Thursday, January 19, 2012

ရှေ့ ကြည့်၊ နောက်သတိ



·          ချဉ်ခြင်းတက်မှုတွေကို
ဆင်ခြင်ခြင်းအသိတရားနဲ့ 
နာကျင်ရှတစွာ အရည်ဖျော်ချလိုက်တယ်။
·          ကရိယာမပါတဲ့
နိယာမတွေနဲ့ 
လမ်းစမှန်ရှာဖွေ
လူထုနဲ့ ရပ်မယ့်
သံလိုက်အိမ်မြောင်လိုတယ်။
·          အဆင့်ဆင့်ပြောင်းလဲခြင်း
အီဗောလူရှင်း (evolution) ဆိုတာ
ဘာသာဗေဒစကားအရ
ရီဗောလူးရှင်း (revolution) ဆိုတာနဲ့ ကွဲပြား
လွဲမှားတဲ့ ၀ိရောဓိနဲ့ 
သံသယသတိ သောင်ထွန်းတယ်။
·          ဂျင်းရှပ်(Jim Sharp) နဲ့ 
ထမင်းငတ်ခဲ့တာလည်း
ရက်လရာသီကြာငြောင်း
သက်လုံကောင်းအောင်ကြိုးစားရင်း
မဟားတရားဖိနှိပ်မှုတွေကြားမှာ
အနေအစားမချောင်လိုက်တဲ့ဖြစ်ခြင်း
အသက်ရှုသံပြင်းပြင်းနဲ့ 
မြစ်တမြစ်
သူ့ ရေစီးသံနဲ့  သူစီးဆင်းတယ်။
·          တောင်းပွဲ တိုက်ပွဲအကြား
ကြေမွသွားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ
ဖျာစုပ်တချပ်
ဂုံနီတထည်
ဂန်ဖလားတအိုး
ပိုင်ဆိုင်မှုတွေ ထပ်တိုးလာမှာစိုးတယ်။
·          ဒုက္ခဥယျာဉ်တွေဝေဖြာနေတဲ့မြေ
အကြောက်တရားနဲ့ ဖောက်ပြားနေတဲ့ဒေသမှာ
ဖါးတွေမိုးခေါ်ကြ
ပုဇဉ်းရင်ကွဲတွေအော်မြည်ရင်းနဲ့ သေကြ
အရေထူနေတဲ့တိုက်ဆင်တွေကတော့
သူပုန်ခြေလှမ်းတွေနဲ့ မကြောက်မရွံ့ ချွန်းဖွင့်ကြတယ်။
·          အရိပ်ပြ အကောင်ထင်
ရင်ဘတ်နဲ့ ထင်ဟပ်တဲ့
သစ္စာတရားရဲ့ တော်လှန်သံတွေ
လက်ဖြန့် ဒူးကွေး မညွှတ်နွဲ့ ရေးအတွက် တပ်လှန့် နေတယ်။  
ဧရာ
၁၈၊၁၊၂၀၁၂

No comments: