ကျန်ရှိတဲ့နိုင်/ကျဉ်းသား
ခုထိမလွှတ်သေးပါလား။
ကြိုက်ဈေးမရသေးလို့
မလွှတ်ပေးတာလား။
ယတြာမင်းလောင်း
အနေကောင်းအောင်
အကြောင်းလျှော်အောင်တောင့်ထား
အလောင်းပေါ်အောင်စောင့်စားနေတာလား။
ဖျားနာနေတာ ဆေးမပေး
စားသာနေရှာတဲ့ ထောင်ဝန်ထမ်းကလေး
သူတို့ကိုကျွေးမှ အခွင့်ရေးရ
မလွှတ်သေးသမျှ ညှဉ်းဆဲကြ
ခံနေရှာရတဲ့အကျဉ်းသားဘ၀။
ဒေါ်စုလွှတ်တုန်းက နိုဝင်ဘာဆယ့်သုံးဗျ
မင်းကိုနိုင်လွှတ်တော့လဲ ဇန္န၀ါရီ ၁၃ပဲ
၁၃-ဂဏန်း ဆွတ်ယူကာလှမ်း
ဘယ်ယတြာကျမ်း နဲ့ ဘာကိန်းဂဏန်း
ယော်ရမ်းပြီးလွှတ်နေတာလဲ
စိတ်ထဲငုံငုတ် နှလုံးပုပ်
ထုံးသုတ်လို့ကူ မဖြူနိုင်ပါ။
ဖေဖေါ်ဝါရီ-၁၃ ယတြာသုံး
အဆုံးမခံနိုင်တော့ပါ လွှတ် လွှတ် လွှတ် ခုချက်ချင်းလွှတ်။
ကိုကိုအောင်(ခ)တက္ကသိုလ်ဘုန်းးကြွယ် ၁-၂၂-၂၀၁၂
No comments:
Post a Comment