းကို ယခုနှစ်အတွင်း လမ်းလယ်ဗယ် မြှင့်တင်ပြီး ကွန်ဂရစ်လမ်းခင်းခဲ့ရာ ရေလွှမ်းမိုးသော်လည်း ယခင်နှစ်များလောက် သွားလာရ မခက်ခဲတော့သည်ကို တွေ့ရသည်။
(ပုသိမ် သြဂုတ်လ ၁၈ ရက်-၂၀၁၂)
ရေဘေးဒုက္ခသည် ၃၀၀၀၀ကျော်အတွက် အကူအညီများ လိုအပ်နေ
ငဝန်မြစ်ရေ တက်လာခြင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း တို့ကြောင့် ဇူလိုင်လကုန်ပိုင်းမှ စတင်၍ ရေလွှမ်းမိုးရာ ပုသိမ်ခရိုင်အတွင်း ရပ်ကွက်၊ ကျေး ရွာပေါင်း ၇၂၇ ခုသည် ရေလွှမ်း မိုးမှုခံနေရသည်။ ထိုရေလွှမ်းမိုးသည့် နေရာများ အနက် သာပေါင်းမြို့နယ်သည် ရေ လွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး ကယ်ဆယ်ရေးစခန်း ၆၀ ခု၌ ဒုက္ခသည်ပေါင်း ၁၂,၀၀၀ ကျော် နေထိုင်နေရကာ အကူအညီများ လိုအပ်နေသည်။ ပုသိမ်ခရိုင် တစ်ခုလုံးတွင် ရေဘေးကူ ညီရေးလုပ်ငန်းများအတွက် ယာယီ ကယ်ဆယ်ရေးစခန်း ၂၀၇ ခု ဖွင့်လှစ်ထားပြီး ယာယီကယ်ဆယ် ရေးစခန်းများရှိ ရေဘေးဒုက္ခသည် သုံးသောင်းကျော်အတွက် ကူညီ ထောက်ပံ့မှုများလိုအပ်နေဆဲဖြ
(ပုသိမ်မြို့ စကားဝါ ရပ်ကွက်မြင်ကွင်း -သြဂုတ်လ ၁၇ ရက်)
ပုသိမ်မြို့လယ် ဗွက်ကြီးတန်းလမ်းရှိ ဆိုင်ကယ်ပြင်ဆိုင် တစ်ခုမြင်ကွင်း
မြို့ပေါ်ရပ်ကွယ် တော်တော်များများ ရေလွှမ်းမိုးနေသောကြောင့် ဆိုင်ကယ်များ ပျက်စီးမှု များပြားရာ ဆိုင်များတွင် ပြုပြင်ရမည့် ဆိုင်ကယ်များ ပုံလျက်ရှိသည်
(ပုသိမ်-သြဂုတ်လ ၁၈ရက်-၂၀၁၂)
ပုသိမ်ခရိုင် အတွင်း ရေကြီးမှုကြောင့် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်း ၄၁ ကျောင်းကို သြဂုတ်လ ၁၅ ရက်နေ့က ရက်အကန့်အသတ် မရှိ ပိတ်ခဲ့ရပြီး ပုသိမ်ခရိုင် အတွင်းရှိ မြို့နယ် ၆ မြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၄၀၀၀ကျော် ပိတ်ထားရကြောင်း သိရသည်။
ရေမြုတ်လျက်ရှိသော စကားဝါ လမ်းမကြီးပေါ်မှ ပိတ်ထားသော နေအိမ်တစ်လုံးကို မြင်တွေ့ရစဉ်
(ပုသိမ်-သြဂုတ်လ ၁၇-၂၀၁၂)
စကားဝါ လမ်းမကြီး နဘေးရှိ အဆောက်အအုံတစ်ခု
(ပုသိမ်-သြဂုတ်လ ၁၇ရက်-၂၀၁၂)
စကားဝါ လမ်းမကြီး ပေါ်မှ နေအိမ်တစ်လုံးကို တွေ့ရစဉ်
(ပုသိမ် -သြဂုတ်လ ၁၇ ရက်- ၂၀၁၂)
ကူးတို့လှေ စီးရန် လမ်းသွယ်များမှ လမ်းမကြီးပေါ်သို့ အဆင်ပြေသလို ထွက်ကြရသော်လည်း မြွေအန္တရယ် စိုးရိမ်ဖွယ်ဖြစ်သည်
(ပုသိမ်-စကားဝါ လမ်းမကြီး- သြဂုတ်လ ၁၇ ရက်-၂၀၁၂)
လှေဖြင့်သွားလာနေရသော စကားဝါ လမ်းမကြီးကို မြင်တွေ့ရစဉ်
(သြဂုတ်လ ၁၇ ရက် -၂၀၁၂)
လမ်းသွယ်များမှ လမ်းမကြီးသို့ ယခုကဲ့သို့ ထွက်လာကြသည်
(ပုသိမ် -စကားဝါရပ်ကွက်- သြဂုတ်လ ၁၇ ရက်၊ ၂၀၁၂)
နှစ်ထပ်အိမ်များရှိ မိသားစုများက အပေါ်ထပ်သို့ တက်နေကြသော်လည်း တစ်ထပ်အိမ် အများစုက အိမ်များကိုပိတ်လျက် ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ကြသည်။
