Tuesday, January 24, 2012

ငြိမ်းချမ်းတဲ့ခေါင်းလောင်းထိုးတော့မည်






နိုင်/ကျဉ်းအကျဉ်းသားကိုသက်နွယ်
(ခ)ငြိမ်းလူဈာပန။

ငြိမ်းချမ်းတဲ့ခေါင်းလောင်းထိုးတော့မည်

ကျန်ရှိတဲ့နိုင်/ကျဉ်းသား
ခုထိမလွှတ်သေးပါလား။
ကြိုက်ဈေးမရသေးလို့
မလွှတ်ပေးတာလား။

ယတြာမင်းလောင်း
အနေကောင်းအောင်
အကြောင်းလျှော်အောင်တောင့်ထား
အလောင်းပေါ်အောင်စောင့်စားနေတာလား။

ဖျားနာနေတာ ဆေးမပေး
စားသာနေရှာတဲ့ ထောင်ဝန်ထမ်းကလေး
သူတို့ကိုကျွေးမှ အခွင့်ရေးရ
မလွှတ်သေးသမျှ ညှဉ်းဆဲကြ
ခံနေရှာရတဲ့အကျဉ်းသားဘ၀။




ဟောကြည့်…..
အလောင်းတွေပေါ်
အကြောင်းတွေမလျှော်တောင်
ထောင်းချေပြီးစော်ချင်သေးလို့လား။

အချိန်နဲ့ ဒီရေ လူတွေကိုမစောင့်ပါ
ရောဂါရနေသူများ
နာရီစက္ကန့်မခြား
မရဏဈာန်ကြွသွားနိုင်တယ်။

လွတ်မဲ့လွတ် ခုချက်ချင်းလွှတ်
ခွပ်ဒေါင်းတကောင်သေရင်
မကြေတဲ့ခွပ်ဒေါင်း ကိန်းဂဏန်း
သိန်းသန်းမက ခွပ်ကြမည်။

သိန်းသန်းသောခွပ်ဒေါင်း ပေါင်းပြီး
ငြိမ်းချမ်းသောခေါင်းလောင်းထိုးတော့မည်။

ကိုကိုအောင်(ခ)တက္ကသိုလ်ဘုန်းကြွယ်

No comments: