စစ်မီးကလောင် ပစ္စည်းကပြောင်
တောင်တောင်မြောက်မြောက်
ရောက်ချင်ရာရောက်သွား
ပေါက်ချင်ရာပေါက်သွားတဲ့
တိုင်းရင်းသားလူမျိုးများ
တိုင်းပြည်ရဲ့ရတနာများကို
ကြင်နာသဒ္ဓါပွားပြီး
အမြန်ပြန်ခေါ်ပါလား။
တောင်းစုတ်ပလောင်းစုတ်သာ
ပစ်ထုတ်ရိုးထုံးစံရှိတယ်
သားဆိုးသမီးဆိုးများကို
ပစ်ရိုးထုံးစံမရှိ….တဲ့။
ကိုယ့်ရင်သွေးကို ပထွေးခေါ်မပေးနဲ့
ကိုယ့်အမေကိုကျော်
ဒွေးတော်သွားမလွမ်းစေနဲ့
ကိုယ်ထမ်းရမဲ့တာဝန်
နယ်ကျွံပြီ သူများပေးမထမ်းနဲ့
နယ်လွန်ကျွမ်းသွားတဲ့ သားသမီး
အမြန်ပြန်စုစည်း ဖြစ်ပြီးတာတွေမေ့
လက်တွေ့ကျကျ အကွက်ချပြီး
လုပ်ရမဲ့တာဝန် ကျေပွန်ပါစေ
ပြည်ထူထောင်ရေး ဦးစားပေး၍
စုဝေးညီညာ လုပ်ကြပါ
ညီညာပါမှ ပြည်သာလှမည်
ပြည်သာမှကွယ် ကမ္ဘာ့အလယ်
တကယ် တင့်တယ်ပါတော့မယ်။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) (၀ါ)
တက္ကသိုလ်ဘုန်းကြွယ် (၀၁-၁၆-၂၀၁၂)
No comments:
Post a Comment