်
မိးစတဖက် ရေမှုတ်တဖက်
စဉ်းစားရခက်အောင်
ထိုးထွက်လာတဲ့ပေါ်လစီ
ကြည်လင်တဲ့မိုးကောင်းကင်
တိမ်မင်တိမ်တောင်တွေတက်
မည်းနက်တဲ့ စစ်အမှောင်
ညစ်အောင်ပင်ဖုံးကာဆောင်
သာသနာရောင်ပင်ညှိုးနွမ်း
ဆိုးသွမ်းတဲ့မူရုပ်
လူအဟုတ်ပင်မပေါ်တော့
လူလျှော်တွေ ကြိုးကိုင်
ဆိုးနိုင်သမျှဆိုးကြ
သံဃာ့မဟာယနကတွေကလဲ
မျက်နှာလွှဲ အမိုက်မဲလုပ်
မဟုတ်မတရား သိရက်သားနဲ့
စိတ်ထားညံ့ဖျင်း တင်းမာခြင်းဖြင့်
အတင်းနှင်းကာ ရွှေည၀ါဆရာတော်ကို
မတော်မလျှောမိန့်ကြားထား
တစ်လအတွင်းဆင်းသွားရမတဲ့လေ။
ရှေ့လျှောက်မဲ့လမ်း သာသနာ့လမ်းသည်
ကြမ်းတမ်းခက်ထန် အမှန်ကိုမဟော
အမှန်ကိုမပြောနဲ့ လူတောပုံလယ်
ရှောင်ဖယ်ဖယ်နဲ့ အပါယ်ဘုံခန်း
ငရဲလမ်းသာ လှမ်းကြပါလို့
လက်တို့လက်သိမ်း ဟောရမဲ့ကိန်း။
ကိုကိုအောင်(ခေါ်)တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၁၉ ၂၀၁၂
No comments:
Post a Comment