ရခိုင်တိုင်းရင်းသားများ UNHCR ရုံးရှေ့တွင် ယနေ့ ဆန္ဒဖော်ထုတ်မည်
ရန်ကုန်၊ သြဂုတ် ၎
နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘောထားထုတ်ပြန်ချက် ထောက်ခံသော
ရခိုင်တိုင်းရင်းသားများ အပါအ၀င် ပြည်သူ ၂၀၀ကျော် ကုလသမဂ္ဂ ဒုက္ခ
သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ယနေ့ ဆန္ဒဖော်ထုတ်မည်
ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက
ပြောကြားသည်။
“မောင်တောမှာ ဆန္ဒဖော်ထုတ်သလို ဆန္ဒဖော်ထုတ်မှာပါ“ ဟု ၄င်းက ဆိုသည်။
ယင်းဆန္ဒဖော်ထုတ်မှုတွင် ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများ အပါအ၀င်
နိုင်ငံတော် သမ္မတကြီး၏ သဘောထား ထုတ် ပြန်ချက်ကို ထောက်ခံသော ပြည်သူ
စုစုပေါင်း၂၀၀ကျော် ပါဝင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတကြီး၏
ဆုံးဖြတ်ချက် ကိုလေးစားရန်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန်၊
တိုင်းရင်းသားများ၏ အခွင့်အရေးကို လေးစားရန်၊ မျှမျှတတ ဆက်ဆံရန်ဟူသော
တောင်းဆိုချက်များ ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒဖော်
ထုတ်မည်ဖြစ်ပြီး ယင်းဆန္ဒ ဖော်ထုတ်မည့် အချိန်အတိအကျကို မကြာမီ
ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တော်မြို့တွင် ဇူလိုင်လ ၃၁ရက်နေ့က
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး
ကင်တားနားကို ရခိုင်တိုင်းရင်းသားများ ၅၀၀ခန့် ငြိမ်းချမ်းစွာ စုဝေး
ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သူ အချို့ ခေတ္တခေါ်ယူစစ်ဆေးခံရ
ရန်ကုန်၊ သြဂုတ် ၎
နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘောထားထုတ်ပြန်ချက်ကို ထောက်ခံသော
အနေနှင့် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) ရှေ့တွင်
ဆန္ဒဖော်ထုတ်ခဲ့သူ လေးဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ခေါ်ယူ
စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့စခန်းက ခေါ်ယူစစ်ဆေးမှုတွင် ပါဝင်ခဲ့သူ
ဦးအောင်နိုင်ဝင်းက ပြောကြားသည်။
အဆိုပါ ဆန္ဒဖော်ထုတ်သူ လေးဦးကို သြဂုတ်လ ၃ရက်နေ့ ညနေ ၄နာရီခန့်က
ယင်းရဲတပ်ဖွဲ့စခန်းက ခေါ်ယူခဲ့ပြီး ည ၁၂ရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း၊
အဆိုပါလေးဦးကို ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် ထပ်မံခေါ်ထားကြောင်း၊
ယင်းခေါ်ယူ စစ်ဆေးမှုတွင် ဦးအောင်နိုင်ထွန်း အပါအ၀င် ဦးဝင်းခန့်၊
ဦးအောင်ကျော်ကျော်၊ ဦးမျိုးမင်းစိုး တို့ပါဝင်ကြောင်း ၄င်းက ဆိုသည်။
“ရဲစခန်းက ခေါ်ပေမယ့် အေးအေးဆဲဆဲပဲ။ ဒီနေ့တော့ ဘာပြောမလဲ မသိဘူး“ ဟု ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။
နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲရင့် ပြတ်သားစွာ
ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီးပြောကြားသော
ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား
ကန့်ကွတ်ရှုတ်ချသော အနေနှင့် ပြည်သူ ၂၀ခန့် UNHCR ရုံးရှေ့တွင် သြဂုတ်လ
၃ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ရခိုင်တိုင်းရင်းသားများ UNHCR ရုံးရှေ့တွင် ယနေ့ ဆန္ဒဖော်ထုတ်မည်
ရန်ကုန်၊ သြဂုတ် ၎
နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘောထားထုတ်ပြန်ချက် ထောက်ခံသော ရခိုင်တိုင်းရင်းသားများ အပါအ၀င် ပြည်သူ ၂၀၀ကျော် ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ယနေ့ ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
“မောင်တောမှာ ဆန္ဒဖော်ထုတ်သလို ဆန္ဒဖော်ထုတ်မှာပါ“ ဟု ၄င်းက ဆိုသည်။
ယင်းဆန္ဒဖော်ထုတ်မှုတွင် ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများ အပါအ၀င် နိုင်ငံတော် သမ္မတကြီး၏ သဘောထား ထုတ် ပြန်ချက်ကို ထောက်ခံသော ပြည်သူ စုစုပေါင်း၂၀၀ကျော် ပါဝင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက် ကိုလေးစားရန်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန်၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို လေးစားရန်၊ မျှမျှတတ ဆက်ဆံရန်ဟူသော တောင်းဆိုချက်များ ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒဖော် ထုတ်မည်ဖြစ်ပြီး ယင်းဆန္ဒ ဖော်ထုတ်မည့် အချိန်အတိအကျကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တော်မြို့တွင် ဇူလိုင်လ ၃၁ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားကို ရခိုင်တိုင်းရင်းသားများ ၅၀၀ခန့် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘောထားထုတ်ပြန်ချက်ကို ထောက်ခံသော အနေနှင့် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သူ လေးဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့စခန်းက ခေါ်ယူစစ်ဆေးမှုတွင် ပါဝင်ခဲ့သူ ဦးအောင်နိုင်ဝင်းက ပြောကြားသည်။
အဆိုပါ ဆန္ဒဖော်ထုတ်သူ လေးဦးကို သြဂုတ်လ ၃ရက်နေ့ ညနေ ၄နာရီခန့်က ယင်းရဲတပ်ဖွဲ့စခန်းက ခေါ်ယူခဲ့ပြီး ည ၁၂ရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း၊ အဆိုပါလေးဦးကို ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် ထပ်မံခေါ်ထားကြောင်း၊ ယင်းခေါ်ယူ စစ်ဆေးမှုတွင် ဦးအောင်နိုင်ထွန်း အပါအ၀င် ဦးဝင်းခန့်၊ ဦးအောင်ကျော်ကျော်၊ ဦးမျိုးမင်းစိုး တို့ပါဝင်ကြောင်း ၄င်းက ဆိုသည်။

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲရင့် ပြတ်သားစွာ ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား ကန့်ကွတ်ရှုတ်ချသော အနေနှင့် ပြည်သူ ၂၀ခန့် UNHCR ရုံးရှေ့တွင် သြဂုတ်လ ၃ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

No comments:
Post a Comment