(ပုသိမ်၊ စကားဝါလမ်းမကြီး၊ သြဂုတ်လ ၁၇ရက်-၂၀၁၂)
စကားဝါ လမ်းမကြီးမှ ရေမြုတ်နေသော နေအိမ်များ
(သြဂုတ်လ ၁၇ ရက် -၂၀၁၂)
စကားဝါ လမ်းမကြီးသို့ သွားရာ လှေဆိပ်မြင်ကွင်း
(သြဂုတ်လ ၁၇ရက်၊ ၂၀၁၂)
ရေစတင်တက်ရာ နေရာမှ စကားဝါ လမ်းမကြီးတစ်လျောက် ကမ်းနားအထိ လှေ ၂၅ စင်းခန့် ပြေးဆွဲလျက်ရှိသည်။
စကားဝါ လမ်းမကြီးရှိ အမှတ် (၁၀၃) အခြေခံပညာ မူလတန်းကျောင်းကို မြင်တွေ့ရစဉ်
(သြဂုတ်လ ၁၇ ရက်- ၂၀၁၂)
မြို့အနှံ့အပြားတွင် စာသင်ကျောင်းများ ရေလွှမ်းမိုးနေသောကြောင့် ပုသိမ်မြို့ပေါ်ရှိ စာသင်ကျောင်း (၄၁) ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှုးက သြဂုတ်လ ၁၅ ရက်နေ့က ကြေငြာခဲ့သည်။
စံချိန်တင် မိုးရွာသွန်းမှု များနှင့် ပုသိမ်ရေဘေးအန္တရယ် ဝါခေါင်လ အထိ ဆက်လက် ဆိုးရွားဖွယ် ရှိနေ
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ကြောင်းများမှ အထက်ရေ စီးဆင်းမှုတို့ ဆက်လက်ဖြစ်ပေါ်လျက် ရှိပါက ပုသိမ်မြို့တွင် နှစ်စဉ် ဝါခေါင် လပြည့်လကွယ် ရက်များတွင် အမြင့်ဆုံးဒီရေ တိုးဝင်လေ့ရှိရာ လာမည့် ဝါခေါင်လကွယ် နောက်ပိုင်းအထိ ရေဘေးအန္တရယ်မှာ ဆက်လက် ဆိုးရွားဖွယ်ရှိကြောင်း ဒေသခံများက ခန့်မှန်းကြသည်။
Source : http://patheincity.com/
pathein-rain-and-water/
#ixzz23lmipRcz
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News
ပုသိမ်မြို့လယ် စည်ပင်သာယာရေး ရုံးအနီး ရပ်နားထားသော ဆိုင်ကယ်တစ်စီး အိတ်ဇောပိုက်အထိ ရေမြုတ်နေသည်ကို တွေ့ရစဉ်
(သြဂုတ်လ ၁၆ ရက်နေ့ နေ့လည်၊ ၂၀၁၂)
ပုသိမ်မြို့လယ် နာရီစင်အနီး မြင်ကွင်း
(သြဂုတ်လ ၁၆ ရက်နေ့ နေ့လည်၊ ၂၀၁၂)
ကျောက်တိုင်ကွင်းရှိ ဧရာဝတီ ယူနိုက်တက် အသင်းရုံး မြင်ကွင်း
(သြဂုတ်လ ၁၆ ရက်နေ့ နေ့လည်၊ ၂၀၁၂)
— with Ag Kyaw.
ငဝန်မြစ်ပြင် နှင့် ပုသိမ်ကမ်းနားလမ်း မြင်ကွင်း
(သြဂုတ်လ ၁၄ ရက်နေ့ ညနေ၊ ၂၀၁၂)
လမ်းနဲ့ ဆိပ်ခံတံတားထက် ပိုမိုမြင့်တက်နေတဲ့ ငဝန်မြစ်ပြင်ပေါ်ရှိ ရန်ကုန်သင်္ဘောဆိပ် မြင်ကွင်း
(သြဂုတ်လ ၁၄ ရက်နေ့ ညနေ၊ ၂၀၁၂)
အုတ်တံတိုင်း တစ်လွှာ၏ ဟိုဘက် နှင့် ဒီဘက်ရှိ ပုသိမ်ကမ်းနား နှင့် ငဝန်မြစ်
(သြဂုတ်လ ၁၄ ရက်နေ့ ညနေ၊ ၂၀၁၂)
ပုသိမ်မြို့တော်ခန်းမ မြင်ကွင်း
(သြဂုတ်လ ၁၄ ရက်နေ့၊ ၂၀၁၂)
ငဝန်မြစ်ပြင် နှင့် ပုသိမ်ကမ်းနားလမ်း မြင်ကွင်း
(သြဂုတ်လ ၁၄ ရက်နေ့ ညနေ၊ ၂၀၁၂)
လမ်းနဲ့ ဆိပ်ခံတံတားထက် ပိုမိုမြင့်တက်နေတဲ့ ငဝန်မြစ်ပြင်ပေါ်ရှိ ရန်ကုန်သင်္ဘောဆိပ် မြင်ကွင်း
(သြဂုတ်လ ၁၄ ရက်နေ့ ညနေ၊ ၂၀၁၂)
အုတ်တံတိုင်း တစ်လွှာ၏ ဟိုဘက် နှင့် ဒီဘက်ရှိ ပုသိမ်ကမ်းနား နှင့် ငဝန်မြစ်
(သြဂုတ်လ ၁၄ ရက်နေ့ ညနေ၊ ၂၀၁၂)
ပုသိမ်မြို့တော်ခန်းမ မြင်ကွင်း
(သြဂုတ်လ ၁၄ ရက်နေ့၊ ၂၀၁၂)
No comments:
Post a Comment